လမ်းခွဲပြီးနောက် လုံးဝမလုပ်သင့်တဲ့အရာများ

လမ်းခွဲပြီးနောက် လုံးဝမလုပ်သင့်တဲ့အရာများ

အတိတ်မှာနေထိုင်ခြင်း

သင်ကိုယ်တိုင် အသေအချာဆုံးဖြတ်ပြီး သူ့ကိုစွန့်လွှတ်ခဲ့ပြီးပြီ မဟုတ်ပါလား။ ဒါကြောင့် သူနဲ့အတူရှိခဲ့တဲ့အချိန်တွေ သွားခဲ့ဖူးတဲ့နေရာတွေ လုပ်ခဲ့ဖူးတဲ့အရာတွေ အားလုံးကို မေ့ပစ်လိုက်ပါ။ သူရှိခဲ့တဲ့ အတိတ်ထဲကနေ ကြိုးစားပြီးရုန်းထွက်ပစ်လိုက်ပါ။

 


သူငယ်ချင်း ဆက်မလုပ်ပါနဲ့

 

ရည်စားဟောင်းနဲ့ ပြတ်သွားပြီးတဲ့အခါ သူငယ်ချင်းအဖြစ်ဆက်နေနိုင်တယ်ဆိုတာဟာ ရုပ်ရှင်ထဲမှာပဲ ရှိတာပါ။ တကယ်တော့ ရည်းစားဟောင်းကို သူငယ်ချင်းအဖြစ် ဆက်နေတယ်ဆိုတာဟာ တကယ်ကိုဆိုးရွားပြီး ခံစားရခက်တဲ့ အရာတစ်ခုပါ။

 

ဒီလိုသာဆက်လုပ်နေရင် သင်ရောသူပါ နှစ်ယောက်စလုံး စိတ်ဒဏ်ရာတွေ နာကျင်မှုတွေ ပိုမိုများပြားလာပါလိမ့်မယ်။ ဒါကြောင့် သူနဲ့ အတတ်နိုင်ဆုံး အဆက်အသွယ်ဖြတ်လိုက်ပါ။

 


သူပြန်လာဖို့ မျှော်လင့်မနေပါနဲ့

 

ပြတ်သွားတဲ့ ရည်းစားဟောင်းကို ပြန်လာလိမ့်မယ်လို့ မျှော်လင့်နေသူဟာ ကြေကွဲသွားတဲ့ ဖန်ခွက်တစ်ခွက်ကို ပြန်ဆက်ချင်နေသူတစ်ယောက်လိုပါပဲ။ သူဟာ သင့်ကိုမချစ်လို့ ထားသွားတာပါ။

 

ဒါကြောင့် စိတ်အပင်ပန်းခံပြီး သူပြန်လာမှာကို စောင့်မျှော်မနေပါနဲ့။ သင့်မှာအချိန်တွေ အများကြီးကျန်ပါသေးတယ်။ နောက်ထပ် ချစ်သူအသစ်တစ်ယောက်ထပ်ရှာပါ။

 


အလွမ်းသီချင်းတွေကို နားမထောင်ပါနဲ့

 

သင်ဟာ နဂိုကတည်းက ရည်းစားနဲ့ပြတ်သွားလို့ စိတ်ညစ်နေတဲ့သူပါ။ ဒါကြောင့် ဒီထက်ပိုပြီး စိတ်ပျက်စရာကောင်းတဲ့ သီချင်းတွေနားထောင်တာ ရုပ်ရှင်တွေကြည့်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

 

အဲဒီလို သီချင်းတွေ ရုပ်ရှင်တွေကို ကြည့်ရှုနားထောင်ခံစားနေပါက အခန့်မသင့်ရင် စိတ်ကျရောဂါ ရသွားနိုင်ပါတယ်။

 

 


ပုံပန်းသွင်ပြင်ပြောင်းလဲခြင်းကို ရှောင်ကြဉ်ပါ

 

လူငယ်အများစုဟာ သူတို့ရဲ့ချစ်သူတွေနဲ့ လမ်းခွဲပြီးတဲ့အခါမှာ ဆံပင် Shave လုပ်ခြင်း၊ နှာခေါင်း/နား/ ချက်ဖောက်ခြင်းနဲ့ တက်တူထိုးခြင်း စတဲ့ အရာတွေကို စိတ်လိုက်မာန်ပါ ပြုလုပ်တတ်မိတတ်ကြပါတယ်။

 

ဒါတွေဟာ သင့်ဝမ်းနည်းမှုတွေ လွမ်းဆွတ်တမ်းတမှုတွေကို မချေဖျက်ပေးနိုင်ပါဘူး။ ၎င်းတို့ဟာ သင့်ခန္ဓာကိုယ်ပေါ်မှာ စွဲထင်ကျန်ရစ်စေခဲ့မယ့် အမှတ်တရဆိုးတွေ ဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ်။

 

သင့်အနေနဲ့ မကောင်းတဲ့ ခံစားချက်တွေကို မေ့ဖျောက်ပြီး ပျော်ပျော်နေဖို့ပဲ လိုအပ်ပါတယ်။

Read times Last modified on Friday, 07 December 2018 14:47
Rate this item
(1 Vote)
Tagged under