မင်္ဂလာပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ရမယ့် အရာများ

မင်္ဂလာပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ရမယ့် အရာများ google

မင်္ဂလာပွဲ တစ်ပွဲ ရယ်လို့ ဖြစ်လာရင်တော့ ပြင်ဆင်ရမယ့် အရာတွေက များလှပါတယ်။ အရာတိုင်းကို စေ့နေအောင် ပြုလုပ်ထားနိုင်မှသာ

အဆင်ပြေ ချောမွေ့တဲ့ မင်္ဂလာပွဲလေး ဖြစ်မှာပါ။ မင်္ဂလာပွဲ တစ်ပွဲ အနေနဲ့ ကြိုတင် စီစဉ်ရမယ့် အရာလေးတွေ ပြောပြပေးချင်ပါတယ်။ မင်္ဂလာရက်လေးကို မသတ်မှတ်ခင် ကြိုတင် ပြင်ဆင်ရမယ့် အရာများကိုလည်း သိထားပေးပါနော်။

 

မင်္ဂလာပွဲ အတွက် ဘယ်လောက် အကုန်အကျခံ ပြုလုပ်မလဲ ဆိုတာကို အကြမ်းဖျင်း တွက်ချက် ထားရမှာပါ။ မင်္ဂလာပွဲ ကျင်းပမယ့် နေရာကို အကောင်းဆုံး ရွေးချယ်ပါ။ မင်္ဂလာညစာ စားပွဲ အတွက် အသင့်တော်ဆုံး နေရာကိုလည်း ရွေးချယ်ပါ။ ပွဲဖိတ်မယ့် ဧည့်သည်စာရင်းကို တွက်ချက်ပါ။ မင်္ဂလာပွဲ အပြင်အဆင်တွေ အတွက် အသေးစိတ် ပြင်ဆင်ပါ။ မင်္ဂလာဝတ်စုံကို စုံစမ်းပါ။ တစ်ဆိုင်နဲ့ တစ်ဆိုင် မတူတာကို သေချာလေး ရွေးချယ်ပါနော်။ ပွဲလာမယ့် ဧည့်သည်တွေအတွက် ပြန်ကမ်းလက်ဆောင်ကို ပြင်ဆင်ပါ။ မင်္ဂလာဖိတ်စာကိုလည်း မမေ့ရဘူးနော်။ အကောင်းဆုံး မင်္ဂလာဆောင်ဖိတ်စာဖြစ်အောင် ဘယ်လိုရွေးချယ်မလဲ ဆိုတာကို သိထားရမှာပါ။ ဟန်းနီးမွန်း ဘယ်ကို သွားမလဲ ဆိုတာကို ရွေးချယ်ပါနော်။ မင်္ဂလာပွဲပြီးရင် နေမယ့်နေရာအတွက်ကိုလည်း မမေ့နဲ့နော်။ မင်္ဂလာမဆောင်ခင် အိမ်ပိုင် ရှိထားချင်တယ်ဆိုရင် ဒါလေးတော့ သိထားရမှာပါ။ ပြောပြပေးထားတဲ့ အရာလေးကတော့ မင်္ဂလာပွဲ အတွက် ပြင်ဆင်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကိုသာ အကောင်းဆုံး ပြင်ဆင်ထားနိုင်မယ်ဆိုရင်တော့ မင်္ဂလာမောင်နှံလေးတွေတိုင်းရဲ့ မင်္ဂလာပွဲလေးက အပြည့်စုံဆုံး ပြီးစီးသွားမှာ သေချာပါတယ်နော်။

 

 

 

 

Myanmar Wedding Guide

Read times Last modified on Wednesday, 19 June 2019 10:19
Rate this item
(1 Vote)
Tagged under