ဒီလိုချစ်သူမျိုးက သင်ကို ဆုံးရှုံးရမှာကြောက်လို့ တွေးပူနေတတ်တဲ့ချစ်သူမျိုးပါ

ဒီလိုချစ်သူမျိုးက သင်ကို ဆုံးရှုံးရမှာကြောက်လို့ တွေးပူနေတတ်တဲ့ချစ်သူမျိုးပါ google.com

သင့်ကို အရမ်းချစ်ပြီး သင်ဘာပဲလုပ်လုပ် အမြဲစောင့်ကြည့်နေတဲ့ ချစ်သူမျိုးရှိနေပြီလား။ တကယ်လို့ ရှိနေပြီဆိုရင်တော့

သူ့ကိုနားလည်ပေးလိုက်ပါ။ သင့်ကို အဆုံးရှုံးမခံနိုင်လောက်အောင်ကိုချစ်လို့ ဒီလိုတွေ စိတ်ပူနေတတ်တာပါ။ အဲ့လို သင့်အတွက်ကိုပဲ တွေးပူနေတတ်တဲ့ချစ်သူရှိနေပြီးဆိုရင် သူ့ကို အဆုံးရှုံးမခံလိုက်ပါနဲ့။

 

- သူနဲ့မဆိုင်တဲ့ status လေးတစ်ခုတင်မိလိုက်တာနဲ့ ဘယ်သူနဲ့ဘာဖြစ်လို့လဲ၊ သူကျတော့ဘာလို့မပြောတာလဲဆိုပြီး ပြာပြာသလဲဖြစ်သွားတတ်တဲ့ ချစ်သူမျိုး။

 

- ဖေ့ဘွတ်ပေါ်မှာ သင်တင်မယ့် ဓာတ်ပုံတစ်ပုံနဲ့ပတ်သက်ပြီး ဒါမတင်နဲ့မကြိုက်ဘူးလို့ ပြောတတ်တဲ့ချစ်သူမျိုး ။ နောက်ဆုံး သူတင်ခိုင်းလိုက်တဲ့ ဓာတ်ပုံတွေက မလှတဲ့ပုံတွေချည်းပါပဲ။

 

- သင်အပြင်ထွက်ပြီးဆိုတာနဲ့ ဘာဝတ်သွားတာလဲ၊ ဘယ်သူတွေနဲ့လဲ ၊ ဘယ်ကိုသွားမှာလဲ ဆိုတာတွေ အားလုံးကို အစီရင်ခံတင်သွားခိုင်းတတ်တဲ့ချစ်သူမျိုး။ အတိုတွေဝတ်သွားမိရင် ပြောလို့ကို မဆုံးနိုင်လောက်အောင်ရစ်တယ်။

 

- အပြင်ရောက်နေပြီးဆိုတာနဲ့ ဖုန်းတွေ ခဏခဏဆက်တတ်တဲ့ချစ်သူမျိုး။ သင်သာ ဖုန်းတစ်ခါမကိုင်လိုက်မိရင် ပြဿနာ အကြီးကြီးတွေရှာတတ်တယ်။

 

- ဖေ့ဘွတ်မှာ သင်တစ်ယောက်တည်းပုံကိုပဲ အသဲတွေလာပေးထားရင်လည်း ဒေါသတွေထွက်နေတတ်တဲ့ ချစ်သူမျိုး။ သူက ဘယ်သူလဲ၊ ဘာလို့ အသဲတွေပေးနေရတာလဲဆိုပြီး တပျစ်တောက်တောက် လိုက်မေးပြီး ဒေါသတွေဖြစ်နေတတ်ပါတယ်။

 

Credit : lwinpyin

Myanmar Wedding Guide

Read times Last modified on Thursday, 11 April 2019 17:44
Rate this item
(1 Vote)