ကိုယ့်ရဲ့လက်တွဲဖော်မှာ ရှိသင့်တဲ့  အရည်အချင်းများ

ကိုယ့်ရဲ့လက်တွဲဖော်မှာ ရှိသင့်တဲ့  အရည်အချင်းများ google

မိဘတိုင်းဟာ အိမ်ထောင်မှုကိစ္စမှာ သားသမီးတွေထက် အတွေ့အကြုံ ပိုရှိသူများပီပီ၊ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး၊ အိမ်ထောင်ဘက် ရွေးချယ်တဲ့အမျိုးသားမှာ

အောက်ပါအရည်အချင်းတွေနဲ့ တတ်နိုင်သမျှ ပြည့်စုံစေချင်ကြပါတယ်။ ဒါကြောင့်  အမျိုးသမီးပရိသတ်ကြီးလည်း မိဘရဲ့ ဆန္ဒကို လေးစားသောအားဖြင့် မှန်ကန်တဲ့ ကြင်ယာဖက်ကို ရွေးချယ်နိုင်ကြပါစေကြောင်း။

 

 

ကြိုးစားရိုးသားသူဖြစ်ရမယ်

 

မည်သူမဆို တစ်ဘဝလုံး လက်တွဲသွားမယ့် သူကို အကောင်းဆုံး ရွေးချယ်ကြမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ အခြားအရေးသိပ်မပါတဲ့ အချက်တွေကို ဦးစားပေးမိလို့ အရေးပါတာတွေအတွက် လစ်ဟင်းသွားတတ်ပါတယ်။ ဒါဟာ ဟန်ဆောင်ကောင်းတဲ့ အိမ်ထောင်ဘက်နဲ့ တွေ့တဲ့အခါမျိုးမှာ ကြုံရတတ်ပါတယ်။ အကြောင်းကတော့ တစ်ချို့က မျက်မြင်အရ မခုတ်တတ်တဲ့ ကြောင်လို နေတာဖြစ်ပေမယ့် မျက်ကွယ်ရောက်ရင် ကမြင်းကြောထတတ်ကြပါတယ်။

 

 

မိဘတွေကို ရိုသေကိုင်းရှိုင်းရမယ်

 

နှစ်ဘက်မိဘတွေအပေါ်မှာ ရိုသေကိုင်းရှိုင်းတဲ့ သူမျိုးနဲ့မှ သမီးဖြစ်သူကို အဆင်ပြေစေချင်ပါတယ်။ ကိုယ့်မိဘကိုတောင် မရိုသေတဲ့ လူဟာ အခြားသူရဲ့ မိဘကို ရိုသေလေးစားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ သမီးအိမ်ထောင်ကျကာမှ သားအမိချင်း စိတ်ဝမ်းကွဲစေရမယ့် အရာမျိုးကိုလည်း မိဘတွေက ကြုံချင်မှာ မဟုတ်ပါဘူုး။

 

စိတ်ဓာတ်မြင့်မားသူ ဖြစ်ရမယ်

 

သမီးရှင်တိုင်းဟာ လောကဓံနဲ့ရင်ဆိုင်ရတဲ့အခါတိုင်း ရဲ့ရင်တဲ့စိတ်၊ မလျှော့သော လုံ့လ၊ ဒူးမထောက် လက်မမြှောက်ပဲ ဇနီးဖြစ်သူရဲ့ လက်ကိုဆွဲပြီး ဦးဆောင်တိုက်ပွဲဝင်နိုင်တဲ့ ကြင်ယာဖက်မျိုးနဲ့ သမီးဖြစ်သူကို ရေစက်ဆုံစေချင်ကြပါတယ်။ သမီးရဲ့ ကြင်ယာဖက်ဟာ အမျိုးသမီးတစ်ယောက် အားကိုးထိုက်လောက်တဲ့ အရည်အချင်းမျိုး ရှိစေချင်ကြတာ မိဘတိုင်းရဲ့ စေတနာပါ။

 

 

သပ်သပ်ရပ်ရပ် စည်းကမ်းရှိသူ ဖြစ်ရမယ်

 

စည်းကမ်းဟာ လူ့တန်ဖိုး ဖြစ်ပါတယ်။ စည်းကမ်းရှိတဲ့သူဟာ တန်ဖိုးရှိတဲ့ သူပါဘဲ။ သမီးငယ်နဲ့ လက်ဆက်မယ့် အမျိုးသားကိုလည်း ဒီလိုပဲ စည်းနဲ့ကမ်းနဲ့ ရှိစေချင်ပါတယ်။ မသောက်ရ မနေနိုင်လို့ သောက်ရင်တောင် စည်းနဲ့ကမ်းနဲ့ သောက်တတ်ရင် ယောက္ခမ၊ ဇနီး ကြည်ဖြူကြပါတယ်။

 

 

ပညာအမြော်အမြင်နဲ့ ပြည့်စုံသူ ဖြစ်ရမယ်

 

အိမ်ထောင်တစ်ခုကို ထိန်းသိမ်းတဲ့အခါမှာ အိမ်ထောင်ဦးစီးလုပ့်မယ်သူဟာ ဘဝအရည်အချင်းတွေ၊ ပညာအမြော်အမြင်တွေနဲ့ ပြည့်စုံနေဖို့ လိုပါတယ်။ ဇနီးသည်ကို သင်ပြထိန်းကျောင်းရင်း ဘဝရဲ့ အရေးပေါ်အခြေအနေတွေကို တွက်ဆရမှာလည်း ပညာဉာဏ်မရှိရင် အမှားအမှားအယွင်းယွင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိဘတွေဟာ သမီးရဲ့ အိမ်ထောင်ဘက်ကို ပညာအမြော်အမြင်နဲ့ ပြည့်စုံစေချင်ကြပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under