မင်္ဂလာပွဲလေးက တစ်ပတ်ပဲ လိုတော့တယ်ဆိုရင် ဘာတွေပြန်စစ်ရမလဲ

မင်္ဂလာပွဲလေးက တစ်ပတ်ပဲ လိုတော့တယ်ဆိုရင် ဘာတွေပြန်စစ်ရမလဲ google

မင်္ဂလာပွဲလေးအတွက် ပြင်ဆင်တဲ့အချိန်မှာ ပြင်ရဆင်ရတဲ့အရာတွေကို ထပ်ကာ ပြင်ဆင်ဖို့ အရေးကြီးပါတယ်နော်။ ပြင်ဆင်တာ များလေလေ လိုအပ်ချက် နည်းလေလေ ဖြစ်မှာမို့လို့ပါ။

အခုပြောပြပေးချင်တာကတော့ မင်္ဂလာပွဲလေးက တစ်ပတ်ပဲ လိုတော့တယ်ဆိုရင် ပြန်စစ်ရမယ့်အရာများ အကြောင်းပဲ ဖြစ်ပါတယ်။

 

ဝတ်စုံပြည့် တစ်ကြိမ် ပြန်ဝတ်ကြည့်ပါ

မင်္ဂလာပွဲ နီးတဲ့အချိန်မှာ သတို့သမီးလေးတို့ ဖြစ်တတ်တာကတော့ ပိန်သွားတာနဲ့ ဝလာတာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲ မတိုင်မီတုန်းကတော့ ကိုယ်တိုင်းနဲ့ ကွက်တိ ဖြစ်နေပေမယ့် မင်္ဂလာပွဲနီးလို့ တစ်ပတ်ပဲ လိုတော့တဲ့အချိန်မှ ပွနေတာတို့ ကျပ်နေတာတို့ ဖြစ်နေမှာ စိုးရိမ်ရပါတယ်။

 

ဖိနပ်ကိုလည်း သေချာအောင် ပြန်စီးပေးပါ

စီးတဲ့အချိန် ခဏလေးပဲ စီးကြည့်ပြီး ပြန်ချွတ်လိုက်တာမျိုး မဟုတ်ဘဲ တစ်နာရီ နှစ်နာရီ ကြာအောင် စီးကြည့်ပါ။ ဘာလို့ဆိုရင် မင်္ဂလာပွဲ တစ်လျောက်လုံး စီးရမှာ ဖြစ်တဲ့အတွက်အကြာကြီး စီးထားနိုင်ဖို့ကြိုကျင့်ထားရမှာပါ။

 

မင်္ဂလာလက်စွပ်လေးတွေကို သန့်ရှင်းရေး ပြန်လုပ်ပါ

မင်္ဂလာပွဲလေးရဲ့ အဓိက နေရာမှာ ပါဝင်မယ့် လက်စွပ်လေးတွေကိုလည်း ပြောင်လက်နေအောင် သေချာလေး ပြန်လုပ်ထားရမှာပါ။

 

မင်္ဂလာပွဲ ကျင်းပမယ့်နေရာအတွက် သေချာအောင် ပြန်စစ်ပါ

နေရာရယ်၊ အစားအသောက်ရယ်၊ လူစာရင်းရယ်၊ အချိန်ရယ်ကို မင်္ဂလာပွဲ ပြုလုပ်မယ့်နေရာကို ကိုယ်တိုင်သွားပြီး သေချာအောင်ပြန်စစ်ပါနော်။ တကယ်လို့ ပြင်ဆင်ထားတဲ့နေရာနဲ့ တကယ်လာတဲ့ဧည့်သည်တွေမလောက်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ ဆိုတာအတွက်လည်း ကြိုတင်ပြင်ဆင်ပါနော်။

 

မိတ်ကပ်ဆရာနဲ့ ဓါတ်ပုံဆရာကို ပြန်စစ်ပါ

မိတ်ကပ်ဆရာကို အချိန်မနောက်ကျရအောင် ပြန်ပြောတာနဲ့ ဓါတ်ပုံဆရာကို မင်္ဂလာအချိန်အကြောင်း ပြန်ပြီး သေချာအောင်ပြုလုပ်ဖို့လည်း လိုပါတယ်။ မိတ်ကပ်ဆရာက မေ့လို့နောက်ကျသွားတာမျိုးဆိုရင်တော့ မင်္ဂလာပွဲလေးမှာ အဆင်မပြေမှုတွေ တွေ့ကြုံရမှာ ဖြစ်လို့ပါပဲ။

 

မင်္ဂလာပွဲလေး ပြုလုပ်ဖို့အချိန်က တစ်ပတ်ပဲ လိုတော့တာဆိုရင်တော့ အရင်ကသေချာ ပြင်ဆင်ထားခဲ့တာတွေကို ပြန်ပြီး သေချာအောင် စစ်ဆေးပေးလိုက်ပါလို့ မမေ့ရလေအောင် သတိပေးပြောပြလိုက်တယ်နော်။

 

Credit : Marry

Read times Last modified on Monday, 11 February 2019 17:11
Rate this item
(0 votes)