မင်္ဂလာဆောင်တော့မယ့်စုံတွဲလေးတို့ လက်စွပ်ရွေးချယ်တဲ့အခါ

မင်္ဂလာဆောင်တော့မယ့်စုံတွဲလေးတို့ လက်စွပ်ရွေးချယ်တဲ့အခါ google.com

မင်္ဂလာပွဲလေးတစ်ပွဲ အတွက် အဓိကကျတဲ့အရာလေးတွေအထဲမှာ လက်စွပ်လေးတွေကလည်း မပါမဖြစ်ပါပဲ။

မင်္ဂလာလက်စွပ်ဆိုတာကတော့ ချစ်ခြင်းတွေကို သက်သေတည်ထားတဲ့ အရာမို့လို့ သေချာရွေးချယ်ရမှာပဲ ဖြစ်တဲ့အတွက် ဘယ်လိုအရာလေးတွေကိုပါ ထည့်သွင်းစဉ်းစားမလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

 

ဈေးနှုန်းကို ဘယ်လောက်တန်ပြုလုပ်မလဲ

မင်္ဂလာလက်စွပ်ကိုတန်ဖိုးကို ဘယ်လောက်တန် ပြုလုပ်သင့်လဲဆိုတဲ့အချက်ကို အရင်ဆုံးစဉ်းစားရမှာပါ။ လက်စွပ်ဆိုတဲ့အချိန်မှာ မင်္ဂလာမောင်နှံလေးတွေ ပြုလုပ်ရင် ပြုလုပ်ချင်သလောက်တန်ဖိုးကို သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ မင်္ဂလာလက်စွပ်ဆိုတာကတော့ နေ့တိုင်းအချိန်ပြည့် ဝတ်ဆင်ထားရမယ့်လက်စွပ်မျိုး ဖြစ်တာကြောင့် တန်ဖိုးသိပ်ကြီးတာမျိုးထက် ဈေးနှုန်းသင့်တာလေးကို ပိုပြီးသင့်တော်ပါတယ်ဆိုတာကို ထည့်သွင်းစဉ်းစားပေးပါနော်။

 

ဒီဇိုင်းလေးတွေကို ဘယ်လိုပုံစံရွေးချယ်လိုက်မလဲ

မင်္ဂလာလက်စွပ်လေးတွေဆိုတာ အပေါ်က ပြောထားသလိုပါပဲ နေ့တိုင်း၊ အချိန်တိုင်း ဝတ်ဆင်ထားရမယ့်အရာလေးတွေ ဖြစ်တာကြောင့်လည်း ဒီဇိုင်းလေးတွေကို မရွေးချယ်ခင်မှာ ထည့်တွေးရမှာပဲ ဖြစ်ပါတယ်။ အချိန်တိုင်း ဝတ်ဆင်မယ့်လက်စွပ်ဖြစ်တဲ့အတွက် အကြမ်းခံတဲ့ပုံစံလေးတွေကို ဦးစားပေးရွေးချယ်ပါနော်။ အတွန့်လေးတွေ၊ အဖတ်လေးတွေ ပါဝင်တဲ့ပုံစံကတော့ အထိခိုက်မခံဘဲ ပျက်စီးလွယ်နိုင်တယ်ဆိုတာကို ထည့်တွက်ပေးပါနော်။

 

စုံတွဲလေးတို့လည်း ပြောပြပေးတဲ့အရာလေးတွေကို သိထားပေးပြီး မင်္ဂလာလက်စွပ်ကို အဆင်ပြေဆုံး အကောင်းဆုံးကို ရွေးချယ်လိုက်နိုင်ဖို့ ဝေမျှပေးလိုက်ရပါတယ်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 26 March 2019 18:45
Rate this item
(1 Vote)
Tagged under