ဥရောပသို့ ရွှေဆိုင်းတင်ပို့ခြင်းနှင့် မြန်မာမှတစ်ဆင့် ဒူဘိုင်းသို့ ရွှေတင်ပို့ရေး ကုမ္ပဏီသုံးခု ခွင့်ပြုရန်ရှိ

ဥရောပသို့ ရွှေဆိုင်းတင်ပို့ခြင်းနှင့် မြန်မာမှတစ်ဆင့် ဒူဘိုင်းသို့ ရွှေတင်ပို့ရေး ကုမ္ပဏီသုံးခု ခွင့်ပြုရန်ရှိ google

ဥရောပသို့ ရွှေဆိုင်းများ တင်ပို့ရန်နှင့် အာဖရိကမှ ရွှေများကို မြန်မာနိုင်ငံမှတစ်ဆင့် ဒူဘိုင်းသို့ တင်ပို့နိုင်ရေး အပါအဝင် ကုမ္ပဏီသုံးခုအား ရွှေတင်သွင်း၊

 

တင်ပို့ခြင်း ခွင့်ပြုရန်ရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောခဲ့ပါတယ်။

 

အခွန်ကိစ္စများ ညှိနှိုင်းပြီးစီးပါက ခွင့်ပြုမည်ဖြစ်ပြီး အချို့ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမား၍ ရင်းနှီးမြှုပ်နှံမှု

 

ကော်မရှင်ထံမှ ခွင့်ပြုချက်ယူရန် တိုက်တွန်းခဲ့သည်ဟု ၎င်းကဆိုခဲ့ပါတယ်။

 

‘‘ကုမ္ပဏီသုံးခု ဆွေးနွေးတာပါ။ အကုန်လုံးတော့ ခွင့်ပြုဖို့ရှိပါတယ်။ အခွန်ကိစ္စတွေကြောင့် မြတ်၊ မမြတ် တွက်ချက်နေကြတာပါ’’ဟု ဦးမျိုးမြင့်က ပြောကြားခဲ့ပါတယ်။ 

 

ဥရောပသို့ ရွှေဆိုင်းများ တင်ပို့ရန် ပြည်တွင်းကုမ္ပဏီတစ်ခုက စီစဉ်ခြင်းဖြစ်ပြီး ရွှေဆိုင်းများ အလှဆင်ရန် ပထမဆုံး တင်ပို့ရောင်းချခြင်းဖြစ်ခဲ့ပါတယ်။

 

ဒူဘိုင်း ကုမ္ပဏီတစ်ခုသည် အာဖရိကရှိ သန့်စင်မှုအဆင့် ၉၂ ရာခိုင်နှုန်းရှိသည့် ရွှေများကို ပြည်တွင်းသို့ တင်သွင်း၍ ၉၉ ရာခိုင် နှုန်းအဆင့်ထိ သန့်စင်ကာ

 

ဒူဘိုင်းသို့ ပြန်လည်တင်ပို့ရန် ဖြစ်ပါတယ်။ ရွှေတင်သွင်းမှု အနည်းဆုံးလေး တန်မှ ၁၀ တန်အထိ ဖြစ်လာနိုင်သည်ဟု ဆိုခဲ့ပါတယ်။

 

ပြည်တွင်းမှ ကုမ္ပဏီတစ်ခုသည် ဟောင်ကောင်သို့ ရွှေတင်ပို့ခြင်းနှင့် ဟောင်ကောင်မှ ပြည်တွင်းသို့ ပြန်လည်တင်သွင်းခြင်း ဆောင်ရွက်ရန်ဖြစ်သည်ဟု ဆိုခဲ့ပါတယ်။

 

ရွှေတင်ပို့၊ တင်သွင်းရာတွင် ကြိုတင်ခွန် ၂ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန်များပါဝင်ပြီး ဝန်ဆောင်ခစရိတ် သုည ဒသမ ၀၃ ရာခိုင်နှုန်းပေးဆောင်ရပါမည်။

 

အစိုးရက ရွှေပြည်ပတင်ပို့၊ တင်သွင်းခြင်းကို ၂၀၁၈ ဇန်နဝါရီတွင် ပထမဆုံး တရားဝင်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။ ရွှေများကို တင်သွင်း

 

တင်ပို့ရာတွင် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ဂိတ်များက ပြုလုပ်နိုင်ပြီး အကောက်ခွန်၊ ကုန်သွယ်ရေးလုပ်ငန်းခွန်၊ အထူးကုန် ပစ္စည်းခွန်များပေးဆောင်ရမည် ဖြစ်ပါတယ်။ 

 

ရွှေလက်ဝတ်ရတနာ ပို့ဆောင်ခြင်းတွင် ဂျပန်နိုင်ငံသို့ ပြည် တွင်းကုမ္ပဏီတစ်ခုကသုံးကြိမ်တင်ပို့ထားပြီးဖြစ်သည်ဟု ဦးမျိုးမြင့်က ပြောခဲ့ပါတယ်

 

Source: Logistics Guide

 

Gold & Jewellery Buying Guide

 

Read times Last modified on Monday, 23 September 2019 15:14
Rate this item
(0 votes)
Tagged under