ယောင်္ကျားလေးတွေ လူသိမခံတဲ့ အချက်များ

ယောင်္ကျားလေးတွေ လူသိမခံတဲ့ အချက်များ Google

ယောကျာ်းလေးတွေ မပြောပြချင်တဲ့ လှို့ဝှက်လေးတွေကို သိချင်ကြလား။ အခုပြောပြပေးမယ့် ယောကျာ်းလေးတွေရဲ့ လူသိမခံချင်တဲ့ အချက်လေးတွေက

မိန်းကလေးတွေအနေ နဲ့ ယောကျာ်းလေးတွေကိုနားလည်ပေးနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဒီအချက်လေးတွေက အရေးမကြီးသလိုလို နဲ့ အမှန်တကယ်တော့ ဒါလေးတွေကို သိရှိ နားလည်ပေးပြီး ကိုင်တွယ်တတ်ရင်တော့ တော်တော့်ကို အဆင်ပြေသွားမှာပါလို့ ပြောချင်ပါတယ်။ 

 

 

ပိုခံစားတတ်ခြင်း

 

မိန်းကလေးတွေက ယောကျာ်းတွေကို ထင်ကြမယ်။ သူတို့က ဘာမှ ဂရုမစိုက်တတ်ဘူး။ လမ်းခွဲမှုတစ်ခု ကြုံခဲ့ရင်တောင် ဘာမှမဖြစ်ပဲ အေးအေးဆေးဆေး နေနိုင်ကြမယ်လို့ထင်တယ်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူးတဲ့။ ယောကျာ်းလေးတွေက တစ်ခုခုဆို နာကျင်မှုပိုများတတ်ကြပါတယ်။ အပြင်ပန်းမှာသာ ဘာမှမဖြစ်ဘူးထင်ရပေမယ့် ရင်ထဲမှာတော့ နာနာကျင်ကျင်နဲ့ ပိုပြီး ထိခိုက်လွယ် ခံစားတတ်ကြပါတယ်တဲ့။

 


သတိမထားမိတတ်တာလေးတွေကို ဂရုတစိုက်နှစ်သက်တာ

 

ယောကျာ်းလေးတွေက မိန်းကလေးအများစု တော်ရုံသတိမထားမိတတ်တဲ့ အရာလေးကို ကြိုက်နှစ်သက်တတ်ကြတာလည်း ယောကျာ်းလေးတွေရဲ့ လျို့ဝှက်ချက်တစ်ခုပါ။ လက်ရေးလေးတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်နေတဲ့အချိန်အတွင်း ဖြစ်တတ်တဲ့ အမူအရာလေးတွေ၊ နားသယ်စပ်က ဆံပင်လေးတွေ စတဲ့ မိန်းကလေးတွေရဲ့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အရာမျိုးကို နှစ်သက်ကြတာ ဖြစ်ပါတယ်။

 

 

သူငယ်ချင်းအပေါင်းအသင်းတွေကိုခင်တတ်တာ

 

ယောကျာ်းလေး အတော်တော်မျာျးများက သူငယ်ချင်းအပေါင်းအသင်းမက်ကြတာ အားလုံးသိပါတယ်။ ဒါကြောင့် ယောကျာ်းလေးတော်တော်များများက သူတို့ရဲ့ချစ်သူတွေကို သူတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အဆင်ပြေစေချင်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းနဲ့ လို့ ပြောတာ မကြိုက်ကြပါဘူးတဲ့။ ယောကျာ်းလေးတွေက သူတို့ရဲ့သူငယ်ချင်းတွေကို ကိုယ့်သူငယ်ချင်းလိုပဲ လိုက်လျောညီထွေဆက်ဆံတတ်တဲ့ မိန်းကလေးကို ပိုသဘောကျတတ်ကြပါတယ်တဲ့။

 

 

သတိမထားမိတတ်တာလေးတွေကို ဂရုတစိုက်နှစ်သက်တာ


ယောကျာ်းလေးတွေက မိန်းကလေးအများစု တော်ရုံသတိမထားမိတတ်တဲ့ အရာလေးကို ကြိုက်နှစ်သက်တတ်ကြတာလည်း ယောကျာ်းလေးတွေရဲ့ လျို့ဝှက်ချက်တစ်ခုပါ။ လက်ရေးလေးတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်နေတဲ့အချိန်အတွင်း ဖြစ်တတ်တဲ့ အမူအရာလေးတွေ၊ နားသယ်စပ်က ဆံပင်လေးတွေ စတဲ့ မိန်းကလေးတွေရဲ့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အရာမျိုးကို နှစ်သက်ကြတာ ဖြစ်ပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(2 votes)
Tagged under