မင်္ဂလာပွဲကို သစ်ခွပန်းနဲ့အလှဆင်ချင်သူများအတွက်

မင်္ဂလာပွဲကို သစ်ခွပန်းနဲ့အလှဆင်ချင်သူများအတွက် google.com

မင်္ဂလာဇနီးမောင်နှံလေးတို့ရေ မင်္ဂလာပွဲလေးအတွက်ပြင်ဆင်တဲ့အချိန်မှာ ပန်းအပြင်အဆင်ကို

ဘယ်လိုလေးပြင်ဆင်ရင်ကောင်းမလဲ ဆိုတာကိုပြောပြပေးချင်ပါတယ်။ ဒီတစ်ခါပြောပြပေးချင်တာကတော့ မင်္ဂလာပွဲလေးကို သစ်ခွပန်းလေးတွေ သုံးပြီးပြင်ဆင်လိုက်ဖို့ပဲဖြစ်ပါတယ်။ အယဉ်ဆုံး သတို့သမီးလက်ကိုင်ပန်းလေးကို သစ်ခွပန်းနဲ့ပြုလုပ်လိုက်ဖို့လည်းပြောပြချင်ပါတယ်။

 

ဘာကြောင့်ရွေးချယ်သင့်တာလဲ

သစ်ခွပန်းလေးကို ရွေးချယ်ဖို့ပြောလိုက်ရတာကတော့ သစ်ခွပန်းဆိုတာပန်းတွေအထဲမှာတော့ လူကြိုက်အများဆုံး ပန်းအမျိုးအစားထဲကတစ်ခု ဖြစ်တာမို့လို့ပါ။ တခြားအချက်အနေနဲ့ကတော့ သစ်ခွပန်းဆိုတာရာသီတိုင်းမှာ ပွင့်တဲ့ပန်းလည်းဖြစ်တဲ့အတွက် မင်္ဂလာပွဲလေးကိုဘယ်အချိန်ပြုလုပ်စေကာမူ သစ်ခွပန်းလေးနဲ့ပြင်ဆင်ပြီး တစ်သက်မှာတစ်မင်္ဂလာကို ခမ်းနားတဲ့ပုံစံလေး ပြုလုပ်လိုက်နိုင်ပါတယ်။

 

သစ်ခွပန်းဆိုတဲ့အထဲမှာ သစ်ခွအမျိုးအစားအစုံရွေးချယ်နိုင်သလို အရောင်လည်းအစုံရှိပါတယ်။ သစ်ခွပန်း အရွယ်အစားအနေနဲ့လည်း ဆိုဒ်တွေအစုံ ရှိပါသေးတယ်။ သစ်ခွတွေထဲမှာအကြမ်းဖျင်းကတော့ အပွင့်သေးတဲ့သစ်ခွက အပွင့်ကြီးတဲ့သစ်ခွထက် ဈေးနှုန်းပိုလျှော့နည်းတာကိုတွေ့ရမှာပါ။ မင်္ဂလာပွဲအတွက် ပြင်ဆင်ထားတဲ့ကုန်ကျစရိတ် အပေါ်မူတည်ပြီး သစ်ခွပန်း အမျိုးအစားကို ရွေးချယ်ပေးလိုက်နိုင်ပါတယ်။

 

သစ်ခွပန်းကိုရွေးချယ်လိုက်မယ်ဆိုရင် သူ့ချည်းပဲပြင်ဆင်လိုက်ရင်လည်း ခမ်းနားနေတဲ့ပုံစံကိုဖြစ်စေသလို တခြားပန်းတွေနဲ့ရောစပ်လိုက်တဲ့အချိန်မှာလည်းအလှတရားကို ကြီးကျယ်စေနိုင်တာကို တွေ့ရမှာပဲဖြစ်ပါတယ်။ မင်္ဂလာပွဲရဲ့ပန်းအပြင်အဆင်မှာ ပန်းအတုတွေ သုံးသင့်၊ မသုံးသင့်ဆိုတာကိုလည်းပြောပြထားပါတယ်နော်။

 

မင်္ဂလာပွဲလေးတစ်ပွဲရဲ့ ပန်းအလှဆင်တဲ့အချိန် အလှဆုံးဖြစ်စေဖို့အတွက် ပြောပြပေးလိုက်ရပါတယ်။

 

Credit : Marry

Myanmar Wedding Guide

 

Read times Last modified on Wednesday, 13 March 2019 17:56
Rate this item
(1 Vote)