Review ကောင်းကောင်းလေးတွေက မင်္ဂလာပွဲစီစဉ်တဲ့အခါ ဘယ်လိုအသုံးဝင်လဲ

Review ကောင်းကောင်းလေးတွေက မင်္ဂလာပွဲစီစဉ်တဲ့အခါ ဘယ်လိုအသုံးဝင်လဲ google.com

မင်္ဂလာပွဲစီစဉ်တော့မယ်ဆိုရင်ပွဲမှာဆောင်ရွက်ရမယ့်ကိစ္စအားလုံးဝယ်ယူပြင်ဆင်နိုင်ဖို့အတွက် စီနီယာစုံတွဲလေးတွေဆီကနေစနည်းနာကြတယ်မလား၊

စီနီယာစုံတွဲလေးတို့ရဲ့အဆင်ပြေမှု၊ မပြေမှုတွေအားလုံးသိပြီဆိုတော့မှ စုံတွဲလေးတို့ဆောင်စရာရှိတာဆောင်၊ ရှောင်စရာရှိတာရှောင်ပြီး ပွဲအတွက်စီစဉ်ရင်ပိုအဆင်ပြေမှာပါ။ တစ်ခုချင်းဆီကို အသေးစိတ်လိုက်ပြီးမစီစဉ်နိုင်တဲ့ စုံတွဲလေးတော်တော်များများအတွက် Review ကောင်းကောင်းလေးတွေက တကယ့်ကိုအသုံးဝင်ပါတယ်နော်။ ဒါမှကိုယ်နဲ့သင့်တော်မယ်ထင်တာလေးတွေကို ရွေးချယ်ဖြစ်မှာပါ။

 

သတို့သား၊ သတို့သမီိးလေးတို့အနေနဲ့ Review လေးတွေများများဖတ်မယ်ဆိုရင် ဘယ်ဝန်ဆောင်မှုကအဆင်ပြေပြီး ဘယ်ဝန်ဆောင်မှုကတော့ ကိုယ်နဲ့မကိုက်ညီဘူးဆိုတာသိရမှာပါ။ မင်္ဂလာဆောင်စီစဉ်တဲ့အခါမှာ ဟိုဆိုင်ကောင်းနိုးနိုး၊ ဒီဆိုင်ကောင်းနိုးနိုးရွေးချယ်ရခက်နေရင်တော့ Review တွေကိုကြည့်ပါ။ ကောင်းတဲ့ဘက်၊ ကိုယ်နဲ့အဆင်ပြေတဲ့ဘက်ကို % ပိုများတာရွေးပါ။ သူများတွေနဲ့အဆင်ပြေပြီး ကိုယ်နဲ့ကျမှအဆင်မပြေတာတွေလည်း ရှိတတ်တာကိုတော့သတိပြုပေးပါနော်။

 

မိတ်ကပ်၊ ဆံထုံး

မင်္ဂလာပွဲမှာမိတ်ကပ်အဆင်မပြေရင်လည်းစိတ်ညစ်ရမှာပါ။ သတို့သမီးလေးတော်တော်များများလည်း မိတ်ကပ်နဲ့ပတ်သက်ပြီး Review လေးတွေပိုဖတ်ကြပါတယ်။ အချိန်နောက်ကျတတ်တာ၊ ဝန်ဆောင်မှု အဆင်မပြေတာစတဲ့ Review လေးတွေသိရတယ်ဆိုရင်တော့ သတို့သမီးလေးတို့သေချာလေးစဉ်းစားဖို့လိုပါတယ်။

 

အကျွေးအမွေး

အကျွေးအမွေးက ဟိုတယ်ကနေပဲ Package ယူတာ၊ ကိုယ်တိုင်စီစဉ်တာ အစရှိသလိုလုပ်ဆောင်လို့ရပါတယ်။ ဟိုတယ်ပဲဖြစ်ဖြစ်၊ အော်ဒါမှာတာပဲဖြစ်ဖြစ်၊ အကျွေးအမွေးမှာ သေချာလေးစီစဉ်ဖို့လိုပါတယ်။ အမြည်းစမ်းစားခွင့် မရှိဘူးဆိုရင် စီနီယာတွေဆီကအတွေ့အကြုံ နဲ့ Review လေးတွေများများဖတ်ပါ။ အကျွေးအမွေး၊ ပန်းကန်၊ ထိုင်ခုံ၊ ဧည့်ခံရေး စတဲ့ဧည့်သည်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်း Review ကောင်းတာလေးရွေးချယ်ပါ။

 

ဝတ်စုံ

သတို့သား၊ သတို့သမီးလေးတို့အတွက်ဝတ်စုံကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။ ကျက်သရေရှိရှိလှပဖို့အတွက် ဝတ်စုံလည်းလိုအပ်တာမို့ သူ့ရဲ့ Review လည်းလိုပါတယ်။ ဝတ်စုံလည်းကုန်ကျစရိတ်၊ ချုပ်ပုံ၊ ဒီဇိုင်းတွေပေါ် မူတည်ပြီး အဆင်ပြေတာ၊ မပြေတာတွေရှိတာမို့ သေချာရွေးရပါမယ်နော်။

 

ဓါတ်ပုံ

ဓါတ်ပုံကတော့အမှတ်တရတွေကို အမြဲအသက်ဝင်နေစေမယ့်အရာပါ။ ဓါတ်ပုံတွေမလှဘူးဆိုရင် ပြန်ကြည့်တိုင်းစိတ်ညစ်နေရမှာပါ။ အဲဒါကြောင့် Pre wedding ရော၊ မင်္ဂလာပွဲနေ့မှာပါ ဓါတ်ပုံလှဖို့လိုတာမို့ Review လေးတွေဖတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်နော်။

သတို့သား၊ သတို့သမီးလေးတို့ရေ ကိုယ့်ရဲ့မင်္ဂလာပွဲလေးလှလှပပ ပြည့်ပြည့်စုံစုံ ပြီးမြောက်ဖို့ဆိုရင် Review လေးတွေ များများဖတ်ပြီး ဝန်ဆောင်မှုတွေဆောင်ရွက်ဖို့မမေ့ပါနဲ့နော်။

 

Credit : Marry

Myanmar Wedding Guide

 

Read times Last modified on Monday, 18 March 2019 14:04
Rate this item
(1 Vote)