မင်္ဂလာပွဲကျင်းပနိုင်သည့် Million Coins Restaurant

မင်္ဂလာပွဲကျင်းပနိုင်သည့် Million Coins Restaurant google

ယနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ခန်းမတစ်ခုကိုဖော်ပြေပေးမှာပဲဖြစ်ပါတယ်။

ထို restaurant ကတော့ သုံးရာသီမှတ်တိုင်၊ ကမ္ဘောဇဘဏ်နောက်ကျော၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မင်္ဂလာခန်းမဖြစ်ပါတယ်။

Million Coins Restaurant တွင် ရှိသော မင်္ဂလာခန်းမက လူဦးရေ ၁၀၀ နီးပါးဆံ့ပြီးတော့ ဆိုင်ရှေ့ဘက်စားပွဲဝိုင်းများတွင် လူဦးရေ ၅၀ နီးပါးခန့်ဆံ့ပါသည်။

ခန်းမဈေးနှုန်းကတော့ မင်္ဂလာခန်းမအတွက်က ၂ သိန်းရှိပြီးတော့ စားပွဲဝိုင်းများထပ်ယူပါက ၅ သောင်းကျမှာ ပဲဖြစ်ပါတယ်။

Wedding Hall တွင် အပြင်အဆင်အားလုံးကို ဆိုင်ကတာဝန်ယူပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။

အစားအသောက်အနေနဲ့ ရေခဲမုန့်နှင့် ကြက်ဆီထမင်း (သို့) ထောပတ်ထမင်း (သို့) ဒန်ပေါက်ကို ရရှိနိုင်မှာဖြစ်ပြီး ဧည့်သည်တစ်ဦးလျှင် ၃၅၀၀ နှုန်းကျမှာပဲဖြစ်ပါတယ်။

ဆက်သွယ်ရန်- 0973092221

Read times
Rate this item
(1 Vote)