ပြည့်စုံတဲ့အိမ်ထောင်ရှင်မထက် ကိုယ်ပိုင်စိတ်ချမ်းသာမူကိုဦးစားပေးတဲ့ မိန်းမမျိုးဆိုတာ

ပြည့်စုံတဲ့အိမ်ထောင်ရှင်မထက် ကိုယ်ပိုင်စိတ်ချမ်းသာမူကိုဦးစားပေးတဲ့ မိန်းမမျိုးဆိုတာ google.com

အိမ်ထောင်ကျသွားတဲ့အခါ စိတ်ဆင်းရဲစရာတွေချည်းပဲဆိုရင် အောင်မြင်တဲ့အိမ်ထောင်ရေးကို တည်ထောင်နိုင်ခဲ့သူများဆိုတဲ့

ဆောင်းပါးတွေလည်းထွက်လာစရာအကြောင်းမရှိပါဘူး။ ချစ်လို့ယူပြီးသွားပြီ၊ ကလေးရလာတဲ့အခါလည်း အရင်ကထက် တာဝန်တွေပိလာတာမှန်ပေမယ့်ကိုယ်ပိုင်စိတ်ချမ်းသာမှုတစ်မျိုးကို ရှာတတ်ရင်ရပါတယ်။ ဘယ်လိုနေထိုင်ကျင့်သုံးသင့်လဲဆိုတာ နည်းလမ်းလေးတွေ ပြောပြပေးသွားပါမယ်။

 

ကျန်းမာရေး

ဘာပဲလုပ်လုပ် ကျန်းမာရေးကအဓိကပါပဲ။ ကျန်းမာမှလည်း စိတ်ချမ်းသာနိုင်ပါမယ်။ ကျန်းမာရေးကောင်းနေရင် ဘာပဲလုပ်လုပ်ခက်ခဲတယ်လို့ရယ် သိပ်မရှိဘူး။ ကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်မှုစနစ် သင့်မှာရှိနေသလား။ မြန်မြန် အဆက်ဖြတ်ပစ်လိုက်ပါ။ အာဟာရဖြစ်မယ့် အစားစာတွေစား၊ အိပ်ရေး၀၀အိပ်၊ အချိန်တွေ စီမံခန့်ခွဲပါ။

 

ချစ်တဲ့အလုပ်

ပိုက်ဆံကြောင့် မဟုတ်ဘူး။ ဒါပေမယ့် သင်ဒီအလုပ်ကို ချစ်တယ်။ လူတိုင်းက ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရရင် ပျော်ရွှင်နေတာပါပဲ။ ပိုက်ဆံက အဓိကမကျတော့ပဲ စိတ်ချမ်းသာမှုကအရေးပါလာတယ်။ ဒီအလုပ်က သင့်ကိုငြီးငွေ့မှုတွေ၊ ခေါင်းခြောက်မှုတွေ၊ ပျင်းရိမှုတွေ မပေးဘူး။ အမြဲတမ်း စိတ်ခံစားချက် အသစ်သစ်တွေ ပေးစွမ်းနေတယ်။ ဒါကြောင့် ကိုယ်ဝါဿနာပါတာနဲ့ လုပ်နေတဲ့အလုပ် ထပ်တူကျဖို့လိုတယ်လို့ပြောတာပေါ့။

 

သူငယ်ချင်းအစစ်မှန်

သူငယ်ချင်းအစစ်မှန်ဆိုတာရခဲပါတယ်။ ကိုယ်ပေါင်းတဲ့အပေါင်းသင်းတိုင်း ကိုယ့်အပေါ်ကောင်းချင်မှ ကောင်းလိမ့်မယ်။ သင့်ကိုအရှိကို အရှိတိုင်းနားလည်ပေးနိုင်တဲ့ သူငယ်ချင်းမျိုးရှားတယ်။ ရှိခဲ့ရင်လည်း သင်ကံကောင်းပါတယ်။ အတူတူရယ်မောပြီး အတူတူငိုခဲ့ဖူးတဲ့လူတွေကိုတော့ ဘ၀မှာမေ့မလွယ်ဘူး။ ဘယ်သူမရှိတော့ရင်တောင် ဒီသူငယ်ချင်းက သင့်ကိုဖမ်းဆုပ်ပေးထားမှာပါ။

 

ဝါသနာ

ဝါသနာနဲ့ စိတ်ဝင်စားမှုဟာ ဆက်စပ်မှုတော့ရှိပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အရာတွေပေါ်မှာ အချိန်ဖြုန်းတီးခြင်းက တန်ပါတယ်။ သင့်ကိုရင့်ကျက်တဲ့လူတစ်ယောက်အဖြစ်လည်း ပုံသွင်းပေးနိုင်တယ်။ စိတ်ဝင်စား၊ ၀ါဿနာပါတဲ့အရာကို အချိန်နည်းနည်းစီလုပ်ပေးရင်းတကယ်ပညာရှင်အဆင့်ထိဖြစ်သွားတဲ့လူတွေလည်းရှိပါတယ်။

 

ငွေစုဆောင်းရေး

မိုးရွာမယ့်နေ့တွေအတွက် ကြိုတင်ပြင်ဆင်ထားပါတဲ့။ ချေးငွေတွေ၊ ၀ယ်ရခြမ်းရမယ့်ပစ္စည်းစာရင်းနဲ့ ကိုယ့်ဘာသာသုံးစွဲချင်တဲ့ ပိုက်ဆံတွေကိုတစ်လစီ ခွဲခြားထားပါ။ သေချာစိစစ်ပြီးမသုံးရင် ကိုယ်ရှာသမျှက အလကားပါပဲ။ ဒီနေ့လစာထုတ် နောက်နေ့ကုန်ဆိုတာတော့မဟုတ်သေးဘူး။ ဘာတွေမှားနေလဲ သေချာပြန်ဆန်းစစ်ဖို့လိုပြီနော်။

 

ကိုယ့်ကိုယ်ကိုယ်လေးစားခြင်း

ကိုယ့်တန်ဖိုး ကိုယ်မြင့်တင်ပါ။ ဒါအတွက် အခြားလူက သတ်မှတ်ပေးရတာမျိုးအဖြစ်မခံပါနဲ့။ နှလုံးသားကပြောတာ နားထောင်ပါ။ ပြီးရင် လုပ်ချင်တာကို ဘာမှထိန်းချုပ်မနေဘဲလုပ်လိုက်ပါ။ ပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်း ကိုယ်နဲ့ပဲသက်ဆိုင်တယ်။ ဖြစ်သမျှအရာအားလုံး ခံယူထားမယ်လို့ စဉ်းစားထားရင် တွေဝေမနေဘဲ ကဲလိုက်ပါ။ ပတ်ဝန်းကျင်ပြောင်းလဲဖို့လိုရင် ပြောင်းပါ။ ကိုယ့်ကိုယ်ကို အသိမှတ်ပြုတဲ့ လုပ်ငန်းခွင်မှာနေပါ။ သင့်ကိုပြိုလဲအောင်လုပ်တဲ့လူ၊ မတူမတန်သလို ဆက်ဆံတဲ့လူတွေဆို စိတ်ထဲမှတ်မထားပဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။

 

ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပါစေ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကောင်းမွန်တဲ့ ရုပ်ရှင်ကားတွေကြည့်ပါ။ အခြေအနေလိုက် လက်ဆောင်ပစ္စည်းတွေမျှဝေပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားစာတွေစားပြီး ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ။အရမ်းစိတ်ပူပင်သောကရောက်စေမယ့် အတွေးတွေ ခေါင်းထဲကထုတ်ပါ။

 

Credit : MMONLINEMEDIA

Myanmar Wedding Guide

Read times Last modified on Thursday, 11 April 2019 17:23
Rate this item
(1 Vote)