ခေတ်နဲ့အညီပြောင်းလဲလာတဲ့ Wedding Trends များ

ခေတ်နဲ့အညီပြောင်းလဲလာတဲ့ Wedding Trends များ google.com

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်တော့မယ့်ဆိုရင် စီစဉ်စရာတွေ၊ သိထားသင့်တာတွေ အရမ်းကိုများပါတယ်။

ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ Trend တွေကလည်း အမြဲတမ်းပြောင်းလဲနေတာပါ။ ဒီနှစ်ထဲမှာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့သူစုံတွဲလေးတွေရှိတယ်ဆိုရင် ပြောင်းလဲလာတဲ့ ဒီ Wedding Trend လေးတွေကို သိထားဖို့လိုအပ်ပါတယ်။ ဘာတွေလည်းဆိုတာကိုတော့ အောက်မှာပြောပြပေးထားပါတယ်နော်။

 

Pocket Wedding Dress

နိုင်ငံတကာမှာဆိုရင်တော့ လက်နှိုက်စရာ အိတ်ကပ်လေးပါတဲ့ Pocket wedding dress ဒီဇိုင်းလေးတွေ ခေတ်စားနေပါတယ်နော်။

 

Causal Pre Wedding

Pre-wedding ကို အရင်က မြန်မာဝတ်စုံ၊ အနောက်တိုင်းဝတ်စုံတွေနဲ့ သေသေချာချာပြင်ဆင်ပြီးရိုက်ကြပေမယ့် ဒီနောက်ပိုင်းမှာတော့ ပေါ့ပေါးပါးပါပုံစံ Pre-wedding တွေကိုပဲ လူငယ်အများစုက သဘောကျလာကြပါတယ်။

 

မင်္ဂလာအရောင်

အရင်ကဆို မင်္ဂလာအရောင်ကို အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်လောက်ပဲ သက်မှတ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ ခရမ်းရောင်၊ လိမ္မော်ရောင် စသဖြင့် ဝတ်ဆင်လာကြတာတွေ့ရပါတယ်။

 

လက်ဖွဲ့ငွေတောင်းခံခြင်း

မင်္ဂလာပွဲတွေက ဈေးမသက်သာပါဘူး။ အနည်းနဲ့အများ ငွေကုန်ကြေးကျခံရတာချည်းပါပဲ။ ဒါကြောင့် နောက်ပိုင်း မင်္ဂလာပွဲတွေမှာ အသုံးမလိုတဲ့ပစ္စည်းတွေအစား ငွေကြေးသာလက်ဖွဲ့ဖို့ တောင်းဆိုလာကြပါတယ်။ ဒီနှစ်မှာတော့ ဒီလို လက်ဖွဲ့စာအိတ်ပေးတာတွေ ပိုများလာတာတွေ့ရမှာပါ။

 

မင်္ဂလာပွဲအပြင်အဆင်

မင်္ဂလာပွဲအပြင်အဆင်ပိုင်းမှာတော့ သဘာဝနဲ့နီးစပ်ပြီး Eco-friendly ပုံစံလေးတွေ ပြင်ဆင်လာကြပါတယ်။

 

စုံတွဲလေးတွေအားလုံး ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲလေးပိုင်ဆိုင်နိုင်ကြပါစေနော်။

 

Credit : Bride to Be Magazine

Myanmar Wedding Guide

Read times Last modified on Monday, 22 April 2019 15:31
Rate this item
(1 Vote)