ကိုယ်ချစ်သူလေးဝမ်းနည်းနေတာကို ဘယ်လိုသိနိုင်မလဲ

ကိုယ်ချစ်သူလေးဝမ်းနည်းနေတာကို ဘယ်လိုသိနိုင်မလဲ google.com

တစ်ယောက်နဲ့တစ်ယောက်က ချစ်လို့ပတ်သက်ကြတာမှန်ပေမယ့် ကိုယ့်ကြောင့် သူ့ကိုစိတ်မဆင်းရဲစေချင်တာကြောင့်

သူကိုမပြောပြဘဲ တစ်ယောက်ထဲ ကြိတ်ခံစားနေတတ်ပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူကို အကဲခတ်ပြီး အတွင်းစိတ်ကို ဘာသာပြန်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းကို စိတ်ပညာရှင်တွေကတွေ့ရှိထားပါတယ်။ တကယ်လို့သာ ကိုယ်ချစ်သူမှာ ဒီလိုအပြုအမူရှိနေပြီဆိုရင်တော့ သူမအတွက် အကောင်းဆုံးဂရုစိုက်ပေးပြီး စိတ်ခံစားချက်တွေကို သက်သာစေနိုင်မယ့် အပြုအမူလေးတွေကို ပြုလုပ်ပေးသင့်ပါတယ်။

 

ဟက်ဟက်ပက်ပက်ရယ်ခြင်း

ကိုယ်ချစ်သူက တစ်ယောက်တည်း ဝမ်းနည်းအထီးကျန်နေပြီဆိုရင် သိပ်မရယ်ရတဲ့ ဟာသကိုတောင် ဟက်ဟက်ပက်ပက်နဲ့ ရယ်တတ်ကြပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို သူမကို ယုယုယယထွေးပွေ့ခြင်း၊ လုံခြုံနွေးထွေးအောင် ဂရုစိုက်ခြင်း၊ သူမအနားမှာနေပြီး ကူညီပေးတာတွေကိုလုပ်ပေးသင့်ပါတယ်။ သူမသွားချင်တဲ့နေရာလေးတွေခေါ်သွားပြီး ပျော်ရွှင်အောင်လုပ်ပေးတာတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်နော်။

 

နေ့နေ့ညညအိပ်နေခြင်း

သူမက ကိုယ်ချစ်သူအနားမှာရှိနေရင်တောင် ပျော်ပျော်ရွှင်ရွှင်တတ်တတ်ကြွကြွမရှိဘဲ ငြိမ်ငြိမ်နေခြင်း၊ မှီနေခြင်း၊ အိပ်ဖို့ကြိုးစားနေခြင်း၊ မျက်လုံးကိုပဲ ပိတ်ထားတာတွေ လုပ်နေပြီဆိုရင်တော့ သူမတော်တော်ကို ဝမ်းနည်းနေလို့ဖြစ်ပါတယ်။ ဝမ်းနည်းခြင်း ခံစားချက်က လူကိုလေးလံစေနိုင်ပါတယ်။ ဒါကြောင့် သူမဝမ်းနည်းနေရင် စိတ်သက်သာအောင် အထူးကို ဂရုစိုက်ပေးသင့်ပါတယ်။

 

တစ်ချိန်လုံး TV ဖွင့်ထားခြင်း

သူမ အထီးကျန်ပြီး ဝမ်းနည်းနေတယ်ဆိုရင် အမြဲပြုလုပ်တတ်တဲ့ အကျင့်တစ်ခုကတော့ ကြည့်ကြည့်မကြည့်ကြည့် TV ကို ဖွင့်ထားတတ်ပါတယ်။ တစ်ယောက်တည်းရှိနေချိန်မှာ TV ဖွင့်ထားခြင်းက စကားပြောဖော်ပုံစံဖြင့်သလို တစ်ယောက်တည်း အထီးကျန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အထီးကျန်သလို ခံစားရတတ်တဲ့သူတော်တော်များများကတော့ အမြဲတမ်းလိုလို TV ကို ဖွင့်ထားတတ်ကြပါတယ်။

 

Credit : myanmaplatform

Myanmar Wedding Guide

Read times Last modified on Friday, 19 April 2019 17:12
Rate this item
(1 Vote)