ဟန်းနီးမွန်းအတွက် ပြင်ဆင်ပြီဆိုရင်

ဟန်းနီးမွန်းအတွက် ပြင်ဆင်ပြီဆိုရင် google,com

ဟန်းနီးမွန်းထွက်ဖို့ ပြင်ဆင်နေပြီဆိုရင်တော့ ခုပြောပြပေးတဲ့ အချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားပါနော်။

 

 

မင်္ဂလာပွဲအပြီးမှာ အေးအေးဆေးဆေးအနားယူဖို့ ဟန်းနီးမွန်း ထွက်ကြတယ်မလား။ ဟန်းနီးမွန်းထွက်တယ်ဆိုတာ အပန်းပြေဖို့ သွားတာ ဖြစ်တဲ့အတွက် နှစ်ယောက်စလုံး စိတ်အေးလက်အေး ပူပင်စရာတွေမရှိဘဲ သွားဖို့လိုပါတယ်။ ဒီအတွက်လည်း ကြိုတင်ပြင်ဆင်ထားရမှာပါ။ ဘာတွေပြင်ဆင်ရမလဲဆိုတာ ဖတ်ကြည့်ပေးဦးနော်။

 

ဟန်းနီးမွန်းကို ဘယ်အချိန်သွားမလဲဆိုတာလည်း ကြိုတင်တွေးတောရမယ့် ကိစ္စပါပဲနော်။ ဟန်းနီးမွန်းကို မင်္ဂလာဆောင်ပြီးပြီးချင်း မသွားတဲ့သူလည်း ရှိပါတယ်နော်။ မင်္ဂလာပွဲပြီးပြီးချင်း ခရီးတန်းထွက်တာမျိုးဆို ပင်ပန်းနိုင်တာကြောင့် ပွဲနဲ့ ခရီးသွားမယ့်ရက်ကို ခွာထားပါ။ ကြိုတင်စီစဉ်တဲ့အခါမှာ အနည်းဆုံး () ရက်လောက် ခွာထားပါနော်။ ဒါမှ အေးအေးဆေးဆေး ပျားရည်ဆမ်းလို့ ရမှာပါ။

 

ဟန်းနီးမွန်းအတွက် ပြင်ဆင်တဲ့အခါမှာ ဒီအချက်က အဓိကကျပါတယ်။ စိတ်ကူးထဲက ပျားရည်ဆမ်းကာလလေးကို ဖော်ဆောင်နိုင်ဖို့ ကုန်ကျစရိတ်ကိုလည်း တွက်ချက်ဖို့ လိုပါတယ်နော်။ ကုန်ကျစရိတ်တွက်တဲ့အခါမှာ ခရီးစဉ်ရဲ့ ကုန်ကျစရိတ်တင်မဟုတ်ဘဲ ခရီးအတွက် လိုအပ်တာတွေ ဝယ်မယ့် ကုန်ကျစရိတ်ကိုပါ ထည့်သွင်းတွက်ချက်ပါနော်။

 

ဟန်းနီးမွန်းမှာ Romantic ဆန်ဆန် ဖြတ်သန်းနိုင်ဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ ရှိဖို့ လိုတယ်နော်။ Surprise ဖြစ်စေမယ့် လက်ဆောင်သေးသေးလေးတွေ လက်တွဲဖော် မသိအောင် ဝယ်သွားပါနော်။ ခရီးသွားမယ့်နေရာမှာ Romantic ဖြစ်စေမယ့် ညစာလေး စားဖြစ်အောင် ကြိုတင်စီစဉ်ထားပါ။ နောက်တစ်ခုကတော့ ကမ်းခြေဆိုရင် နှစ်ယောက်တည်း မီးရှူးမီးပန်း ဖောက်တာမျိုး လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြီး စီစဉ်သွားပါနော်။ ဒါတွေက ဘဝရဲ့ အမှတ်တရပါပဲ။

 

ဟန်းနီးမွန်းက နှစ်ယောက်စလုံး မရောက်ဖူးတဲ့နေရာကို သွားမယ်ဆိုရင် အစစအရာရာ အဆင်ပြေဖို့ Review တွေ များများဖတ်ပါ။ လမ်းကြောင်းတွေသိအောင် ကြိုတင်ပြင်ဆင်ထားပါ။ နောက်တစ်ခုကတော့ ဝန်ဆောင်မှုပေးတဲ့နေရာတွေနဲ့ သေချာချိတ်ဆက်ပါ။ ဥပမာ-ဟိုတယ်။ ဒီလိုမျိုး စီစဉ်ထားမှ ဟိုမှာ အဆင်ပြေမှာပါ။

 

ဟန်းနီးမွန်းဆိုတာ နှစ်ယောက်အတူတူ သက်ဆုံးတိုင် အတူတူ နေမယ်လို့ ဆုံးဖြတ်ပြီးနောက် ပထမဆုံး နှစ်ယောက်အတူတူ ထွက်တဲ့ ခရီးစဉ်ပါ။ ဒီလို ပျားရည်ဆမ်းကာလမှာ ပျားသကာလို ချိုနေဖို့ဆိုရင် နှစ်ယောက်စလုံး စိတ်ဆိုးစရာတွေနဲ့ စကားနာထိုးတာတွေ မလုပ်ဖို့ ကိုယ့်စိတ်ကို ကိုယ်တိုင်ကြိုတင်ပြင်ဆင်သွားပါနော်။ ဒါမှ ရန်မဖြစ်မှာပါ။

 

ဟန်းနီးမွန်းထွက်ဖို့ ပြင်ဆင်နေပြီဆိုရင်တော့ ခုပြောပြပေးတဲ့ အချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားပေးပါနော်။

 

 

Credit;Marry

Read times Last modified on Tuesday, 11 December 2018 13:46
Rate this item
(1 Vote)