မင်္ဂလာဆောင်ခါနီး သတို့သမီးလေးတွေအတွက် ရှောင်ရန်အချက်များ

မင်္ဂလာဆောင်ခါနီး သတို့သမီးလေးတွေအတွက် ရှောင်ရန်အချက်များ google.com

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်တော့မယ်ဆိုရင် စိတ်တွေလှုပ်ရှားပြီး

ပွဲနေ့မှာအလှဆုံးလည်းဖြစ်ချင်တယ်မလားနော်။ ဒီလိုမျိုးပွဲနေ့မှာ အလှဆုံးသတို့သမီးလေး ဖြစ်ချင်တယ်ဆိုရင်တော့ မင်္ဂလာမဆောင်ခင်ကတည်းက ကြိုတင်ပြီး ပြင်ဆင်ထားဖို့ လိုပါတယ်။ ရှောင်ရမှာတွေလည်း ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာပြောပြပေးပါ့မယ်နော်။

 

ဆံပင်ညှပ်လိုက်တာ

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာမဆောင်ခင်မှာ ဆံပင်ညှပ်လိုက်တာမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူးနော်။ သတို့သမီးလေးတို့ ထိုင်မသိမ်း၊ မင်္ဂလာဆွမ်းကျွေး၊ ညစာစားပွဲမှာ ဘယ်လို ဆံထုံးပဲထုံးထုံး ကိုယ့်ရဲ့ နဂိုမူလ ဆံပင်ရှည်လေး ရှိနေမှထုံးဖွဲ့ရတာ ကိုယ့်စိတ်တိုင်းကျ ရမှာလေနော်။ ဆံထုံးကြီးတွေကို အတုတပ်လို့ရပေမယ့် ရှေ့ဆံမြိတ်လေးတွေကျတော့ နဂိုမူလရှိနေမှ ပြေမှာလေနော်။ ကိုယ့်စိတ်တိုင်းကျ ဆံပင်ပုံစံရဖို့အတွက် ဆံပင်ရှည်ဖို့ လိုပါတယ်။

 

မင်္ဂလာပွဲနီးမှ Skin care ပြောင်းသုံးတာ

သတို့သမီးလေးလောင်းလေးတို့ မင်္ဂလာပွဲနီးလေ အသားအရေကိုဂရုစိုက်လေဖြစ်ရမှာ မှန်ပေမယ့် Skin care တွေ ပြောင်းသုံးတာမျိုးတော့ မလုပ်ပါနဲ့နော်။ Skin care ပြောင်းသုံးလိုက်လို့ မတည့်တာတွေ၊ ဝက်ခြံတွေ ထွက်လာတာမျိုးဆိုရင် ပြန်လည်ပျောက်ကင်းဖို့ရာ အချိန်ယူရမယ်လေနော်။ ဒါကြောင့် သတို့သမီးလေးတို့ Skin care တွေပြောင်းမသုံးပါနဲ့။

 

ရေသောက်နည်းတာ

မင်္ဂလာပွဲအတွက်ရက်သတ်မှတ်ပြီးပြီဆိုတာနဲ့ ရေများများသောက်ဖို့လိုပါတယ်။ ရေသောက်နည်းတဲ့အလေ့အကျင့်ကို ပြင်ဖို့လိုပါတယ်နော်။ ရေသောက်နည်းမယ်ဆိုရင် သတို့သမီးလောင်းတို့ အသားအရေ ခြောက်တာ၊ အပူများပြီး အဖုတွေ ထွက်တာ၊ ဝက်ခြံနဲ့ အဆီဖုတွေ ထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။

 

ပွဲရက်နားနီးမှ Waxing မလုပ်ပါနဲ့

မင်္ဂလာဆောင်ရက်နီးမှ Waxing မလုပ်မိဖို့လိုပါတယ်နော်။ ပွဲရက်နားနီးမှလုပ်မယ်ဆိုရင် Waxing နဲ့ မတည့်တာတွေဖြစ်ပြီး အနာတွေဖြစ်တတ်တာကြောင့်ပါ။ သတို့သမီးလေးတို့အနေနဲ့ အများကြီးဂရုစိုက်ဖို့ လိုပါတယ်နော်။

 

ဝိုင်၊ အရက်ရှောင်ပါ

မင်္ဂလာမဆောင်ခင်မှာ သတို့သမီးလောင်းလေးတို့ တခြားသူရဲ့ ညစာစားပွဲတွေတက်ရတာမျိုးလည်း ရှိမှာပါ။ ဒီအခါ ဝိုင်လောက်တော့ Cheer လုပ်ဖြစ်ကြမှာပါ။ တစ်ခွက်တစ်လေကတော့ အဆင်ပြေပေမယ့် ဝိုင်တွေ၊ အရက်တွေ ရှောင်ဖို့တော့ လိုပါတယ်နော်။

မင်္ဂလာဆောင်ခါနီး သတို့သမီးလေးတို့ ရှောင်ရမယ့်အချက်လေးတွေကို သိပြီးပြီဆိုရင်တော့ သေချာကြိုတင်ပြင်ဆင်ထားတော့နော်။ ဒါမှ ပွဲနေ့မှာ အလှဆုံး ဖြစ်နေမှာပါ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 25 March 2019 17:55
Rate this item
(0 votes)
Tagged under