နတ္နကၡတ္ပိုင္ရွင္တို႔၏စိတ္ေနစိတ္ထားမ်ား

နတ္နကၡတ္ပိုင္ရွင္တို႔၏စိတ္ေနစိတ္ထားမ်ား google

မိမိတို႕၏ ျမန္မာ ေမြးသကၠရာဇ္ ကို (၃) နဲ႕စား၁ ၾကြင္းလွ်င္ “နတ္ နကၡတ္” ၊ ၂ ၾကြင္းလွ်င္ “လူ နကၡတ္” ၊ ၀ ၾကြင္းလွ်င္ “ဘီလူး နကၡတ္” ျဖစ္သည္။

 

“နတ္ နကၡတ္”

 

ထို နကၡတ္ ပိုင္ရွင္ တို႕သည္ လူေျဖာင့္စိတ္တိုမ်ားျဖစ္ၾကသည္ မိမိသာမွန္ပါေစ ျငိမ္ခံေလ့မရွိဘဲ မွန္ရာကို အားမနာတမ္း ေျပာဆို၀ံ့သည္။

 

အျပိဳင္အဆိုင္ျပဳလုပ္ရျခင္းႏွင့္ တိုက္ခိုက္ရျခင္းကိုေပ်ာ္ေမြ႕သူျဖစ္သည္။

 

အေျပာအဆို လိမၼာသိမ္ေမြ႕သေလာက္ စိတ္ဓာတ္ေရးရာမွာ လြန္စြာ မာေၾကာသူမ်ားျဖစ္သည္။ တဇြတ္ထိုးလည္း လုပ္ကိုင္တတ္သည္။

 

 

သစၥာ နွင့္ေမတၱာယွဥ္လာလွ်င္ေတာင္ သစၥာ ကိုဦးစားေပးသူမ်ားျဖစ္ျပီး မွန္ကန္မွဳ ကို ႏွစ္သက္သူမ်ားျဖစ္သည္။

 

နတ္ကၡတ္ တို႕၏သေဘာမွာ အေနအထိုင္တည္ၾကည္ခန္႕ျငားသည္။

 

သို႕ေသာ္ မေကာင္းေသာအခ်က္မွာ တယူသန္စိတ္ႏွင့္ တဇြတ္ထိုးျပဳလုပ္တတ္ေသာ စိတ္ျဖစ္သည္။

 

ထိုစိတ္ ကို ထိန္းခ်ဳပ္ႏိုင္မွသာ မိမိအလိုရွိရာကို လွမ္းကိုင္ႏိုင္သူမ်ားျဖစ္လိမ့္မည္။

 

မိတ္ေဆြအေပါင္းအသင္းမင္သူျဖစ္၍ ထိုသူတို႕ႏွင့္ပတ္သက္လွ်င္ ကူညီပ့ံပိုးတတ္သည္။

 

ထို႕ေၾကာင့္ အေပါင္းအသင္း ဆရာသမား မ်ား၏ အကူအညီမ်ားမၾကာခဏ ရတတ္သည္။ ေ

 

လာဘမၾကီးေသာသူမ်ားျဖစ္ေသာ္လည္း လြန္စြာခ်မ္းသာစိတ္ျပင္းျပသူမ်ားျဖစ္သည္။ မိမိရွိလွ်င္လည္း မႏွေျမာဘဲ ေပးကမ္း တတ္သူမ်ားျဖစ္သည္။

 

သီခ်င္းသီဆိုမွဳ၊ ကခုန္မွဳမ်ားကိုႏွစ္သက္သည္။ စတိုင္ က်က်ေနထိုင္တတ္သည္။

 

ကိုယ့္ေျခေထာက္ေပၚမရပ္မခ်င္း မိဘ ေဆြမ်ိဳး မ်ားထံမွ လိုသမွ်ကို နားပူနာဆာျပဳလုပ္တတ္သည္။အခ်စ္ေရး တြင္လည္း ေပါင္းအသင္းေလာက္မမင္။

 

ခ်စ္သူ အိမ္ေထာင္ဘက္ႏွင့္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားအတူမရွိတတ္။

 

သူငယ္ခ်င္း အေပါင္းအသင္း ႏွင့္ အျပင္ေနရာမ်ားတြင္ အခ်ိန္ကုန္သည္က မ်ားတတ္သည္။ သို႕ေသာ္ အမွန္တကယ္ခ်စ္တတ္သူမ်ားလည္းျဖစ္ၾကသည္။

 

မရည္ရြယ္သူမ်ားႏွင့္လည္း ဖူးစာဆံုေလ့ရွိတတ္ၾကသည္။

 

အေပါင္းအသင္း မင္သူျဖစ္၍ အေပါင္းအသင္းေကာင္းလွ်င္ ေကာင္းသလို ေကာင္းသည့္ဘက္သို႕ေရာက္ရွိသြားတတ္ျပီး

 

မေကာင္းလွ်င္မေကာင္းသကဲ့သို႕ မေကာင္းမွဳဘက္သို႕ အားသာသြားတတ္သည္။ စိတ္အေရာင္ဆိုးလြယ္သည္။

 

 

မိမိရပ္တည္ခ်က္မွ တျခားသို႕ နားေယာင္လြယ္သည္။ စိတ္ဓာတ္မာေသာ္လည္း နားေယာင္လြယ္ျခင္းသည္ ယံုၾကည္လြယ္သည့္အားနည္းခ်က္ကိုျဖစ္ေစသည္။

 

နတ္နကၡတ္ပိုင္ရွင္မ်ား လိုက္နာရမည့္အခ်က္မ်ားမွာ…

 

၁။ လူ႕ေအာက္က်ိဳ႕ေပါင္းေလ နက္နဲေသာ ပညာရပ္မ်ား အမ်ားမရႏိုင္ေသာအမည္ေကာင္းမ်ားရရွိတတ္သျဖင့္ ေအာက္က်ိဳ႕ေပါင္းပါ။

 

၂။ နားေယာင္လြယ္ ယံုၾကည္လြယ္သူုျဖစ္သျဖင့္ သူတစ္ပါးကို ယံုၾကည္မလြယ္ေလ တိုးတက္ေလ ျဖစ္သျဖင့္ ယံုၾကည္မလြယ္ပါႏွင့္

 

၃။အေပါင္းအသင္း မ်ားလွ်င္မ်ားသည့္အေလ်ာက္ အကုန္လံုးကိုေပါင္းသင္းျခင္းမျပဳဘဲ ေ

 

ရွာင္သင့္သူေရွာင္ ေပါင္းသင့္သူေပါင္း မေရွာင္ႏိုင္လွ်င္လည္း ကိုယ္ေပါင္းစိတ္ခြာအတိုင္းေနထိုင္ရမည္

 

၄။ စိတ္ရွည္သည္းခံပါ။ စိတ္ရွည္သည္းခံျခင္းသည္ နတ္နကၡတ္ပိုင္ရွင္တို႕အတြက္ ထိပ္ဆံုးသို႕ေရာက္ရွိမည့္လမ္းပင္ျဖစ္သည္။

 

Unicode

 

မိမိတို့၏ မြန်မာ မွေးသက္ကရာဇ် ကို (၃) နဲ့စား၁ ကြွင်းလျှင် “နတ် နက္ခတ်” ၊ ၂ ကြွင်းလျှင် “လူ နက္ခတ်” ၊ ၀ ကြွင်းလျှင် “ဘီလူး နက္ခတ်” ဖြစ်သည်။

 

“နတ် နက္ခတ်”

 

ထို နက္ခတ် ပိုင်ရှင် တို့သည် လူဖြောင့်စိတ်တိုများဖြစ်ကြသည် မိမိသာမှန်ပါစေ ငြိမ်ခံလေ့မရှိဘဲ မှန်ရာကို အားမနာတမ်း ပြောဆိုဝံ့သည်။

 

အပြိုင်အဆိုင်ပြုလုပ်ရခြင်းနှင့် တိုက်ခိုက်ရခြင်းကိုပျော်မွေ့သူဖြစ်သည်။

 

အပြောအဆို လိမ္မာသိမ်မွေ့သလောက် စိတ်ဓာတ်ရေးရာမှာ လွန်စွာ မာကြောသူများဖြစ်သည်။ တဇွတ်ထိုးလည်း လုပ်ကိုင်တတ်သည်။


သစ္စာ နှင့်မေတ္တာယှဉ်လာလျှင်တောင် သစ္စာ ကိုဦးစားပေးသူများဖြစ်ပြီး မှန်ကန်မှု ကို နှစ်သက်သူများဖြစ်သည်။

 

နတ်က္ခတ် တို့၏သဘောမှာ အနေအထိုင်တည်ကြည်ခန့်ငြားသည်။

 

သို့သော် မကောင်းသောအချက်မှာ တယူသန်စိတ်နှင့် တဇွတ်ထိုးပြုလုပ်တတ်သော စိတ်ဖြစ်သည်။

 

ထိုစိတ် ကို ထိန်းချုပ်နိုင်မှသာ မိမိအလိုရှိရာကို လှမ်းကိုင်နိုင်သူများဖြစ်လိမ့်မည်။

 

မိတ်ဆွေအပေါင်းအသင်းမင်သူဖြစ်၍ ထိုသူတို့နှင့်ပတ်သက်လျှင် ကူညီပံ့ပိုးတတ်သည်။

 

ထို့ကြောင့် အပေါင်းအသင်း ဆရာသမား များ၏ အကူအညီများမကြာခဏ ရတတ်သည်။ ေ

 

လာဘမကြီးသောသူများဖြစ်သော်လည်း လွန်စွာချမ်းသာစိတ်ပြင်းပြသူများဖြစ်သည်။ မိမိရှိလျှင်လည်း မနှမြောဘဲ ပေးကမ်း တတ်သူများဖြစ်သည်။

 

သီချင်းသီဆိုမှု၊ ကခုန်မှုများကိုနှစ်သက်သည်။ စတိုင် ကျကျနေထိုင်တတ်သည်။

 

ကိုယ့်ခြေထောက်ပေါ်မရပ်မချင်း မိဘ ဆွေမျိုး များထံမှ လိုသမျှကို နားပူနာဆာပြုလုပ်တတ်သည်။အချစ်ရေး တွင်လည်း ပေါင်းအသင်းလောက်မမင်။

 

ချစ်သူ အိမ်ထောင်ဘက်နှင့် အချိန်တော်တော်များများအတူမရှိတတ်။

 

သူငယ်ချင်း အပေါင်းအသင်း နှင့် အပြင်နေရာများတွင် အချိန်ကုန်သည်က များတတ်သည်။ သို့သော် အမှန်တကယ်ချစ်တတ်သူများလည်းဖြစ်ကြသည်။

 

မရည်ရွယ်သူများနှင့်လည်း ဖူးစာဆုံလေ့ရှိတတ်ကြသည်။

 

အပေါင်းအသင်း မင်သူဖြစ်၍ အပေါင်းအသင်းကောင်းလျှင် ကောင်းသလို ကောင်းသည့်ဘက်သို့ရောက်ရှိသွားတတ်ပြီး

 

မကောင်းလျှင်မကောင်းသကဲ့သို့ မကောင်းမှုဘက်သို့ အားသာသွားတတ်သည်။ စိတ်အရောင်ဆိုးလွယ်သည်။


မိမိရပ်တည်ချက်မှ တခြားသို့ နားယောင်လွယ်သည်။ စိတ်ဓာတ်မာသော်လည်း နားယောင်လွယ်ခြင်းသည် ယုံကြည်လွယ်သည့်အားနည်းချက်ကိုဖြစ်စေသည်။

 

နတ်နက္ခတ်ပိုင်ရှင်များ လိုက်နာရမည့်အချက်များမှာ…

 

၁။ လူ့အောက်ကျို့ပေါင်းလေ နက်နဲသော ပညာရပ်များ အများမရနိုင်သောအမည်ကောင်းများရရှိတတ်သဖြင့် အောက်ကျို့ပေါင်းပါ။

 

၂။ နားယောင်လွယ် ယုံကြည်လွယ်သူုဖြစ်သဖြင့် သူတစ်ပါးကို ယုံကြည်မလွယ်လေ တိုးတက်လေ ဖြစ်သဖြင့် ယုံကြည်မလွယ်ပါနှင့်

 

၃။အပေါင်းအသင်း များလျှင်များသည့်အလျောက် အကုန်လုံးကိုပေါင်းသင်းခြင်းမပြုဘဲ ေ

 

ရှာင်သင့်သူရှောင် ပေါင်းသင့်သူပေါင်း မရှောင်နိုင်လျှင်လည်း ကိုယ်ပေါင်းစိတ်ခွာအတိုင်းနေထိုင်ရမည်

 

၄။ စိတ်ရှည်သည်းခံပါ။ စိတ်ရှည်သည်းခံခြင်းသည် နတ်နက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်သည်။

 

Myanmar Wedding Guide

jjjj

 

Read times Last modified on Thursday, 10 October 2019 15:41
Rate this item
(3 votes)
Tagged under