ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ မိန်းမကလေးရဲ့  အချက်များ - ၂

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ မိန်းမကလေးရဲ့  အချက်များ - ၂

အဆင်မပြေသေးတဲ့ဘဝမို့ ရုန်းကန်နေရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နွေးထွေးမှုမပေးကြောင်နာမှုမရှိလို့ကျောခိုင်းသွားရင်အပြစ်မတင်ပါနဲ့ ။

သူနေတတ်သွားအောင်အချိန်တွေကြာကြာပစ်ထားခဲ့တာ ဘယ်သူလဲ ???  

 

သူပြောင်းလဲသွားတဲ့အေးစက်စက်ဆက်ဆံရေးအဖြစ် ဘယ်သူဖန်တီးထားခဲ့တာလဲ ???

 

သူကျောခိုင်းသွားအောင်တွန်းပို့ခဲ့တာ ဘယ်သူလဲ ???

 

မိန်းမဆိုတာ နူးညံ့သိမ်မွေ့ ခြင်းကို လက်ကိုင်ထားတတ်တဲ့အမျိုးပါ။

 

အတော်လေးသည်းခံစွမ်းရှိတဲ့မိန်းမတွေသာ ယောက်ျားတစ်ယောက်ရဲ့ဥပက္ခာ ဒဏ်ကိုရင်စည်းခံလိမ့်မယ်။

 

ခံနိုင်ရည်မရှိတဲ့မိန်းမတစ်ယောက်ဟာ ဘယ်လောက်ထိ ချစ်တဲ့သူဖြစ်ပါစေ ဥပက္ခာရဲ့အဝေးဆုံးအရပ်ကိုထွက်သွား ပါလိမ့်မယ်။ ဒါဟာ သစ္စာမဲ့ခြင်း မဟုတ်ပါဘူး။

 

မိန်းမတိုင်းမှာ တူညီတဲ့အချက်က နာမည်ပျက်ခံပြီး ယောက်ျားတစ်ယောက်ကိုမပတ်သက်ဘူး။

 

ချစ်ခြင်းတရားမှာ ထုတ်ပြောတတ်တာနဲ့ မပြောတာပဲ ရှိတယ်ယောက်ျားတွေထက်ပိုပါတယ်။

 

မိန်းမသားတွေဟာ အချစ်တွက်နဲ့ ပိုပြီးမိုက်ရူးရဲ ဆန်ရဲသလို ပိုပြီးလည်း ပြတ်သားတတ်ပါတယ်။

 

ဒါကြောင့်မိမိအမှန်တကယ်တန်ဖိုးထားတဲ့ချစ်သူအပေါ် ဥပက္ခာပြုခြင်းကိုမကြာခဏ မလုပ်ပါနဲ့။

 

ဘယ်လောက်အလုပ်များနေပါစေ ဖုန်းတစ်မိနစ်စာလောက် အချိန်ပေးနိုင်အောင်ကြိုးစားပါ။

 

ဘယ်လောက်အဆင်မပြေဖြစ်နေပါစေ ညည်းညူခြင်းနဲ့ စိတ်ဒုက္ခမဖြစ်စေပဲ ဂရုတစိုက်ကြင်နာပြခြင်းနဲ့  ကြာရှည်စေတဲ့ချစ်ခြင်းကိုရယူပါ။

 


ကိုယ်ပိုင်အစွမ်းအစရှိတဲ့မိန်းမတွေဟာ ယောက်ျားတစ်ယောက်ကို သေလောက်အောင်ချစ်ရင်တောင်ဥပက္ခာပြုတာ များလာရင်အချိန်မရွေး ကျောခိုင်းရဲ တတ်ကြတယ်။

 

မှီခိုအားထားဖို့ယောက်ျားတစ်ယောက်ကိုချစ်ခဲ့တာ မဟုတ်လို့ သူတို့ ပြတ်သားရင်နောက်လှည့်မကြည့်တော့ဘူး ဘာကိုမှလည်း ငဲ့ညှာလိမ့်မယ်မထင်ပါနဲ့တော့။

 

အချစ်ဆိုတဲ့အရာမှာ သာယာမနေတတ်ဘူး နွေးထွေးတဲ့ မေတ္တာတရားနဲ့ ဂရုစိုက်ကြင်နာမှုသာ သူတို့ရဲ့အလိုချင်ဆုံးသော ဆန္ဒတွေဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)
Tagged under