မွေးလအလိုက် ကံကောင်းစေမယ့် အဆောင်ကျောက်လေးများ

မွေးလအလိုက် ကံကောင်းစေမယ့် အဆောင်ကျောက်လေးများ google

မိမိမွေးလနဲ့ကိုက်ညီမှုရှိတဲ့ အဆောင်ကျောက်လေးတွေကို ဆောင်ထားခြင်းအားဖြင့် ကံကောင်းခြင်း၊

ပျော်ရွှင်ခြင်းများကို သယ်ဆောင်လာမှာဖြစ်သည့်အပြင် ပိုမိုဆွဲဆောင်မှုကိုဖြစ်ပေါ်စေတယ်

 

မကောင်းသည့်အကြောင်းအရာများမှ ကာကွယ်ပေးတယ်လို့ ယုံကြည်မှုရှိကြပါတယ်။

 

ဇန်န၀ါရီ - ဂေါ်မုတ်အနီ (Garnet)

 

ဂေါ်မုတ်အနီ (Garnet) ဟာ အ၀ါရောင်ကနေ အညိုရင့်ရောင်အထိ အရောင်မျိုးစုံ မြင်တွေ့ရလေ့ရှိပါတယ်။

 

မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ လက်ဆောင်အဖြစ် ပေးလေ့ရှိကြပါတယ်။

 

ဖေဖော်ဝါရီ - ခရမ်းစွဲ (Amethyst)

 

လာဗင်ဒါအရောင်ကနေ အရောင်အနုအရင့်အမျိုးမျိုးရှိနိုင်ပါတယ်။

 

(၆)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာ လက်ဆောင်အဖြစ်ပေးလေ့ရှိကြပါတယ်။

 

အေးချမ်းမှု၊ ချစ်စရာကောင်းအသွင်အပြင်ဖြစ်အောင်ဆွဲဆောင်မှု၊ အသားအရေနဲ့ ဆံပင်ကိုအားကောင်းစေပီး

 

ဆံပင်ကျွတ်တာကို ကာကွယ်ပေးတယ်လို့ ယုံကြည်မှုရှိကြပါတယ်။

 

မတ် - အပြာရောင်မြကျောက် (Aquamarine)

 

အပြာရောင်မြကျောက်ရဲ့အသွင်အပြင်က ပင်လယ်ကြီးကိုကိုယ်စားပြုပါတယ်။

 

အစိမ်း/အပြာရောင်ခပ်ဖျော့ဖျော့အရောင်ရှိပြီး ကျန်းမာရေး၊ အချစ်ရေးကိုကောင်းမွန်စေပီး အချစ်ရေးကို ပိုမိုကောင်းမွန်စေပတယ်။

 

နုပျိုမှုကိုပိုမိုရရှိစေတယ်။ ပင်လယ်ရေကြောင်းခရီးသွားလာရသူခရီးသွားသူတွေဟာ ဒီမြကျောက်ကိုဆောင်ထားရင် ဘေးကင်မှုရှိတယ်လို့ ဆိုကြပါတယ်။

 

ဧပြီ - စိန် (Diamond)

 

ချစ်ခြင်းကိုခိုင်မြဲစေတယ်လို့ယုံကြည်မှုရှိတာကြောင့် လက်ထပ်လက်စွပ်တွေမှာ စိန်ကိုမြှုပ်နှံပီးဝတ်ဆင်ကြတာ ဖြစ်ပါတယ်။

 

မေ - မြ (Emerald)

 

အစိမ်းရောင်မြကျောက်ဟာ ပြန်လည်မွေးဖွားခြင်းရဲ့သင်္ကေတာဖြစ်ပါတယ်။

 

ဒီအစိမ်းရောင်မြကျောက်ကိုဆောင်ထားသူတွေဟာ နုပျိုမှုတွေကို ပြန်လည်ပေါ်ထွန်းစေပြီ

 

း အနာဂတ်ကောင်းတွေဆီကိုလည်း ဦးဆောင်ပေးနိုင်တယ်၊ ဖျားနာမှုတွေကိုလည်း သက်သာစေပါတယ်။

 

ဇွန် - ပုလဲ (Pearl)

 

ပုလဲဟာဆိုရင် လမင်းကြီးကို ကိုယ်စားပြုပါတယ်။ သိမ်မွေ့မှု၊ အေးမြမှုတွေကိုဖြစ်ပေါ်စေတယ်၊

 

အိမ်ထောင်ရေးတည်မြဲစေတယ်လို့ယုံကြည်ကြပါတယ်။ မင်္ဂလာသက်တမ်း နှစ်(၃၀)မြောက်မှာ ပုလဲရတုဖြစ်တာကြောင့် ပုလဲကို လက်ဆောင်အဖြစ် ပေးလေ့ရှိကြပါတယ်။

 

ဇူလိုင် - ပတ္တမြား (Ruby)

 

တော်ဝင်ဆန်ပြီး စွမ်းအားတွေရရှိတယ်လို့ယုံကြည်ကြပါတယ်။ ပတ္တမြားဝတ်ထားရင် ဘ၀ကို အေးချမ်းတယ်လို့ ဆိုပါတယ်။

 

သြဂုတ် - ပြောင်ခေါင်းစိမ်း (Peridot)

 

အစိမ်းရောင်လဲ့လဲ့နဲ့အ၀ါရောင်ကိုပေါင်းစပ်ထားတဲ့ပြောင်ခေါင်းစိမ်းဟာဆိုရင် မကောင်းဆိုးရွားတွေကို ကိုယ့်ကိုမထိအောင် ကာကွယ်ပေးတယ်။

 

မကောင်းတဲ့အမှောင့်ပယောဂတွေကိုယ့်ဆီကို မကျရောက်အောင် ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။

 

စက်တင်ဘာ - နီလာ (Sapphire) 

 

အပြာရောင်ရှိတဲ့နီလာကျောက်ဟာ စိတ်ကိုကြည်လင်သန့်စင်စေတယ်၊ စိတ်နဲ့ခန္ဓာနာကျင်မှုတွေကို လျော့ပါးသက်သာစေတယ်လို့ ဆိုပါတယ်။

 

အောက်တိုဘာ - အ၀ါရောင်ဥဿဖရား (Yellow Topaz)

 

ခင်မင်ရင်းနှီးမှုတွေကိုတိုးပွားစေပီး ကျန်းမာရေးကိုပိုမိုကောင်းမွန်စေတယ်၊ မကောင်းတဲ့အိပ်မက်ဆိုးတွေ မမက်စေဘူးလို့ ယုံကြည်ကြပါတယ်။

 

နိုဝင်ဘာ - အပြာရောင်ဥဿဖရား (Blue Topaz)

 

စိတ်နဲ့ခန္ဓာကိုယ်ကို ကြံ့ခိုင်စေတယ်လို့ဆိုပါတယ်။

 

ဒီဇင်ဘာ - စိမ်းပြာကျောက် (Turquoise)

 

ကံကောင်းစေပြီး ဘ၀ကိုပျော်ရွှင်စေတယ်လို့ယုံကြည်ကြပါတယ်။ အနာဂတ်ကောင်းတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

 

Myanmar Wedding Guide

 

3

Read times
Rate this item
(0 votes)
Tagged under