ဖိတ်စာကို ဘယ်လိုမျိုးဖိတ်သင့်လဲ

ဖိတ်စာကို ဘယ်လိုမျိုးဖိတ်သင့်လဲ google.com

မင်္ဂလာပွဲလေးအတွက် ပြင်ဆင်နေရတဲ့အချိန်မှာ မင်္ဂလာပွဲလေးကို တက်ရောက်ချီးမြှင့်ပေးရမယ့်

ဧည့်သည်တော်တွေကိုလည်း ဘယ်လို ဖိတ်ကြားရမလဲဆိုတာကို သိထားဖို့လိုမယ်နော်။ အခု ပြောပြပေးချင်တာကတော့ ဖိတ်စာကို မင်္ဂလာမောင်နှံတို့ ကိုယ်တိုင်လိုက်ဖိတ်ရမှာလားဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

 

မင်္ဂလာမောင်နှံတို့ ကိုယ်တိုင် လိုက်ဖိတ်ရမယ့်သူတွေ

 

- မင်္ဂလာပွဲအတွက် အရေးကြီးတဲ့လူကြီးတွေ

- အရံလေးတွေ

- သိပ်ရင်းနှီးတဲ့ သူတွေ

- မင်္ဂလာမောင်နှံလေးတွေရဲ့ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ

- အိမ်နီးနားချင်းတွေ

 

ဒီလူမျိုးလေးတွေကိုတော့ မင်္ဂလာမောင်နှံလေးတို့ ကိုယ်တိုင် လိုက်ဖိတ်မှသာ ရမှာပါနော်။

 

မင်္ဂလာမောင်နှံတို့ ကိုယ်တိုင် လိုက်မဖိတ်လည်း ရတဲ့သူတွေ

 

- သိပ်မရင်းနှီးတဲ့သူတွေ

- မိဘတွေနဲ့ ရင်းနှီးတဲ့သူတွေကို မိဘတွေပဲ သွားဖိတ်တာ ပိုသင့်တော်ပါတယ်။

- မင်္ဂလာပွဲအတွက် သိပ်အရေးမကြီးတဲ့သူတွေ

 

မင်္ဂလာမောင်နှံတို့က ဖိတ်စာကို ကိုယ်တိုင်လိုက်ဖိတ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ ဖြစ်ပေမယ့် အချိန်မလောက်တာမျိုး၊ အခြေအနေမပေးတော့တာမျိုးအတွက်ကိုသာ ဖိတ်စာကိုလက်ဆင့်ကမ်းပေးပါနော်။ မိဘ၊ လူကြီးတွေနဲ့ ရင်းနှီးတဲ့သူတွေအတွက်ကိုတော့ မိဘ၊ လူကြီးတွေ ကိုယ်တိုင်လိုက်ဖိတ်တာက အကောင်းဆုံးပါဆိုတာကို ပြောပြပေးလိုက်ရပါတယ်နော်။

 

မင်္ဂလာမောင်နှံလေးတို့လည်း ချစ်ခြင်းတွေကိုသက်သေထူမယ့် မင်္ဂလာပွဲလေးအတွက်ပြင်ဆင်တဲ့အချိန်မှာ လိုအပ်ချက်မရှိဘဲ အကောင်းဆုံးပြင်ဆင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

 

Credit : Marry

Myanmar Wedding Guide

 

Read times Last modified on Monday, 25 March 2019 16:43
Rate this item
(1 Vote)
Tagged under