ကိုယ့်ယောက်ျားနဲ့ ကြင်နာမှုတွေ နေ့တိုင်းရှိနေဖို့

ကိုယ့်ယောက်ျားနဲ့ ကြင်နာမှုတွေ နေ့တိုင်းရှိနေဖို့ google

အိမ်ထောင်ရှင်မလေးတို့ရေ အိမ်ထောင်ကျသွားလို့ ဟိုအရင်လို ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာခြင်းတွေ ထုတ်ဖော်ပြစရာမလိုတော့ဘူးလို့ တွေးနေမိလား။

အိမ်ထောင်ရေး ရေရှည်တည်မြဲပြီး စိတ်ချမ်းမြေ့စရာတွေ ကြုံချင်တယ်ဆိုရင်တော့ နေ့တိုင်း ချစ်ခင်မှုလေးတွေ ရှိနေဖို့ လိုပါတယ်။ ဒါမှ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နေမှာပါ။

 

() စကားပြောတဲ့အခါ

ချစ်သူဘဝတွေတုန်းက ကြင်ကြင်နာနာ ပြောခဲ့သလိုပဲ အိမ်ထောင်ကျပြီးတဲ့အခါမှာလည်း ကိုယ့်ယောကျာ်းပေါ်မှာ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံပါ။ အိပ်ရာဝင်ခါနီးရင် ချစ်တယ်၊ ကြိုက်တယ်၊ အရင်လိုပဲ ချစ်နေဆဲဖြစ်ကြောင်း ပြောပါ။ ကိုယ့်အနားမှာ ရှိနေပေးဖို့ ကျေးဇူးတင်ကြောင်း ပြောပြပေးဖို့ လိုပါတယ်နော်။

 

() အမှတ်တရနေ့တွေကို သတိရပါ

စုံတွဲလေးတွေ ဖြစ်စဉ်က အမှတ်တရနေ့တွေကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့သလိုပဲ အိမ်ထောင်ကျပြီးတဲ့အခါမှာလည်း အမှတ်တရနေ့တွေကို အတူတကွ ဖြတ်သန်းဖို့လိုပါတယ်။ မွေးနေ့၊ မင်္ဂလာနှစ်ပတ်နေ့တွေ မရောက်ခင်မှာလည်း အရင်နှစ်တွေက အဲဒီနေ့ရက်တွေမှာ ပျော်ရွှင်ခဲ့တာလေးတွေကို သတိတရ ပြန်ပြောပေးပါ။ ဒီလိုဆိုရင် ကိုယ့်ယောကျာ်းရဲ့ စိတ်ထဲမှာလည်း ဒီနှစ်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို အမှတ်တရအဖြစ် ဖြတ်သန်းချင်စိတ်တွေ ဖြစ်နေမှာပါ။

 

() အသေးအမွှားလေးတွေကအစ ဖြည့်ဆည်းပါ

အသေးအမွှားလေးတွေဆိုတာကတော့ နိစ္စဓူဝ လုပ်တဲ့အလုပ်တွေထဲကပေါ့။ နေ့တိုင်း သူ့အတွက် ဖြည့်ဆည်းပေးတာလေးတွေမျိုး လုပ်ပါ။ သူ စားချင်တယ်ပြောလို့ သူကြိုက်တာလေးတွေ ချက်ကျွေးတာ၊ အပြင်ကနေ သူကြိုက်တဲ့မုန့်ဝယ်လာပြီး သူ့အတွက် သီးသန့်ဖယ်ထားတမျိုးပေါ့။ အသေးအဖွဲလေးဆိုပေမယ့် ကိုယ့်ကို ဂရုစိုက်ရှာပါလားဆိုပြီး ပျော်နေမှာ သေချာပါတယ်။ ဒီလိုဆိုရင် နေ့တိုင်းအချစ်တွေ၊ အကြင်နာ တိုးနေမှာပါပဲနော်။

 

() ကူညီပါ

အိမ်ထောင်ဘက်ကို အလုပ်ကိစ္စ ဒါမှမဟုတ် လူမှုကိစ္စတွေမှာ ကူညီပေးပါ။ ရုံးအလုပ်တွေမို့ ကိုယ်နားမလည်လို့ ကူညီလို့ မရဘူးဆိုရင်တောင် သူ့ကို အရမ်းစိတ်ညစ်အောင် လုပ်တာမျိုး ရှောင်ပါ။ ဒါကလည်း ကူညီရာ ရောက်တာပဲလေနော်။ အလုပ်မှာ စိတ်ညစ်စရာတွေ ရှိလာရင်လည်း အဲဒိရက်တွေမှာ ဖေးမနှစ်သိမ့်တာမျိုး လုပ်ပေးပါ။ ဒီလိုမှ နေ့တိုင်း ထိတွေ့ကြင်နာမှုတွေ ရှိပြီး သာယာတဲ့ အိမ်ထောင်ရေး ဖြစ်မှာပါ။

 

() အပြင်သွားပါ

အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ မဟုတ်ဘဲ လင်မယားနှစ်ယောက်တည်း အပြင်သွားပါ။ အိမ်ထောင်ကျသွားတဲ့အခါမှာ အရင်ကထက် အလုပ်တွေပိုများလာနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် အချိန်မပေးတာမျိုးတော့ မဖြစ်သင့်ဘူးလေနော်။ နှစ်တွေ ဘယ်လောက်ကြာကြာ နှစ်ယောက်တည်း အတူတူရှိတဲ့အချိန်လေးတွေ ဖန်တီးပါ။

 

() သူ့ကို ကျေးဇူးတင်ကြောင်းပြောပါ

ကိုယ့်ယောကျာ်းကြောင့် ကိုယ်အဆင်ပြေတာ ရှိတဲ့အခါမှာ ကျေးဇူးတင်ကြောင်း ပြောပါ။ ကျေးဇူးတင်တယ်ဆိုတာမျိုး မဟုတ်ရင်တောင် ” တော်သေးတာပေါ့ ယောက်ျားရှိနေလို့” ဆိုတာမျိုးလေးတွေ ပြောပေးပါ။ ဒီလိုဆိုရင် ယောက်ျားကလည်း ပိုချစ်လာမှာ သေချာပါတယ်။

 

ကိုယ့်ယောကျာ်းနဲ့ နေ့တိုင်းကြင်ကြင်နာနာ ရှိနေဖို့ဆိုရင် ခုပြောပြထားတဲ့ အချက်လေးတွေ သေချာလေး ဆောင်ရွက်ပေးနော်။ ဒီလိုဆိုရင် အိမ်ထောင်သက်တွေဘယ်လောက်ကြာကြာ ချစ်ခြင်းမေတ္တာတွေ ဘယ်တော့မှ လျော့မှာ မဟုတ်ပါဘူး။

 

Credit;Marry

Read times Last modified on Friday, 18 January 2019 13:54
Rate this item
(1 Vote)