ကိုယ်ချစ်တဲ့ သူကို စနှိုက်ကြော်မတွေ လက်ထဲမပါအောင် ဒါလေးတွေလုပ်ပေးပါ

ကိုယ်ချစ်တဲ့ သူကို စနှိုက်ကြော်မတွေ လက်ထဲမပါအောင် ဒါလေးတွေလုပ်ပေးပါ google

ခုခေတ်မှာ အားလုံးသိကြတဲ့အတိုင်း စနိုက်ကြော်မတွေရဲ့ရန်ကို ချစ်သူရှိတဲ့မိန်းကလေးတွေတိုင်းက စိတ်ပူနေရတာဖြစ်ပါတယ်။

ကိုယ်တကယ်ချစ်လို့ တွဲတဲ့ချစ်သူကို သူများလက်ထဲပါမသွားစေချင်တာတော့ မိန်းကလေးအားလုံးရဲ့ အတ္တပါ။ ချစ်သူကို စနိုက်ကြော်မတွေရဲ့လက်ထဲမပါစေချင်ရင် အစကတည်းက ဒီနည်းလမ်းလေးတွေနဲ့ ချုပ်ထားပါနော်..။

 

 ဒေါသကိုထိန်းပါ

 

ရန်ဖြစ်တဲ့အခါ လူတိုင်းကတော့ စိတ်လွတ်ကိုယ်လွတ် ပေါက်ကွဲချင်ကြတာ ချည်းပါပဲ။ ဒါပေမယ့် သင်သိထားရမှာက အဲလိုပေါက်ကွဲလိုက်ရင် သင့်စိတ်တွေပေါ့သွားပြီး ခဏနေရင် စိတ်ပြေသွားတာတော့ မှန်ပေမယ့် သင့်ချစ်သူရဲ့ရင်ထဲမှာတော့ ထင်ကျန်သွားမှာပါ။ တစ်ခါကနေ နှစ်ခါများလာတဲ့အခါမှာတော့ ဒဏ်ရာတွေဖြစ်လာပြီး သင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။ ဒီလိုအချိန်မှာ စနိုက်ကြော်မတွေအတွက် အခွင့်ကောင်းပါပဲနော်။ ဒါကြောင့် အစကတည်းက ဒေါသကိုထိန်းတတ်အောင်ကြိုးစားပါ။

 

အလျှော့ပေးပါ


မိန်းကလေးတော်တော်များများ လွဲမှားနေတဲ့အရာကတော့ အမြဲတမ်းအနိုင်လိုချင်သလောက် ဘယ်တော့မှ အလျှော့မပေးချင်တာပါပဲ။ သင်သိထားဖို့က သင်ချည်းပဲ အမြဲတမ်းမမှန်နေနိုင်ပါဘူး။ တစ်ခါတလေ သင့်ကိုယ်သင်အရမ်းမှန်တယ်လို့ ထင်နေရင်တောင် သင့်ချစ်သူကို လျှော့ပေးလိုက်ပါ။ ဆယ်ခါမှာ တစ်ခါလောက်တော့ လျှော့ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ သင်လုပ်တာသာအမှန်၊ သင့်စိတ်ချည်းပဲ အလိုလိုက်နေရင်တော့ ကြာလာတဲ့အခါ စနိုက်ကြော်တွေအတွက် အခွင့်ကောင်းဖြစ်သွားပြီး သင့်ချစ်သူလည်းပါသွားမှာပါ။

 


အကောင်းမြင်ပါ

 

လူတိုင်းဟာ မပြည့်စုံနိုင်ပါဘူး။ အားနည်းချက်ကိုယ်စီရှိနေကြတာပါ။ သင့်ချစ်သူမှာလည်း အမှားတွေ၊ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒီအရာကို သင်နားလည်ပေးရပါမယ်။ ချီးကျူးပြောဆိုတာတွေ၊ အားပေးတာတွေ၊ အပြုသဘောဆောင်တဲ့ အပြုအမူလေးတွေကို အမြဲတမ်းပြုမူပေးရပါမယ်။ ဒီလိုမှမဟုတ်ပဲ အမြဲတမ်း ပြစ်တင်ကြိမ်းမောင်းပြီး အမှားတွေကိုပဲ မီးမောင်းထိုးနေမယ်ဆိုရင်တော့ ကြာလာတဲ့အခါ သင့်ကို စိတ်ကုန်သွားပြီး စနိုက်ကြော်မလက်ထဲပါသွားမှာပါ။

 

ယုယကြင်နာပါ

 

ယောကျာ်းလေးတွေဟာ အပြင်ပန်းကသာ ကျားကျားလျားလျား သန်သန်မာမာဖြစ်တာ၊ အတွင်းထဲမှာတော့ အရမ်းကို နူးညံ့ကြပါတယ်။ ရှက်တတ်တဲ့နေရာ၊ အားနာတတ်တဲ့နေရာမှာ နှစ်ယောက်မရှိသလို၊ ချစ်ခင်ယုယခံချင်တဲ့နေရာမှာလည်း နှစ်ယောက်မရှိပါဘူး။ ဒါကြောင့် ချိုသာတဲ့စကားလေးတွေ၊ ကြင်နာယုယမှုတွေနဲ့ တီတီတာတာ ချွဲချွဲနွဲ့နွဲ့နေတတ်အောင်ကြိုးစားပါ။ ဒီလိုမှမဟုတ်ရင်တော့ စနိုက်ကြော်မတွေရဲ့ ယုယမှုတွေထဲသာယာပြီး ကောက်ကောက်ပါသွားပါလိမ့်မယ်။

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under