မိန်းကလေးတွေ ထားသွားရတဲ့  အကြောင်းအရင်း

မိန်းကလေးတွေ ထားသွားရတဲ့  အကြောင်းအရင်း google

အချစ်တစ်ခုရေရှည်ခိုင်မြဲဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု၊ နားလည်မှုနဲ့ ယုံကြည်မှုတို့ရှိဖို့လိုပါတယ်။

ဒါပေမယ့် နှစ်ယောက်ကြားမှာအဲ့ဒီလိုအရာတွေပြည့်စုံပါလျက်နဲ့ ချစ်သူကောင်မလေးက ထားသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလိုပြည့်စုံရဲ့သားနဲ့ မိန်းကလေးဘက်က ထားသွားတယ်ဆိုတာကတော့ ဒီအချက်တွေကြောင့်ဖြစ်ပါတယ်။

 

သင်ကအားကိုးလို့မရတဲ့ယောကျာ်းတစ်ယောက်ဖြစ်နေလို့

 

ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပြီး အမှီအခိုကင်းတဲ့မိန်းကလေးဖြစ်ပါစေ၊ ကိုယ့်ချစ်သူကိုတော့ ကိုယ့်ထက်ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့၊ အားကိုးရလောက်တဲ့သူမျိုးဖြစ်စေချင်ပါတယ်။ ကိုယ့်လောက်အဖြစ်မရှိတဲ့၊ အားမကိုးရလောက်တဲ့ယောက်ျားတစ်ယောက်ကို ဘယ်မိန်းကလေးမှ ရေရှည်လက်တွဲချင်မှာမဟုတ်ပါဘူး။

 

သူမအပေါ်မှာ မျှော်လင့်တာတွေအရမ်းများလို့

 

လူတော်တော်များများဟာ ကိုယ့်ချစ်သူကို အကောင်းဆုံးနဲ့ အဖက်ဖက်ကပြီးပြည့်စုံတဲ့သူတစ်ယောက်အဖြစ်မျှော်လင့်တတ်ကြပါတယ်။ အဲ့ဒီမျှော်လင့်ချက်က ကြီးမားလွန်းတဲ့အခါ ကိုယ့်ချစ်သူကို ကိုယ်မျှော်လင့်ထားသလိုမဖြစ်ဖြစ်အောင် ဖိအားပေးတတ်ကြပြီး အဲ့ဒီဖိအားတွေကြောင့် တစ်ဖက်သားက မခံမရပ်နိုင်လောက်အောင်မွန်းကြပ်လာတဲ့အခါ ဘယ်လောက်ချစ်ချစ်စွန့်ခွာသွားတတ်ကြပါတယ်။

 

သူမကိုထိန်းချုပ်ဖို့ကြိုးစားလို့


အချစ်မှာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် လွတ်လပ်ခွင့်ကိုလည်းတန်ဖိုးထားဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ယောက်က နောက်တစ်ယောက်ကို ထိန်းချုပ်ဖို့ကြိုးစားလာတဲ့အခါ နှစ်ယောက်သား ဝေးကွာဖို့အစပြုလာနိုင်ပါတယ်။ ဒါကြောင့် သူမ သင့်ကို ထားသွားခဲ့ရင် သင့်ဘက်က သူ့ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ဖူးလားဆိုတာလေး ပြန်စဉ်းစားကြည့်ပါ။

 

သင်က ကလေးဆန်ပြီး မရင့်ကျက်လို့


မိန်းကလေးတိုင်းက ကိုယ့်ချစ်သူကို တည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်စေချင်တာပါပဲ။ ကလေးဆန်ပြီး မရင့်ကျက်တဲ့သူတစ်ယောက်နဲ့ ရေရှည်လက်တွဲသွားဖို့ဆိုရင် တော်တော်လေးစဉ်းစားရမယ့်ကိစ္စဖြစ်လို့နေတာကြောင့် မိန်းကလေးဘက်ကထားသွားဖို့များနေပါတယ်။

 

သင်တို့နှစ်ယောက်ရဲ့အနာဂတ်ရည်မှန်းချက်တွေကွာဟလွန်းလို့

 

အနာဂတ်ရည်မှန်းချက်ကွာဟတယ်ဆိုတာ တစ်ယောက်က ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတဲ့အချိန်မှာ တစ်ယောက်က အင်ဂျင်နီယာဖြစ်ဖို့ကြိုးစားနေတာမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ တစ်ယောက်က အလုပ်အကိုင်တစ်ခုရဖို့ လုံးပန်းနေချိန်မှာ တစ်ယောက်က အလုပ်လုပ်ရကောင်းမှန်းမသိ၊ အလေလိုက်နေတာမျိုး၊ အပျော်အပါးမက်နေတာမျိုး၊ အနာဂတ်အတွက် ဘာအစီအစဉ်မှမရှိဘဲ ပေါ့ပျက်ပျက်နေနေတာမျိုးကိုဆိုလိုတာပါ။ ဒီလိုသာ ကွာခြားနေရင်တော့ နှစ်ယောက်သားက ဝေးသွားဖို့များနေပါပြီ။

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under