သတို့သမီးလေးတို့ ဆံပင်ပြင်ဆင်တဲ့အခါ သိထားသင့်သည့်အချက်များ

သတို့သမီးလေးတို့ ဆံပင်ပြင်ဆင်တဲ့အခါ သိထားသင့်သည့်အချက်များ google.com

မင်္ဂလာပွဲလေးအတွက် ပြင်ဆင်တဲ့အချိန်မှာ သတို့သမီးလေးတို့ရဲ့ ဆံပင်ပုံစံနဲ့ပတ်သက်ပြီးသိထားရမယ့်အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

ဆံပင်ပုံစံဆိုတာကတော့ သတို့သမီးလေးရဲ့ဒုတိယမျက်နှာအတွက်အလိုအပ်ဆုံး အထောက်အပံ့ပဲဖြစ်ပါတယ်။

 

မင်္ဂလာပွဲတစ်ပတ်ပဲလိုတော့တဲ့အချိန်မှာ ဆံပင်ကိုပုံသွင်းတာမျိုးမလုပ်ပါနဲ့

ဆံပင်ပုံသွင်းစရာရှိတာတွေကို မင်္ဂလာပွဲမတိုင်မီ () ပတ် အလိုလောက်ကတည်းက အပြီးပြင်ဆင်ပါ။ မင်္ဂလာပွဲတစ်ပတ်ပဲလိုတော့တဲ့အချိန်မှာ ဆံပင်ကိုပုံသွင်းတာမျိုးမလုပ်ပါနဲ့။ မင်္ဂလာပွဲနီးမှပြုလုပ်တာကတော့တခုခု ဆိုရင် ဆံပင်တွေပုံပျက်သွားရင် ပြန်ပြင်ဆင်ချိန်မရတော့လို့ပဲ ဖြစ်ပါတယ်။ လုပ်စရာရှိတာတွေကို မင်္ဂလာပွဲမတိုင်မီ တစ်လကနေ () ပတ်ကြားမှာ ပြုလုပ်ပါ။ ဆံပင်ဆေးဆိုးတာတို့၊ ဆံပင်ပေါင်းတာတို့၊ ဆံပင်ဖြောင့်တာတို့ကို မင်္ဂလာပွဲ မတိုင်မီ တစ်ပတ်အလိုမှာ ပြုလုပ်လိုက်တာမျိုးကို ရှောင်ပေးပေးပါနော်။

 

ဖြစ်နိုင်ရင်ဝတ်စုံပြည့် မိတ်ကပ်ပြည့်တစ်ကြိမ်ပြင်ဆင်ကြည့်ပါ

မင်္ဂလာပွဲလေးမှာ အပိုအလို မရှိလှပချင်တဲ့သတို့သမီးလေးတွေကတော့ ပြီးပြည့်စုံတဲ့ပြင်ဆင်မှုမျိုးကို ပြုလုပ်ထားရမှာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့လေးမှာ အဆင်ပြေအောင်လို့ ဝတ်စုံပြည့်တစ်ကြိမ်တော့ ပြင်ပေးဖို့ လိုအပ်ကြောင်းကိုလည်းပြောပြထားပါတယ်။ ဖြစ်နိုင်ရင်ဝတ်စုံပြည့် အစမ်းပြင်ဆင်တဲ့အချိန်မှာ မိတ်ကပ်ပြည့်လို့ဆိုရမယ့် ဆံပင်ပုံစံကိုပါပြင်ဆင်ကြည့်ပါ။ တခါတလေကျရင်ပုံတွေထဲတော့ လိုက်ဖက်ညီတဲ့ဆံပင်ပုံစံလိုထင်မိပေမယ့် တကယ်တမ်းပြင်ဆင်ကြည့်တဲ့အချိန်မှာ အဆင်မပြေဖြစ်တာမျိုးဆိုရင် ပြန်ပြောင်းဖို့အတွက် အခက်အခဲဖြစ်နိုင်တဲ့အတွက်ပါ။ ကြိုတင်ပြင်ဆင်မှုဆိုတာကတော့ ဘယ်တော့မှပိုသွားတယ်လို့မရှိတဲ့အတွက်ပါ။

 

သတို့သမီးလေးတို့ မင်္ဂလာပွဲလေးမှာ လိုလေသေးမရှိ လှပတဲ့သတို့သမီးလေးဖြစ်စေဖို့အတွက် ဆံပင်ပုံစံနဲ့ပတ်သက်ပြီးသိထားရမယ့်အရာလေးတွေကို ပြောပြပေးလိုက်ရပါတယ်နော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 22 March 2019 18:10
Rate this item
(2 votes)
Tagged under