လူနကၡတ္ပိုင္ရွင္တို႔ရဲ႕စိတ္ေနစိတ္ထားမ်ား

လူနကၡတ္ပိုင္ရွင္တို႔ရဲ႕စိတ္ေနစိတ္ထားမ်ား google

မိမိတို႕၏ ျမန္မာ ေမြးသကၠရာဇ္ ကို (၃) နဲ႕စား၁ ၾကြင္းလွ်င္ “နတ္ နကၡတ္” ၊ ၂ ၾကြင္းလွ်င္ “လူ နကၡတ္” ၊ ၀ ၾကြင္းလွ်င္ “ဘီလူး နကၡတ္” ျဖစ္သည္။

 

“လူ နကၡတ္”

ထိုနကၡတ္ပိုင္ရွင္မ်ားသည္ စကားအေျပာအဆို မာသည္။ ျပတ္သားတတ္သည္။ ေကြ႕၀ိုက္ေျပာရသည္ထက္ တည့္တည့္မျခြင္းမခ်န္ ေျပာလိုၾကသည္။

အေျပာမာေသာ္လည္း စိတ္ႏွလံုးသိမ္ေမြ႕သည္။ ကိုယ္ကာယအားျဖင့္လည္း မည္သူ႕အေပၚမွ ရန္ျပဳလိုစိတ္မရွိသူမ်ားျဖစ္သည္။

ဘ၀တြင္ သုခႏွင့္ဒုကၡယွဥ္လွ်င္ ဒုကၡကိုပိုမိုရင္ဆိုင္ရသူမ်ားျဖစ္သျဖင့္ ဘ၀အသိအျမင္ ဘ၀အေတြ႕အၾကံဳ မ်ားျပားသူမ်ားျဖစ္သည္။

လက္ေတြ႕ဆန္ေသာ ဘ၀ကိုျဖတ္သန္းရသူမ်ားျဖစ္သျဖင့္ စိတ္ကူးယဥ္မွဳနည္းပါးသူမ်ားျဖစ္ၾကသည္။

ဘ၀ပထမအရြယ္မွစ၍ အခက္အခဲမ်ိဳးစံုကို ၾကံဳတတ္သူမ်ားျဖစ္ျပီး အရြယ္ရလာခ်ိန္တြင္ ေတာ္ရံုတန္ရံုကို ခံႏိုင္ရည္ရွိသူ စိတ္ထားတတ္သူမ်ားျဖစ္ေနသည္။

အရာရာကိုေလ့လာလိုက္စားလိုစိတ္ စူးစမ္းလိုစိတ္ရွိသည္။ ဘ၀တြင္လည္း ေျပာင္းလဲျခင္းမ်ားစြာရွိေနတတ္ျပီး

ေမြးရပ္ေျမမွေျပာင္းေရႊ႕ေနထိုင္ရျခင္း ရုတ္တရက္ အိမ္ေထာင္က်ျခင္း၊

မိဘမ်ားႏွင့္ခြဲခြာရျခင္း ညီအစ္ကိုေမာင္ႏွမ ေဆြမ်ိဳးမ်ားႏွင့္ခြဲခြာရျခင္းမ်ားၾကံုေတြ႕ရသူမ်ားျဖစ္သည္။

မိမိအေပၚကို တင္စီးေသာစကား မာနေထာင္လႊားစြာ ေျပာဆိုေသာ စကားမ်ားကို မခံခ်င္သူမ်ားျဖစ္ျပီး အမ်ားစုမွာ ခ်က္ခ်င္းလိုပင္ တံု႕ျပန္တတ္သည္။

အိုးရြဲ႕ကို စေလာင္းရြဲ႕နဲ႕ ဖံုးလိုသည့္ စိတ္ရွိသည္။ သူဆိုးလို႕ ကိုယ္လိုက္ဆိုးရင္ ကိုယ့္ပါအျပစ္ရွိသူ ျဖစ္သြားတတ္သျဖင့္

ထိုအခ်က္သည္ အဓိက အားနည္းခ်က္ျဖစ္သည္ ဥာဏ္ရည္ဥာဏ္ေသြးေကာင္းေသာသူမ်ားလည္းျဖစ္ျပီး

ဘ၀ေပးပညာကို ပိုင္ပိုင္ႏိုင္ႏိုင္ကြ်မ္းက်င္ေသာသူမ်ားလည္းျဖစ္သည္။

ထူးျခားခ်က္မွာ အက်ဥ္းအၾကပ္ထဲတြင္ပင္ အခြင့္အလမ္းကို ရေအာင္ရွာေဖြတတ္ၾကသည္။ အေၾကာင္းအရာတစ္ခုခုကို အျမဲတေစစဥ္းစားေနတတ္သည္။

မိေမြ ဖေမြထက္ ကိုယ့္ဒူးကိုယ္ခြ်န္လိုသူမ်ားျဖစ္ျပီး ဘ၀ေပးအရလည္း ထိုကဲ့သို႕ ပံုစံမ်ိဳးသာျဖစ္လာတတ္သူမ်ားျဖစ္သည္။

မ်ားေသာအားျဖင့္ ညီအစ္ကိုေမာင္ႏွမမ်ားႏွင့္ မတဲ့တတ္။ မိသားစုနဲ႕အဆင္မေျပတတ္ေပ။

ခ်စ္သူရည္စား မ်ားျပားတတ္ျခင္း သို႕မဟုတ္ အခ်စ္ေရး အိမ္ေထာင္ဘက္ အျပိဳင္အဆိုင္ မ်ားကိုၾကံဳေတြ႕တတ္ၾကသည္။

ေနာက္ဆံုးျပိဳင္စရာမရွိလွ်င္ ခ်စ္သူအခ်င္းခ်င္း လင္မယားအခ်င္းခ်င္းအျပိဳင္စိတ္ဆိုးျခင္း အျပိဳင္ စိတ္ေကာက္တတ္ၾကေပသည္။

ဘ၀လုပ္ငန္းမ်ားတြင္ ပညာေရးလုပ္ငန္းမ်ားထက္ စီးပြားေရးမ်ားတြင္ ပိုမိုအက်ိဳးေပးသူမ်ားလည္းျဖစ္သည္။

လူနကၡတ္ပိုင္ရွင္မ်ား လိုက္နာရန္အခ်က္မ်ားကေတာ့…

၁။ စကားေျပာမာေက်ာသူျဖစ္လွ်င္ သိမ္ေမြ႕စြာေျပာဆိုပါက စကားေျပာပညာႏွင့္နဂိုရွိျပီးသားဘ၀အသိပညာေပါင္းစပ္မိျပီး

လူအမ်ားအားကိုးအားထားသူျဖစ္လာမည္ျဖစ္ျပီး ေအာင္ျမင္ေရးအတြက္လည္း အေထာက္အပံ့မ်ားျဖစ္ေပလိမ့္မည္။။

ထို႕ေၾကာင့္ စကားမာမာေျပာျခင္းအားေရွာင္ၾကဥ္ပါ။

၂။ေနာက္ အတိုက္အခံသေဘာမ်ိဳးေတြကိုေရွာင္ပါ။ ျပန္လည္တံု႕ျပန္ခ်င္းထက္ ဥပကၡာျပဳလိုက္ျခင္းျဖင့္

မထင္မွတ္ေသာ ေက်ာ္ၾကားမွဳ ေကာင္းသတင္းမ်ားအား ပိုင္ဆိုင္ေပလိမ့္မည္။

၃။စိတ္ကိုျငိမ္ေအာင္ထိန္းခ်ဳပ္ပါ။ ရုတ္တရက္တံု႕ျပန္မေျပာခင္ စိတ္ကိုျငိမ္ေအာင္ထိန္းခ်ဳပ္ျပီးမွေျပာဆိုပါက ပိုမိုေကာင္းမြန္လိမ့္မည္။

၄။ကိုယ္ကာယအား စိတ္ႏွလံုးအားျဖင့္ ေကာင္မြန္သူျဖစ္သျဖင့္ စကားအေျပာအဆိုကို ဆင္ျခင္စြာေျပာဆိုျခင္းသည္ပင္

လူနကၡတ္ပိုင္ရွင္တို႕အတြက္ ထိပ္ဆံုးေရာက္ရွိမည့္ လမ္းပင္ျဖစ္သည္။

Unicode

 

မိမိတို့၏ မြန်မာ မွေးသက္ကရာဇ် ကို (၃) နဲ့စား၁ ကြွင်းလျှင် “နတ် နက္ခတ်” ၊ ၂ ကြွင်းလျှင် “လူ နက္ခတ်” ၊ ၀ ကြွင်းလျှင် “ဘီလူး နက္ခတ်” ဖြစ်သည်။

“လူ နက္ခတ်”

ထိုနက္ခတ်ပိုင်ရှင်များသည် စကားအပြောအဆို မာသည်။ ပြတ်သားတတ်သည်။ ကွေ့ဝိုက်ပြောရသည်ထက် တည့်တည့်မခြွင်းမချန် ပြောလိုကြသည်။

အပြောမာသော်လည်း စိတ်နှလုံးသိမ်မွေ့သည်။ ကိုယ်ကာယအားဖြင့်လည်း မည်သူ့အပေါ်မှ ရန်ပြုလိုစိတ်မရှိသူများဖြစ်သည်။

ဘဝတွင် သုခနှင့်ဒုက္ခယှဉ်လျှင် ဒုက္ခကိုပိုမိုရင်ဆိုင်ရသူများဖြစ်သဖြင့် ဘဝအသိအမြင် ဘဝအတွေ့အကြုံ များပြားသူများဖြစ်သည်။

လက်တွေ့ဆန်သော ဘဝကိုဖြတ်သန်းရသူများဖြစ်သဖြင့် စိတ်ကူးယဉ်မှုနည်းပါးသူများဖြစ်ကြသည်။

ဘဝပထမအရွယ်မှစ၍ အခက်အခဲမျိုးစုံကို ကြုံတတ်သူများဖြစ်ပြီး အရွယ်ရလာချိန်တွင် တော်ရုံတန်ရုံကို ခံနိုင်ရည်ရှိသူ စိတ်ထားတတ်သူများဖြစ်နေသည်။

အရာရာကိုလေ့လာလိုက်စားလိုစိတ် စူးစမ်းလိုစိတ်ရှိသည်။ ဘဝတွင်လည်း ပြောင်းလဲခြင်းများစွာရှိနေတတ်ပြီး

မွေးရပ်မြေမှပြောင်းရွှေ့နေထိုင်ရခြင်း ရုတ်တရက် အိမ်ထောင်ကျခြင်း၊

မိဘများနှင့်ခွဲခွာရခြင်း ညီအစ်ကိုမောင်နှမ ဆွေမျိုးများနှင့်ခွဲခွာရခြင်းများကြုံတွေ့ရသူများဖြစ်သည်။

မိမိအပေါ်ကို တင်စီးသောစကား မာနထောင်လွှားစွာ ပြောဆိုသော စကားများကို မခံချင်သူများဖြစ်ပြီး အများစုမှာ ချက်ချင်းလိုပင် တုံ့ပြန်တတ်သည်။

အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးလိုသည့် စိတ်ရှိသည်။ သူဆိုးလို့ ကိုယ်လိုက်ဆိုးရင် ကိုယ့်ပါအပြစ်ရှိသူ ဖြစ်သွားတတ်သဖြင့်

ထိုအချက်သည် အဓိက အားနည်းချက်ဖြစ်သည် ဉာဏ်ရည်ဉာဏ်သွေးကောင်းသောသူများလည်းဖြစ်ပြီး

ဘဝပေးပညာကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်သောသူများလည်းဖြစ်သည်။

ထူးခြားချက်မှာ အကျဉ်းအကြပ်ထဲတွင်ပင် အခွင့်အလမ်းကို ရအောင်ရှာဖွေတတ်ကြသည်။ အကြောင်းအရာတစ်ခုခုကို အမြဲတစေစဉ်းစားနေတတ်သည်။

မိမွေ ဖမွေထက် ကိုယ့်ဒူးကိုယ်ချွန်လိုသူများဖြစ်ပြီး ဘဝပေးအရလည်း ထိုကဲ့သို့ ပုံစံမျိုးသာဖြစ်လာတတ်သူများဖြစ်သည်။

များသောအားဖြင့် ညီအစ်ကိုမောင်နှမများနှင့် မတဲ့တတ်။ မိသားစုနဲ့အဆင်မပြေတတ်ပေ။

ချစ်သူရည်စား များပြားတတ်ခြင်း သို့မဟုတ် အချစ်ရေး အိမ်ထောင်ဘက် အပြိုင်အဆိုင် များကိုကြုံတွေ့တတ်ကြသည်။

နောက်ဆုံးပြိုင်စရာမရှိလျှင် ချစ်သူအချင်းချင်း လင်မယားအချင်းချင်းအပြိုင်စိတ်ဆိုးခြင်း အပြိုင် စိတ်ကောက်တတ်ကြပေသည်။

ဘဝလုပ်ငန်းများတွင် ပညာရေးလုပ်ငန်းများထက် စီးပွားရေးများတွင် ပိုမိုအကျိုးပေးသူများလည်းဖြစ်သည်။

လူနက္ခတ်ပိုင်ရှင်များ လိုက်နာရန်အချက်များကတော့…

၁။ စကားပြောမာကျောသူဖြစ်လျှင် သိမ်မွေ့စွာပြောဆိုပါက စကားပြောပညာနှင့်နဂိုရှိပြီးသားဘဝအသိပညာပေါင်းစပ်မိပြီး

လူအများအားကိုးအားထားသူဖြစ်လာမည်ဖြစ်ပြီး အောင်မြင်ရေးအတွက်လည်း အထောက်အပံ့များဖြစ်ပေလိမ့်မည်။။

ထို့ကြောင့် စကားမာမာပြောခြင်းအားရှောင်ကြဉ်ပါ။

၂။နောက် အတိုက်အခံသဘောမျိုးတွေကိုရှောင်ပါ။ ပြန်လည်တုံ့ပြန်ချင်းထက် ဥပက္ခာပြုလိုက်ခြင်းဖြင့်

မထင်မှတ်သော ကျော်ကြားမှု ကောင်းသတင်းများအား ပိုင်ဆိုင်ပေလိမ့်မည်။

၃။စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပါ။ ရုတ်တရက်တုံ့ပြန်မပြောခင် စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပြီးမှပြောဆိုပါက ပိုမိုကောင်းမွန်လိမ့်မည်။

၄။ကိုယ်ကာယအား စိတ်နှလုံးအားဖြင့် ကောင်မွန်သူဖြစ်သဖြင့် စကားအပြောအဆိုကို ဆင်ခြင်စွာပြောဆိုခြင်းသည်ပင်

လူနက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးရောက်ရှိမည့် လမ်းပင်ဖြစ်သည်။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under