ရည်းစားမထားခင် ကြိုတွေးထားသင့်သော အချက်(၅)ချက်

ရည်းစားမထားခင် ကြိုတွေးထားသင့်သော အချက်(၅)ချက် google

အရိုးဆွေးFAဖြစ်နေတုန်းက အကောင်း။ တစ်ယောက်ယောက်ကများ ယောင်ယမ်းပြီး ချစ်ခွင့်လာပန်ရင် ဇဝေဇဝါအိုးနင်းခွက်နင်းတွေကို ဖြစ်ကရောပဲ။

 

 

RSဘဝထဲကို ခုန်ဝင်ရတာလွယ်တဲ့ကိစ္စမှမဟုတ်တာလေ အခန့်မသင့်ရင် ရင်ကျိုးမယ်၊ အသည်းကွဲမယ်။ ဒီကိစ္စတွေကို ရှောင်ရှားနိုင်ဖို့အတွက် ရည်းစားထားမယ် ကြံတာနဲ့ ဒီလိုလေးတွေ တွေးထားဖို့လိုမယ်နော်ယောင်းတို့။

 

() ဘာကြောင့် ရည်းစားထားမှာလဲ

 

တချို့ကလည်း FAမလို့ အခေါ်မခံနိုင်တော့လို့၊ တချို့ကလည်း လူရှိန်အောင်လို့ စသဖြင့်အကြောင်းအမျိုးမျိုး ခေါင်းထဲ ပေါ်လာပါလိမ့်မယ်။ ဒါပေမဲ့ ရည်းစားထားတယ်ဆိုတာ ရိုလာကိုစတာစီးရင်း ရေခဲရေ လှမ်းပက်ခံရသလိုမျိုး ဆိုတာတော့ မြဲမြဲမှတ်ထားပါ။

 

() ဘယ်လိုလူမျိုးကို သဘောကျလဲ

 

အဆင်လေးက ချောလိုက်တာဆိုပြီး ဝုန်းခနဲ ကောက်ကာငင်ကာ တွဲတုန်းက အကောင်း၊ ဟိုက ဆိုက်ကိုဖြစ်နေမှ အိုးနင်းခွက်နင်းကို အသည်းကွဲမှာ။ ဒီတော့ ရည်းစားမထားခင် ကိုယ်ဘယ်လိုလူမျိုးကိုမှ လိုချင်တာဆိုတဲ့ စံနှုန်းတစ်ခုကို သတ်မှတ်ထားပါ။ ကိုယ့်ဘဝထဲ တစ်ယောက်ယောက်ဝင်လာတဲ့အခါ ဆုံးဖြတ်ချက်ချရ ပိုလွယ်ကူစေပါလိမ့်မယ်။

 

() ဖြစ်လာတဲ့ကတောက်ကဆတွေကို သည်းခံနိုင်မှာလား

 

ဖေ့ဘွတ်သုံးရင်း အဝိုင်းလည်ရင်တောင် အော်ပရေတာကို ထိုင်ဆဲနေပုံမျိုးဆိုရင်တော့ ရည်းစားထားဖို့ မစဉ်းစားပါနဲ့ဦး ဒီထက်ပိုဆိုးရွားတဲ့ စိတ်မရှည်စရာလေးတွေ၊ ကတောက်ကဆလေးတွေ ရှိလာဦးမှာမို့ ကိုယ့်ရဲ့သည်းခံနိုင်စွမ်းရည်ကို ကြိုတင်သုံးသပ်ထားပါ။

 

() ရင့်ကျက်နေပြီလား

 

ရည်းစားထားတာနဲ့ ရင့်ကျက်တာ ဘာဆိုင်လို့လဲ။ ဆိုင်တာပေါ့။ ယောင်းတို့ရဲ့ အသက်(၁၈)လောက်ကအတွေးအခေါ်နဲ့ အသက်(၂၀)ကျော် အတွေးအခေါ်ကြားမှာတောင် ကွာဟမှုတွေ အများကြီး ရှိနေတာ။ ငယ်တဲ့အရွယ်မှာ အချစ်နဲ့ ပတ်သက်ရင် ရင်ခုန်တာပဲ သိမယ်။ ဒါပေမဲ့ ရင့်ကျက်လာတဲ့အခါမှာတော့ ရင်ခုန်တာထက် ဖြစ်သင့်မဖြစ်သင့် တွေးတတ်လာမယ်။ ကိုယ့်ရဲ့အတွေးအခေါ်တွေ ရင့်ကျက်နေမှ ဖြစ်လာတဲ့ပြဿနာ၊ ကတောက်ကဆတွေအပေါ် ဖြစ်သလို ဆုံးမဖြတ်ဘဲ ဝေဖန်သုံးသပ်နိုင်မယ်။ အလကား အသည်းထိုင်မကွဲတတ်တော့ဘူး။ ဂိတ်ဆုံးပြောရရင် ရည်းစားထားသင့်မထားသင့်တောင် သင့်ရဲ့ရင့်ကျက်မှုက ဆုံးဖြတ်ပေးပါလိမ့်မယ်။

 

() ခွင့်လွှတ်တတ်ပြီလား

 

အချစ်နဲ့ ပတ်သက်လာရင် နှစ်ဖက်စလုံးက အနစ်နာခံသင့်ရင်ခံကြရစမြဲပါ။ ကလေးကလားတုန်းကလိုမျိုး နင့်ကိုငါမခေါ်တော့ဘူးလို့ လက်ညှိုးနဲ့ လက်ခလယ်ယှက်ပြီး လွယ်လွယ်နဲ့ ခွဲခဲ့လို့မရဘူးလေ။ ကိစ္စအသေးအမွှားတွေအတွက်တောင် တော်ရုံတန်ရုံကြေအေးမပေးနိုင်ဘူးဆိုရင်တော့ ရည်းစားမထားသေးတာကောင်းပါတယ်။

 

single ဘဝကို ငြီးငွေ့နေလို့ RS ထားမယ်ဆိုရင် ဒီအချက်တွေကို ကြိုတင်စဉ်းစားပြီး ပလန်ချထားမယ်ဆိုရင် အနာဂတ်မှာ အသည်း တဗြန်းဗြန်းကွဲခြင်းကနေ ကာကွယ်နိုင်ပါလိမ့်မယ်။

 

 

Credit;For Her Myanmar

Read times Last modified on Friday, 18 January 2019 09:39
Rate this item
(1 Vote)