မြက်ခင်းပြင်မှာ မင်္ဂလာပွဲ လုပ်တော့မယ်ဆိုရင် သိထားသင့်သောအရာများ

မြက်ခင်းပြင်မှာ မင်္ဂလာပွဲ လုပ်တော့မယ်ဆိုရင် သိထားသင့်သောအရာများ google

ဘဝတစ်သက်မှာတစ်ခါ မင်္ဂလာဆောင်ရတဲ့ မင်္ဂလာဆောင်ပွဲလေးကို ဘယ်လိုနေရာမျိုးတွေမှာ လုပ်မယ်စိတ်ကူးထားလဲ..

အခုခေတ်နောက်ပိုင်း မင်္ဂလာပွဲကို မြက်ခင်းပြင်မှာ လုပ်တာတွေရှိလာကြပါပြီ။ မြက်ခင်းပြင်မှာ ဆောင်ရင် သိထားရမယ့် အချက်လေးတွေက ဘယ်လိုအချက်တွေလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

မြက်ခင်းပြင်မှာ မင်္ဂလာပွဲလေး ကျင်းပမယ်ဆိုရင် ပန်းအပြင်အဆင်ကိုလည်း သေချာလေး အထူးဂရုပြုပေးဖို့ လိုအပ်ပါတယ်။ မြက်ခင်းပြင်မှာဆိုရင်တော့ ပန်းအပြင်အဆင်က ထင်းထင်းလင်းလင်းကို ဖြစ်နေမှာ သေချာပါတယ်။ ဒါမှ မြက်ခင်းပြင်မှာ ကိုယ့်မင်္ဂလာပွဲလေးက ထင်းထင်းလေးရှိနေမှာပါ။ ရာသီဥတု ကတော့ မိုးဝင်ခါနီး၊ မိုးကုန်ခါနီးတွေမှာ မကျင်းပပဲ မိုးလုံးဝလွတ်တဲ့ အချိန်မှသာ ကျင်းပတာ ပိုအဆင်ပြေမှာပါ။

 

မြက်ခင်းပြင်မှာ ညစာစားပွဲဆိုရင် ပြဿနာ မရှိပေမယ့် မနက်ခင်းပွဲဆိုရင်တော့ နေရာရဲ့ အနေအထားကိုလည်း သတိထားရပါမယ်နော်။ နေပူလား၊ နေပြောက်တွေ များများရှိလား၊ မြက်ခင်းက အရမ်းခြောက်သွေ့လား၊ လေတိုက်တဲ့အခါမှာရော လေပူတွေလား၊ ရေကန်နားနီးရင် လေတိုက်ရင် အေးတယ်လေနော်။ ဒီတော့ ပွဲကိုလာမယ့် ဧည့်သည်တွေ သက်တောင့်သက်သာ ရှိဖို့အတွက် မြက်ခင်းပြင်နေရာ ရွေးတဲ့အခါ သတိထားပေးပါ။

 

မြက်ခင်းပြင်ရဲ့ အားသာချက်ကတော့ ဧည့်သည်များများ ပိုဆန့်နိုင်တာပါပဲ။ အားလုံးလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှိတယ်လို့ ခံစားရမှာပါ။ ဧည့်သည်တွေအတွက် နေရာထိုင်ခင်း စီစဉ်တာကအစ သေချာဖို့ သတိထားပါ။ ခုံတွေ အများကြီး ခင်းထားပြီး လူကျဲရင် မြက်ခင်းပြင်ကြီးထဲမှာ တကွက်စာလောက်ပဲ လူစုနေတာက အရမ်းမလှဘူးလေနော်။ ဒါကြောင့် ဧည့်သည်အရေအတွက်ကိုလည်း သတိထားပေးပါ။

 

 

 

Myanmar Wedding Guide

  
Read times
Rate this item
(0 votes)
Tagged under