နွေးထွေးတဲ့ အချစ်ရေးလေးဖြစ်အောင်ဘယ်လိုနေကျမလဲ

နွေးထွေးတဲ့ အချစ်ရေးလေးဖြစ်အောင်ဘယ်လိုနေကျမလဲ google

ချစ်သူစုံတွဲတွေ တွဲလာတဲ့သက်တမ်းကြာလာတဲ့အခါ နှစ်ယောက်ကြားမှာ အရင်ကလောက်နွေးထွေးမှုတွေမရှိတော့ဘဲ အချစ်တွေလျော့လာတယ်လို့ခံစားရတတ်ပါတယ်။

အဲ့ဒီအခါ အဆင်မပြေမှုတွေဖြစ်လာပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိတဲ့သူကနည်းပါတယ်။ တကယ်တော့ အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်စိမ်းနေတာတွေ ပျောက်သွားပြီး ချစ်စခင်စတုန်းကလို ရင်းနှီးနွေးထွေးမှုမျိုးပြန်ရအောင် လုပ်ဖို့အရင်ကသုံးခဲ့ကြတဲ့ နည်းလမ်းအဟောင်းလေးတွေက အရမ်းအသုံးဝင်တယ်ဆိုတာကို သိခဲ့ကြပါတယ်။ ဒီတော့သူစိမ်းဆန်နေကြတဲ့စုံတွဲတွေကြား အချစ်တွေပြန်ဖြစ်လာအောင်ဟိုအရင်ကစုံတွဲတွေသုံးခဲ့ကြပြီး အခုချိန်ထိအလုပ်ဖြစ်နေသေးတဲ့နည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

လမ်းအတူတူလျှောက်ပါ

ဒါက ရိုးရှင်းပြီးထိရောက်မှုရှိတဲ့နည်းလမ်းတစ်ခုပါ။ ပန်းခြံတစ်ခု ဒါမှမဟုတ် လူသိပ်ရှုပ်တဲ့လမ်းတစ်ခုမှာ နှစ်ယောက်သားလမ်းအတူတူလျှောက်ပြီး စကားစမြည်ပြောတာကသင်တို့စုံတွဲကိုစိတ်ချင်းနီးကပ်လာစေနိုင်ပါတယ်။

 

စာလေးတွေရေးပေးပါ

ချစ်သူသက်တမ်းကြာလာတဲ့အခါ ချစ်တယ်ဆိုတဲ့စကားကိုပြောဖို့ဝန်လေးလာတတ်သလို ၊ ပြောဖို့မလိုတော့ဘူးလို့လည်းထင်လာတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ချစ်ရတဲ့သူကို ချစ်တယ်လို့ပြောဖို့ အချိန်တိုင်းမှာလိုအပ်နေပါတယ်။ ပြီးတော့ ဒီတိုင်းပါးစပ်ကပြောတာထက် ပိုလေးနက်တဲ့၊ ပိုပြီးရိုတဲ့နည်းလမ်းလေးကတော့ သူ့ကိုချစ်တဲ့အကြောင်းစာတိုလေးတွေရေးပြီးပေးတာပါပဲ။ ဒီလိုမျိုးစာလေးတွေရေးပြီးပေးရတာက အချိန်လည်းသိပ်ပေးစရာမလိုဘဲသင်တို့ နှစ်ယောက်ကို ပြန်နီးကပ်လာစေမယ့်နည်းလမ်းကောင်းလေးတစ်ခုပါ။

 

ပိတ်ရက်တွေမှာလျှောက်လည်ပါ

ပိတ်ရက်တွေမှာ သူနဲ့လျှောက်လည်ဖို့ထက်ကိုယ့်ဘာသာအိမ်မှာ အေးဆေးနားဖို့ကိုပဲ တွေးနေတယ်ဆိုရင်တော့ သင်တို့နှစ်ယောက်တဖြည်းဖြည်းစိမ်းလာတာမဆန်းပါဘူး။ ချစ်သူကို တစ်ပတ်မှာတစ်ရက်လောက် အချိန်ပေးပြီး သူကြည့်ချင်တဲ့ရုပ်ရှင်လိုက်ကြည့်ပေးတာမျိုး၊ သူသွားချင်တဲ့နေရာလေးတွေလိုက်ပို့ပေးတာမျိုးလုပ်ပေးပါ။ ကိုယ်လုပ်ချင်တာတွေကိုချည်းပဲ အမြဲရှေ့တန်းတင်မနေပါနဲ့နော်။

 

ခရီးအတူထွက်ပါ

နှစ်ယောက်သားက တဖြည်းဖြည်းဝေးကွာနေသလို၊ သူစိမ်းဆန်နေသလိုခံစားနေရရင် ခရီးတစ်ခုလောက်အတူတူသွားလိုက်ပါ။ နှစ်ယောက်တည်းသွားလို့အဆင်မပြေလောက်ဘူးဆိုရင် သူငယ်ချင်းတွေကိုခေါ်ပြီး ကမ်းခြေလိုနေရာမျိုး၊ ပျော်စရာကောင်းတဲ့နေရာမျိုးကို သွားပါ။

 

ညစာအတူတူစားပါ

နှစ်ယောက်လုံးကမအားကြလို့ ၊ အချိန်မရှိလို့မတွေ့နိုင်ဘူး၊ မတွေ့လည်းဘာမှမဖြစ်ဘူးဆိုပြီးမနေလိုက်ပါနဲ့နော်။ တစ်ရက်လောက်အချိန်ပေးပြီး ညစာအတူတူစားတာမျိုးလုပ်ပေးပါ။

 

Surprise လက်ဆောင်လေးတွေပေးပါ

Surprise လက်ဆောင်ပေးတယ်ဆိုတာ သူ့ကိုပျော်စေချင်တယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး သင့်စိတ်ထဲမှာ သူ့ကိုပျော်စေချင်တဲ့စိတ်မျိုးရှိနေသေးတယ်၊ သူ့ကိုချစ်နေသေးတယ်ဆိုတဲ့ ခံစားချက်မျိုးပြန်ဖြစ်လာစေနိုင်တာကြောင့် ရင်းနှီးမှုတွေပြန်ရလာနိုင်ပါတယ်။

 

နေ့စဉ်အကြောင်းအရာလေးတွေအပြန်အလှန်ပြောပါ

နှစ်ယောက်သားက ချစ်သူတွေဖြစ်စအချိန်တုန်းကတစ်ယောက်နဲ့တစ်ယောက်နေ့စဉ်ဖြစ်သမျှ အကြောင်းအရာအားလုံးကိုမရိုးနိုင်အောင်ပြောခဲ့ကြပေမယ့် ကြာလာတော့ ကိုယ့်ချစ်သူနဲ့စကားပြောရတာကို မပျော်တော့ဘဲ ငြီးငွေ့လာကြပါတယ်။ ဒီတော့ သူစိမ်းတွေလိုမျိုးပြန်ဖြစ်လာကြတာပေါ့။ ဒီတော့ဒီပြဿနာကိုပြေလည်အောင်ဖြေရှင်းဖို့ နှစ်ယောက်သားကနေ့စဉ်အကြောင်းအရာလေးတွေကို ပြန်ပြောကြဖို့လိုပါတယ်။

 

Source : AuntyMay

Myanmar Wedding Guide

Read times Last modified on Friday, 22 February 2019 17:37
Rate this item
(1 Vote)