ကိုယ့်ကိုဖြတ်သွားတဲ့ ရည်းစားကို ပြဿနာရှာမလား၊ ထိုင်ဖီးလ်မလား

ကိုယ့်ကိုဖြတ်သွားတဲ့ ရည်းစားကို ပြဿနာရှာမလား၊ ထိုင်ဖီးလ်မလား google

ချစ်ရေးချစ်ရာ ကိစ္စတွေထဲမှာ ခံရအခက်ဆုံးကတော့ ကိုယ်က ချစ်နေရဲ့သားနဲ့ အဖြတ်ခံလိုက်ရတာလည်း တစ်ခုအပါအဝင်ပါပဲ။

 

အဲ့ဒီလိုအချိန်မျိုးမှာဆိုရင် စိတ်ကလည်း ပုံမှန်မဟုတ်တော့ဘူး။ အမှားတွေ လုပ်မိတတ်တော့ ဘယ်လိုတွေ နေကြမလဲ?

 

 

() ပြဿနာရှာမယ်

 

သူတွဲနေတဲ့ နောက်ရည်းစားကို လိုက်ပြီး နှောင့်ယှက်မယ်။ အွန်လိုင်းပေါ်ကနေ မထိတထိတွေရေးမယ်။ ဖောင်းထုမယ်။ ဘာလို့လဲဆိုတော့ ကိုယ်ခံစားနေချိန် သူတို့ပျော်နေတာကို မကြည့်နိုင်ဘူးလေ။ နှစ်ယောက်ကြားထဲက ကိစ္စတွေကိုလည်း လူတွေသိအောင် အထုပ်ဖြေပြပြီး ဖေ့စ်ဘုတ်ပေါ် တင်လိုက်တော့တာပဲ။ ပြီးရင် screenshot တွေ ရိုက်ပြီးလည်း ပြဿနာရှာသေးတယ်။

 

 

() အဖီးလ်တစ်လိုင်း

 

ကိုယ်အသည်းကွဲတာကလည်း ကွဲတာပေါ့၊ ဒါပေမဲ့ သူ့ကိုလည်း စိတ်မညစ်စေချင်ဘူး။ တစ်ယောက်တည်း ချောင်မှာငိုတယ်။ သူ့သူငယ်ချင်းတွေ၊ ကိုယ့်သူငယ်ချင်းတွေဆီမှာ သွားပြီး ရင်ဖွင့်တယ်။ အစားအသောက်ပျက်တယ်၊ အိပ်မပျော်ဘူး။ တကယ့်ကို အဖီးလ်တစ်လိုင်းဖြစ်သွားတာ။ ကိုယ့်ဖေ့ဘုတ်ပေါ်မှာလည်း အသည်းကွဲတဲ့အကြောင်းနဲ့ လွမ်းနေကြောင်းကလွဲရင် တခြားပို့စ် မရှိသလောက်ပဲ။ အသည်းနုတတ်သူဆိုရင် ဒါမျိုးပဲလုပ်ကြတာ။

 

 

() လက်မလျှော့ဘူး

 

သူ့ဆီကို ဖုန်းတွေဆက်တယ်။ ဖုန်းမဆက်ရင် မက်ဆေ့ပို့တယ်။ သူရှိမယ့်နေရာကို ရောက်အောင်သွားတယ်။ ဘာလုပ်ရမလဲဆိုတဲ့ အခွင့်အရေးကို အမြဲတမ်းချောင်းနေတာ။ ဒါပေမဲ့ သူမှ မနေချင်တော့တဲ့ဟာ။ ကိုယ့်ကိုမချစ်လို့ ဖြတ်သွားတဲ့လူကို လိုက်ကပ်စရာ အကြောင်းမရှိဘူးလေ။

 

 

() တကယ်ဖြစ်သင့်တာက

 

မဒီကတော့ ညီမလေးတို့ကို အသည်းကွဲပြီး ဘဝလမ်းကြောင်းကို ထိခိုက်စေမယ့်အဖြစ်မျိုး မရောက်စေချင်ပါဘူး။ ကိုယ်က မိန်းကလေးဆိုတော့ ကိုယ့်ကိုယ်ကိုယ် ပိုတန်ဖိုးထားစေချင်ပါတယ်။ သူ့ကိုရွဲ့ပြီး တခြားလူနဲ့တွဲတာမျိုးကလည်း ပြဿနာဖြေရှင်းနည်းမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ။ ဘယ်နေရာတွေမှားနေသလဲဆိုတာကို အသိမိတ်ဆွေတွေဆီက feedback တောင်းပါ။ ပြင်သင့်တာပြင်ပြီးရင် လှလှပပလေး နေပြီး ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်စေချင်ပါတယ်။

 

 

Credit;Duwun

Read times Last modified on Friday, 11 January 2019 09:31
Rate this item
(0 votes)