ဝတ္တရားကျေပွန်တဲ့ ခင်ပွန်းကောင်းဆိုတာ

ဝတ္တရားကျေပွန်တဲ့ ခင်ပွန်းကောင်းဆိုတာ google.com

- နံနက်အိပ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော် ” လို့ စိုးရိမ်စကား ပြောပေးတတ်သူ။

 

- နံနက်စာစားတဲ့အခါ “ ကော်ဖီ တစ်ခွက်ကို နှစ်ယောက်တူတူသောက်ကြရအောင်ကွာ ” ဆိုပြီး မျှဝေခံစားတတ်သူ။

 

- နံနက်စာပြင်ဆင် (သို့ မဟုတ်) စားသောက်ပြီးတဲ့အခါပန်းကန်ခွက်ယောက်ကူသယ်၊ ကူသိမ်းပေးတတ်သူ။

 

- ထမင်းစားတဲ့အခါ “ လက်ရာကတော့ရှယ်ပဲ ယောကျာ်းအကြိုက်သိတဲ့ မိန်းမ..ငယ်ငယ်တုန်းက စားခဲ့တဲ့ မေမေ့လက်ရာအတိုင်းဘဲ ” လို့ ချီးမွမ်းမြှောက်ပင့်ပြောတတ်သူ။

 

- အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာ အလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကိုမတွေ့ တွေ့ အောင်ရှာပြီး “ မေကြီးရေ..အလုပ် သွားပြီကွာ ” လို့ အရေးတယူနှုတ်ဆက်တတ်သူ (လူလစ်ရင် အနမ်းဖြင့်နှုတ်ဆက်တတ်သူ)

 

- နေ့လယ်ဘက်ထမင်းစားချိန် အားလပ်ချိန်မှာ ဖုန်း (သို့ မဟုတ်) ဖုန်းမတ်ဆေ့ခ်ျဖြင့် “မိန်းမရေ..ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ ဇက်ကြောလေးလာဆွဲပေးပါဦး ” ဆိုပြီး အရွှန်းဖောက်တတ်သူ။

 

- အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေးဖြစ်ဖြစ် ဝယ်လာတတ်သူ။

 

- ညစာစားပြီး “ မင်းနားပါကွာ…ကိုယ် ပန်းကန်တွေဆေးလိုက် မယ်လေ ” (တကယ်မဆေးဖြစ်ပေမယ့်ဆေးတော့မယ်ဟန်လုပ်ပြလိုက်ပါဦး)

 

- ကလေးတွေအိမ်စာလုပ်ပြီး၊ မပြီး စာကူစစ်ပေးတတ်သူ။

 

- အလုပ်မှာ ဘယ်လောက်ပင်ပန်းပင်ပန်း ကလေးကိုညအိပ်ယာဝင်ပုံပြင် ပြောပြတတ်သူ။

 

- မိမိအလုပ်နဲ့ပတ်သက်ပြီးဇနီးဖြစ်သူကို ကောင်း၏၊ ဆိုး၏၊ ပျော်၏၊ စိတ်ညစ်၏ စသည်ဖြင့် ရင်ဖွင့်ပြောပြတတ်သူ။

 

- ဇနီးသည်ကို စိတ်ဝင်စားမှုရှိသူ၊ နွေးနွေးထွေးထွေးပွေ့ဖက်တတ်သူ (လင့်ဝတ္တရားကျေသူ)

 

- ဆွေမျိုးများနဲ့အပေါင်းသင်းမိတ်ဆွေတွေရှေ့မှာဇနီးသည်ကို ဖေးဖေးမမဂရုစိုက်ပြတတ်သူ။

 

- သားသမီးတွေရှေ့ မှာ “ မင်းတို့ မေမေကကျေးဇူးရှိတယ်နော် မေမေ့စကားနားထောင် မေမေ့ကိုစိတ်ညစ်အောင်မလုပ်ရဘူး ” လို့  မကြာခဏပြောပေးတတ်သူ။

 

- ဇနီးသည်အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကိုအဖော်ပြုပေးတတ်သူ။

 

- အလုပ်ပိတ်ရက်တွေမှာအခါအားလျော်စွာ မိသားစုကိုသီးသန့်အချိန်ပေးပြီး အပြင်ထွက်လည်ပတ်ပေးတတ်သူ။

 

- နှစ်ယောက်ထဲရှိနေချိန်မှာ မိမိဇနီးကို မကြာခဏဆိုသလို “ မင်းကတော့ ဒို့မိသားစုအတွက် မရှိမဖြစ်ဘဲကွာ၊ မင်းရှိလို့သာပေါ့၊ မင်းလည်းတော်တော်ပင်ပန်းနေပြီနော် ” စတဲ့ စကားလေးတစ်ခွန်းဖြင့် ကျေးဇူးတင်စကားပြောပေးဖို့ နှုတ်မနှေးကြပါနဲ့လို့  သုတေသီများကအကြံပြုထားပါတယ်။ ဒီလိုဂရုစိုက်စကားလေးတွေကြောင့် ဇနီးသည်အတွက်သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါ အိမ်ထောင်ရေးသုခဖြစ်စေမှာပါတဲ့။

 

Credit : Original Writer

Myanmar Wedding Guide

Read times Last modified on Monday, 18 March 2019 16:23
Rate this item
(2 votes)