ရေခဲတုံးနဲ့တူသောမိန်းကလေး
ဂျီကျတာ၊ ပေါက်ပေါက်ဖေါက်တာတွေမရှိဘူး။ ဘေးနားမှာတောက်တဲ့လိုတွယ်ကပ်နေရပြီးရော ကျန်တာစိတ်မဝင်စားဘူး။ Club မတက်၊ Night Out မထွက်ဘူး။ မိဘရင်ခွင်ထဲမှာ ချွဲပြစ်နေဖို့ဘဲသိတယ်။ လုံးဝ ယုံကြည်စိတ်ချ လိုက်လို့ရတဲ့ ရှားပါးအိုအေစစ်လေးတွေပေါ့။
ကော်ဖီတစ်ခွက်နဲ့တူသောမိန်းကလေး
ရင်တွေအသေတုန်သွားစေတဲ့အထိ စွဲလန်းမှုတွေပေးတယ်။ အိပ်မပျော်လောက်အောင်လည်းသတိရခြင်းတွေပေးတယ်။ ဘဝတစ်သက်တာလုံး ပြင်းရှတဲ့အချစ်တွေဖန်ဆင်းပေးမယ့်သူ။ ဘယ်တော့မှ ပြောင်းလဲမသွားဘူး၊ ဘယ်သူဖျက်ဖျက်မပျက်ဘူး၊ အနားမှာတစ်ဖဝါးမှမခွာ ရှိနေပေးမယ့်သူတွေပါ။
မီးအိမ်နဲ့တူသောမိန်းကလေး
ဘဝအခက်အခဲတွေရှိလာတိုင်း အနားကမခွာရှိနေပေးတယ်။ ကောင်းတူဆိုးဖက်ရပ်တည်ပေးတယ်။ အမှားတွေမလုပ်မိအောင် လမ်းမှန်ကိုရောက်အောင် လေပြေစကားလေးတွေနဲ့ပြောပေး၊ လမ်းပြပေးတတ်တဲ့ နှလုံးသားလှတဲ့မိန်းကလေးတွေ၊ အိပ်ကပ်ထဲက ဆင်တွေ၊ ခြင်္သေ့တွေကို ခုန်ထွက်သွားအောင်လုပ်မယ့်သူမဟုတ်ဘူး။ အကောင်းဆုံး ထိန်းချုပ်ပေးမယ့် သိပ်တော်ပြီး ချစ်စရာကောင်းတဲ့သူတွေပါ။
ရိုလာကိုစတာနဲ့တူသောမိန်းကလေး
ခေတ်ဆန်ဆန်နေတတ်ပြီး အဲဗားအလန်းဇယားဖြစ်နေမယ်။ တော်ရုံနဲ့လာပက်သက်လို့မရလောက်အောင် စာတွေတတ်နေမယ်။ အကုန်သိအကုန်တတ် စကျွမ်းတွေဖြစ်နေမယ်။ လူတွေရဲ့လိမ်လည်လှည့်ဖျားတဲ့အကွက်တွေကို ရှောင်တိမ်းတတ်တဲ့ ဂျင်လိုမွှတ်နေအောင်လည်တဲ့သူတွေ။ သူတို့နဲ့ဖူးစာဆုံခွင့်ရတာ ကံအကောင်းဆုံးပါ။ 100 % စိတ်ချရတယ်။ နေရာတကာ စိတ်ပူပေးနေဖို့ မလိုဘူးလေ။
နာရီတစ်လုံးနဲ့တူသောမိန်းကလေး
Skills တိတိကျကျ နဲ့ ဘဝကို Control ပေးနိုင်စွမ်းတယ်။ တိကျပြတ်သားပြီး စိတ်ကစားတာ၊ သစ္စာမဲ့တာတွေမရှိဘူး။ မကြည့်ရမနေနိုင်အောင်ဆွဲဆောင်မှုရှိလွန်းတယ်။ ပျော်စရာအချိန်တွေ အမြဲရယူပေးတယ်။ Alarm တစ်ခုလို အမြဲသတိပေးဂရုစိုက်ပေးတတ်လို့ လုံးဝ Happy ဖြစ်ရင်း သာယာနေရမယ်။
Credit : Scon