သင့်ကိုကိုက Romantic မဆန်တတ်ရင် ဘယ်လိုလုပ်မလဲ

သင့်ကိုကိုက Romantic မဆန်တတ်ရင် ဘယ်လိုလုပ်မလဲ google

မိန်းကလေးတွေဟာ အမွှေးပွရုပ်တွေ၊ နှင်းဆီပွင့်လေးတွေ၊ မီးရောင်လှလှနဲ့ ညစာစားပွဲတွေကို နှစ်သက်တတ်ကြတယ်။

ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲကလို ရိုမန်တစ်ဆန်တဲ့အရာတွေကိုလည်းလိုချင်ကြတယ်။ မိန်းကလေးတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေထက် ချစ်သူကဂရုစိုက်ပေးတာ၊ အံ့ဩစရာလေးတွေဖန်တီးပေးတာကိုသာ မျှော်လင့်တတ်ကြပါတယ်။ ရိုမန်တစ်မဆန်တတ်တဲ့ ကိုကိုကြောင့် စိတ်ညစ်နေတယ်ဆိုရင် သင့်အတွက် အသုံးဝင်စေမယ့်အကြံပြုချက်လေးတွေကို ပြောပြပေးပါ့မယ်။

 

-သင်လိုချင်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။

 

-သင်ကစပြီး သူ့အတွက် ရိုမန်တစ်ဆန်တဲ့အရာလေးတွေ ပြုလုပ်ပေးပါ။

 

-သူငယ်ချင်းတွေရဲ့ ချစ်သူတွေနဲ့ နှိုင်းယှဉ်နေတတ်တာကို ရပ်လိုက်ပါ။

 

-ရိုမန်တစ်မဆန်တတ်ပေမယ့် အခြားကောင်းကွက်တွေရှိနေတာကို မြင်အောင်ကြည့်ပါ။

 

-ချစ်သူတက်ရောက်တဲ့ပွဲတွေ၊ အခမ်းအနားတွေကို အတူတူတက်ရောက်ပေးပါ။

 

-သူ့ကြိုက်တတ်တဲ့အရာတွေကို အသေးစိတ် သေချာမှတ်သားထားပါ။

 

-သင်သူ့ကို အရမ်းချစ်တယ်ဆိုတဲ့အကြောင်းကို သိအောင်ပြောပြပါ။

 

-ချစ်သူရဲ့ အကျင့်တွေကို အရှိအတိုင်းနားလည်လက်ခံပေးနိုင်ဖို့ ကြိုးစားပါ။

 

-ရိုမန်တစ်မဆန်တတ်တဲ့အတွက် အတင်းအကြပ်ပူဆာတာမျိုးတွေက သူ့အတွက်အပြစ်ရှိသလို ခံစားရစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

 

လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုသလိုပဲ လူတစ်ဦးနဲ့ တစ်ဦးရဲ့ အကျင့်စရိုက်တွေ မတူညီနိုင်ပါဘူး။ ယောကျာ်းအများစုဟာ မိန်းကလေးတွေလို ရိုမန်တစ်ဆန်တာတွေ၊ ပြဇာတ်ဆန်တာတွေကို မနှစ်သက်တတ်ကြပါဘူး။ချစ်သူရဲ့အဲ့ဒီအကျင့်လေးကြောင့် စိတ်ညစ်ခံပြီး သင့်ကိုမချစ်ဘူးလို့ ထင်နေတတ်တာလေးတွေကို လျှော့လိုက်ပါ။ အချို့လူတွေဟာချစ်ခြင်းတွေကို ထုတ်ဖော်မပြသဘဲသိမ်းဆည်းထားတာကိုပဲ နှစ်သက်တတ်ကြပါတယ်။ သင့်အနေနဲ့ သူသိမ်းဆည်းထားတဲ့အချစ်တွေကို မြင်အောင်ကြည့်ပြီး သာယာတဲ့အချစ်ခရီးလမ်း ကို ပုံဖော်လျှောက်လှမ်းတတ်ဖို့သာ လိုတာပါ။ ချစ်တဲ့သူတိုင်း သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ။

 

Source : Gandawin

Myanmar Wedding Guide

Read times Last modified on Wednesday, 20 February 2019 17:25
Rate this item
(0 votes)