အမျိုးသားတွေအနေနဲ့ကိုယ့်ချစ်သူဆီက ဘယ်လိုစကားမျိုးတွေကြားချင်ကြလဲ

အမျိုးသားတွေအနေနဲ့ကိုယ့်ချစ်သူဆီက ဘယ်လိုစကားမျိုးတွေကြားချင်ကြလဲ google.com

အမျိုးသားတွေအနေနဲ့ကိုယ့်ချစ်သူထံကနေ ကြားချင်နေတဲ့စကားမျိုးတွေရှိပါတယ်။

ဒီလိုစကားတွေပြောဖို့ ရည်းစားစဖြစ်ခါစအချိန်ကနေ အိမ်ထောင်ကျပြီးသွားတဲ့အထိလိုအပ်ပါတယ်။ ခုပြောပြမယ့်စကားတွေဟာ သူတို့ကိုယုံကြည်တယ်၊ တန်ဖိုးထားပါတယ်ဆိုတာတွေ ပါဝင်နေပြီးသားမို့ ဘယ်လိုစကားမျိုးတွေလည်းဆိုတာပြောပြပေးပါ့မယ်။

 

ကြည့်ကောင်းလိုက်တာ

အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ စိတ်မလုံခြုံမှုခံစားရတဲ့လူတွေပါပဲ။ သူက ကိုယ့်ကိုပြောသည်ဖြစ်စေ၊ မပြောပဲထားသည်ဖြစ်စေ သူတို့ဝတ်ထားတဲ့ တီရှပ်နဲ့လိုက်ရဲ့လား၊ သူတို့ဗိုက်ကပိုပူလာသလား၊ ကြည့်ရဆိုးနေသလားဆိုတာသိချင်ကြပါတယ်။ ဒီတော့ ကိုယ့်ချစ်သူဆီကသူတို့ကြားချင်တာ သူတို့ဘယ်လိုနေသလဲဆိုတာပါ။ ကိုယ့်ဘက်ကလည်းကြည့်ကောင်းတယ်လို့ခံစားရတိုင်း ဒီနေ့အရမ်းကြည့်ကောင်းတာပဲ၊ ဒီနေ့ချစ်ဖို့ သိပ်ကောင်းတယ်ဆိုတာမျိုးတွေ ပြောပေးဖို့လိုပါတယ်။

 

ငါ နင့်ရဲ့ ( ) ကိုချစ်လိုက်တာ

အမျိုးသားတွေဟာ သူတို့ရဲ့ဘယ်ခန္ဓာကိုယ်အစိတ်ပိုင်းက သူတို့ချစ်သူကို ဆွဲဆောင်တယ်ဆိုတာသိချင်ပါတယ်။ အထူးသဖြင့် နှုတ်ခမ်းလား၊ မျက်ခုံးလား၊ ပခုံးတွေလား၊ စသဖြင့်ပေါ့လေ။ ဒီတော့ ကိုယ့်ဘက်က သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ပတ်သက်ပြီး ကိုယ်နှစ်သက်တဲ့အရာကို ဖွင့်ပြောပြဖို့လိုပါတယ်။

 

နင် (အဲ့ဒီလိုလေး) လုပ်လိုက်တဲ့အခါတိုင်း ငါသိပ်ကြိုက်တာပဲ

ဒါလည်းသူ့အပြုအမူတစ်ခုခုကိုချီးမွမ်းတာပါပဲ။ ဥပမာ သူက ကိုယ့်ကျောကိုသပ်ပေးတဲ့အခါ သဘောကျတာလား၊ ကိုယ်ပခုံးကို ဖွဖွလေးကိုင်ထားတဲ့အခါ သဘောကျတာလား၊ ကိုယ်ဆံပင်လေးတွေကို သပ်ပေးတဲ့အခါ သဘောကျတာလား။ ဒါကို ထုတ်ပြောဖို့လိုပါတယ်။ ဒီလိုထုတ်ပြောတဲ့အခါ သူတို့လည်း စိတ်ချမ်းသာကျေနပ်သွားရတာကြောင့်ပါ။

 

အဲ့ဒီကောင်မလေးက တစ်ချိန်လုံးလိုက်ကြည့်နေတယ်

ခုလိုပြောလိုက်ခြင်းအားဖြင့် သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတိုးမြှင့်ပေးလိုက်ပြီဆိုတာ သိထားလိုက်ပါ။ ဒီလိုပြောလိုက်လို့ သူကလည်းကောင်မလေးကို ပြန်ငမ်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်သူကကိုယ့်ကိုသဝန်တိုတယ်ဆိုတဲ့ အသိနဲ့ ကိုယ့်ကိုချစ်တယ်ဆိုတာသိသွားတဲ့အပြင် တစ်ဖက်လူက ကိုယ့်ကိုကြည့်တယ်ဆိုတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ပိုရှိသွားပါတယ်။

 

ဟုတ်တယ်။ နင်ပြောတာမှန်တယ်

သူကတစ်ခုခုပြောလိုက်ပြီဆိုရင် ကိုယ့်ဘက်ကအဆုံးထိနားထောင်ပေးပြီး သဘောတူတယ်ဆိုတာ ပြသဖို့လိုပါတယ်။ ခေါင်းညိတ်နေရုံနဲ့မပြီးပါဘူး။ ဒါဟုတ်တယ်။ ဒါမှန်တယ်ဆိုတာမျိုး သူ့ကိုပြောပေးဖို့လိုပါတယ်။ အထူးသဖြင့် သူနဲ့ စကားများနေတဲ့အချိန်မှာတောင် သူ့စကားကိုအဆုံးထိနားထောင်ပေးပါ။ သူပြောတာမမှားဘူးဆိုတာပြောပြီးမှ ကိုယ်ဖြစ်ချင်တာကိုနားဝင်အောင် ရှင်းပြတတ်ဖို့လိုပါတယ်။

 

ဒါလေး လုပ်ပေးပါလား

ယောင်္ကျားတွေဟာ သူတို့ယောင်္ကျားပီသကြောင်းပြသချင်ကြပါတယ်။ သူ့အကူအညီမယူပဲ အားလုံးကိုယ်ချည်းပဲလုပ်နိုင်တယ်ဆိုရင်တောင် သူကူညီနိုင်တာမျိုးဆိုသူ့ကိုလုပ်ခိုင်းလိုက်ပါ။ ဒါဟာအိမ်ထောင်ပြုပြီးသွားချိန်ထိ လိုအပ်တဲ့အရာပါ။ ယောက်ျားတွေဟာ အနည်းနဲ့အများတော့ သူတို့ကိုအားကိုးတယ်ဆိုတာမျိုးလိုချင်ကြပါတယ်။

 

သူတို့ကို နှစ်သိမ့်ပေးပါ၊ အားပေးပါ

ဥပမာအနေနဲ့ပြောရရင် အမျိုးသားတွေဟာသူုတို့ဆံပင်တွေ ဆုံးရှုံးပြီး ထိပ်ပြောင်မှာမျိုးကြောက်ကြပါတယ်။ အသက် (၂၅)နှစ်လောက်မှာ ယောင်္ကျားတွေထဲကသုံးပုံတစ်ပုံဟာ ဆံပင်ကျွတ်ပြီးနည်းပါးသွားတာမျိုး ရှိလာပါတယ်။ အသက် ၆၀လောက်မှာတော့ တစ်ဝက်လောက်နီးပါးကထိပ်ပြောင်လာကြတာပါပဲ။ ဒါကို ကိုယ့်ဘက်က ဒီလိုဖြစ်မှာမဟုတ်ပါဘူး။ ဖြစ်သွားခဲ့ရင်တော့ကြည့်ကောင်းတယ်။ အဆိုးကြီးမဟုတ်ပါဘူး စသဖြင့် အားပေးပြောဆိုပေးဖို့လိုပါတယ်။

 

#SKC

Myanmar Wedding Guide

Read times Last modified on Friday, 15 March 2019 10:11
Rate this item
(1 Vote)