မင်္ဂလာပွဲရဲ့လှပမှုတွေကိုပိုပြီးအသက်ဝင်လာစေဖို့

မင်္ဂလာပွဲရဲ့လှပမှုတွေကိုပိုပြီးအသက်ဝင်လာစေဖို့ google.com

မင်္ဂလာပွဲတစ်ပွဲရဲ့လှပမှုတွေနဲ့ ကြည်နူးဆွတ်ပျံ့ခြင်းတွေကို ပိုပြီးအသက်ဝင်လာစေဖို့

ပန်းပွင့်လေးတွေကဘယ်အတိုင်းအတာထိတာဝန်ယူကြိုးပမ်းပေးသလဲဆိုတာ မြင်ရုံနဲ့သိနိုင်ပါတယ်။ အပြစ်ကင်းတဲ့ သူတို့ရဲ့လှပမှုက မင်္ဂလာပွဲတစ်ခုလုံးကို ကျက်သရေရှိစေဖို့ အသင့်အနေအထားမှာရှိနေပါတယ်။ အရောင်အသွေးလေးတွေက တဆင့်ဖွင့်ချပေးမယ့် သူတို့ရဲ့ဘာသာစကားလေးတွေက ဘာတွေဖြစ်မလည်းဆိုတာပြောပြပေးပါ့မယ်။

 

မိန်းမသားဆန်တဲ့ ပန်းရောင်နဲ့အဖြူရောင်

 

roses min

 

ခေတ်သစ်ထဲက နုနယ်ပျိုမျစ်တဲ့ ပန်းသွေးကြွသတို့သမီးလောင်းလေးတွေရဲ့ နမိတ်ပုံတစ်ခုပါ။ ငယ်ရွယ်တက်ကြွတဲ့ သတို့သမီးလေးရဲ့အလှကိုအချိတ်အဆက်မိမိ ပံ့ပိုးပေးမယ့် ဒီအရောင်အတွဲအစပ်က ထည်ဝါတဲ့ရှေးဟောင်းစတိုင် ရွှေပန်းအိုးနဲ့ရော၊ Fancy ဆန်တဲ့ Crystal ပန်းတိုင်နဲ့ပါ လိုက်ဖက်တင့်တယ်နေတာအံ့သြစရာပါ။

 

ကြည်လင်တဲ့ သစ်ခွအဖြူရောင်

 

white orchid min

 

တန်ဖိုးမြင့်မားစွာလှပနေတဲ့ သစ်ခွတွေကခေတ်အဆက်ဆက်မှာ တော်ဝင်သုံးပန်းဖြစ်ခဲ့တာမဆန်းပါဘူး။ ရိုးရှင်းတဲ့၊ ထည်ဝါတဲ့၊ တန်ဖိုးကြီးတဲ့ပုံရိပ်တွေကို ကိုယ်စားပြုထားတဲ့သစ်ခွတွေဟာ အခြားအလှဆင်ပစ္စည်းတွေ အစား ကြည်လင်တဲ့ဖန်ထည်တွေမှာပိုပြီးတော့ ထည်ဝါပါတယ်။

 

အဖြူရောင်လေးတွေရဲ့ခမ်းနားထည်ဝါမှု

 

white jasmine min

 

ရိုးရှင်းလှတဲ့ အဖြူရောင်မင်္ဂလာပွဲတစ်ခုကိုပိုပြီး လင်းလက်သွားအောင်ထောက်ပံ့ပေးမယ့် ရိုးရှင်းတဲ့ အဖြူရောင်ပန်းလေးတွေကို သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ စိမ်းလန်းခြင်းသင်္ကေတနဲ့ တွဲစပ်ထားတော့ ပွဲအခမ်းအနား အလှတရားက အထက်တန်းကျကျ လှပလို့နေပါတော့တယ်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 14 March 2019 14:22
Rate this item
(1 Vote)