မိန်းကလေးများနှစ်သက်လေ့ရှိတဲ့ ယောကျာ်းလေးအမျိုးအစား (၅) မျိုး

မိန်းကလေးများနှစ်သက်လေ့ရှိတဲ့ ယောကျာ်းလေးအမျိုးအစား (၅) မျိုး google.com

လူများဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ဒါပေမဲ့ တစ်ချို့သောယောကျာ်းလေးတွေက မိန်းကလေးများကို အလွယ်တကူဆွဲဆောင်နိုင်ကြပါတယ်။

တစ်ချို့ ယောင်္ကျားလေးတွေကျတော့လည်း မိန်းကလေးများကို ဆွဲဆောင်နိုင်စွမ်းမရှိကြပါဘူး။ဒါဟာ လူချင်းတူနေပေမဲ့ မိန်းကလေးအများစု နှစ်သက်တဲ့ပုံစံတွေမရှိလို့ ဖြစ်နိုင်ပါတယ်။ မိန်းကလေးများကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးများနဲ့ မိန်းကလေးများကို မဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးများအကြား ဘာကွာခြားနေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ဒီလို ကိုယ်ပိုင်ပုံစံတွေကို ကူးချလို့မရပါဘူး။ ဒီကိုယ်ပိုင်ပုံစံတွေဟာ ကိုယ်ပိုင်ပုံစံသာဖြစ်ပြီး မိန်းကလေးတွေကလည်း ပုံစံတုနဲ့ ပြောဆိုဆက်ဆံတဲ့ သူတွေကို အလွယ်တကူ အကဲခတ်နိုင်ကြပါတယ်။

 

 

() စိတ်ကူးယဉ်ဆန်လွန်းတက်သော ယောင်္ကျားလေးများ

 

စိတ်ကူးယဉ်ဆန်တဲ့ ယောင်္ကျားလေးဆိုတာ မိန်းကလေးတစ်ယောက်ကို ပန်းတွေသွားပေးတတ်သူ၊မွေးနေ့လက်ဆောင်လေးတွေ ပို့ပေးတတ်သူဖြစ်ပြီး စိတ်ကူးယဉ်ဆန်ဆန် ပိုးပန်းတတ်တဲ့သူကို တည်တည်တံ့တံ့နေကြတဲ့ ယောင်္ကျားလေးတွေထက် မိန်းကလေးများက ပိုနှစ်သက်ကြပါတယ်။

 

 

() ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ

 

ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများဟာ မိမိကိုကိုယ်ကို အပြည့်အဝယုံကြည်စိတ်ချမှုရှိပြီး စကားပြောရာမှာလည်း ရဲရဲရင့်ရင့် ပြောတတ်ကြပါတယ်။ Relationships တစ်ခုမှာဆိုလည်း မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးဟာ မိမိချစ်သူရဲ့ သူငယ်ချင်းများနဲ့ပါတ်သတ်ပြီး ဘယ်တော့မှ သဝန်မတိုတတ်သူလည်း ဖြစ်ပါတယ်။မိမိကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ယောင်္ကျားလေးဟာ မိန်းကလေးဆီမှာ အတည်ပြုထောက်ခံချက်ကို တောင်းခံလေ့မရှိဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုဆက်ဆံတတ်တဲ့အတွက် မိန်းကလေးများက ပို၍နှစ်သက်ကြတာ ဖြစ်ပါတယ်။

 

 

() ကြင်နာတတ်တဲ့ယောက်ျား

 

မိန်းကလေးတစ်ယောက်ကို အရင်ထိုင်စေတယ်၊ ညစာ စားရာမှာလည်း အရင်ထုတ်ရှင်းတတ်ပြီး မိန်းကလေးတစ်ယောက်ကို ထောက်ထားညှာတာတတ်တဲ့ ယောင်္ကျားလေးတစ်ယောက်ကို မိန်းကလေးများဟာ ယေဘုယျအားဖြင့် နှစ်သက်လေ့ရှိတတ်ကြပါတယ်။

 

 

() လွတ်လွတ်လပ်လပ် နေတတ်တဲ့ ယောင်္ကျားလေးမျိုး

 

လွတ်လွတ်လပ်လပ်နေတတ်တဲ့ ယောင်္ကျားလေးဆိုတာဟာ ရှင်းအောင်ပြောရရင်တော့ ပါတ်ဝန်းကျင်က လူဆိုးလို့သတ်မှတ်ထားကြတဲ့ ယောင်္ကျားလေးများဖြစ်ကြပါတယ်။ ဒီလို ယောင်္ကျားလေးအများစုကို ငယ်ရွယ်သေးတဲ့ မိန်းကလေးများက နှစ်သက်ကြလေ့ရှိကြပါတယ်။ မိန်းကလေးငယ်ငယ်လေးတွေဟာ ဒီလိုလွတ်လွတ်လပ်လပ်နေတဲ့ ယောင်္ကျားလေးတွေကို နှစ်သက်ကြပြီး ဒီယောင်္ကျားလေးကို နိုင်နင်းအောင်ကိုင်တွယ်လိုကြပါတယ်။ မိန်းကလေးအများစုက သူကိုကြည့်ပါလား ငါ့နဲ့တွေ့မှ ငြိမ်သွားတာ ဆိုတာမျိုးကို အရသာခံပြောလိုကြပြီး ဆပ်ကပ်ဆရာက အဆိုးဆုံးကျားကို ယဉ်ပါးအောင်ထိန်းကျောင်းလိုတဲ့ သဘာဝနဲ့ဆင်ပါတယ်။

 

 

() ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ယောင်္ကျားလေး

 

ဒီလိုယောင်္ကျားလေးများဟာ ရှိနေတဲ့လူအုပ်ကို ပွဲကျအောင်လုပ်နိုင်တတ်တဲ့ သူဖြစ်ပြီး အနီးအပါးကသူတွေကို ပျော်ရွှင်စေတဲ့ သူမျိုးဖြစ်ပါတယ်။ လူတိုင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ထောင်နိုင်တဲ့ လူမျိုးဖြစ်ပြီး လိမ္မာပါးနပ်တဲ့ သူမျိုးတွေလည်း ဖြစ်ပါတယ်။ဒီလိုယောင်္ကျားလေးမျိုးရဲ့ ဆွဲဆောင်မှုတစ်ခုဟာ သူနဲ့နေရတဲ့အချိန်များကို ရယ်မောအောင် လုပ်နိုင်ခြင်းဖြစ်ပါတယ်။

 

 

Credit;Shwemom

Read times Last modified on Wednesday, 12 December 2018 11:12
Rate this item
(1 Vote)