သဝန်တိုတက်တဲ့ချစ်သူကောင်မလေးပိုင်ဆိုင်ထားရင်

သဝန်တိုတက်တဲ့ချစ်သူကောင်မလေးပိုင်ဆိုင်ထားရင် google

ကိုယ်ချစ်သူကောင်မလေးက သဝန်တိုတတ္တဲ့သူတစ်ယောက်လား။

 

သဝန်တိုတယ်ဆိုတာ တစ်ခါတစ်လေမှာချစ်ဖို့ကောင်းတဲ့အမူအရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်လေမှာတော့ တော်တော်လေးကို

 

စိတ်အနှောက်ဖြစ်ရပါတယ်နော်။ဒါကြောင့် ဒီနေ့မှာတော့ သဝန်တိုတက်တဲ့ချစ်သူကောင်မလေးပိုင်ဆိုင်ထားတဲ့ဘရားသားတို့အတွက်


ချစ်သူကိုအကောင်းဆုံးထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

(၁) ယုံကြည်မှုတည်ဆောက်ပါ

 

Relationship တစ်ခုမှာတစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုကအရမ်းကိုအရေးကြီးပါတယ်။

 

ယုံကြည်မှုမရှိတဲ့အခါ သံသရဖြစ်စရာအတွေးတွေဝင်လာပြီး သဝန်တိုတာ စိုးစိတ်ရိမ်စိတ်တွေဖြစ်လာမှာဖြစ်ပါတယ်။

 

ဒါကြောင့်အသေးအမွှားကိစ္စလေးကမစ ယုံကြည်မှုတည်ဆောက်ပါ။ကိုယ့်အပေါ်အပြည့်အဝ ယုံကြည်နေရင် တော်ရုံသဝန်တိုတာမျိုးမဖြစ်တော့ပါဘူး။

 

(၂) စိတ်လုံခြုံမှုပေးပါ

 

ကောင်မလေးအများစုသဝန်တိုတယ်ဆိုတာသူမရဲ့စိတ်မှာမလုံခြုံမှုတွေကိုခံစားနေရတာကြောင့်ဖြစ်နိုင်ပါတယ်။

 

ဒါကြောင့်သူမအနေနဲ့သူမရဲ့နောက်ကွယ်ဖောက်ပြန်နေမှာတစိမ်းမိန်းကလေးတွေနဲ့ရှုပ်နေမှာစသည့်ဖြင့်စိတ်မလုံခြုံစရာအရာတွေကို

 

အတက်နိုင်ဆုံဖြေဖျောက်ပေးပါ။သင့်အနေနဲ့ ဘယ်နေရာရောက်ရောက် Video Call ခေါ်တာသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးထားတာမျိုးစသည်ဖြင့်

 

သူမစိတ်ချရမယ့်အခြေအနေတစ်ခုဖန်တီးပေးထားသင့်ပါတယ်။

 

(၃) တစိမ်းမိန်းကလေးတွေနဲ့ အရောတဝင်မနေပါနဲ့

 

မိန်းကလေးအများစုသဝန်တိုတဲ့အဓိကအကြောင်းအရာကတခြားမိန်းကလေးတွေပတ်သတ်နေလို့ပါ။

 

ဒါကြောင့်ကိုယ့်အနေနဲ့ အလုပ်ခွင်မှာဖြစ်စေ ဆိုရှယ်မီဒီယာပေါ်မှာဖြစ်စေ တခြားသောမိန်းကလေးတစ်ယောက်နဲ့ အရမ်းကြီးအရောတဝင်နေမိတာမျိုးမလုပ်မိပါစေ။

 

အတက်နိုင်ဆုံးသူမကိုပဲအချိန်ပေးဖြစ်အောင်ကြိုးစားပါ။

 

(၄) ဒဏ်ရာဟောင်းတွေကိုဖျောက်ဖျက်ပေးပါ

 

သင့်နဲ့ မတွေ့ခင် တစ်ချိန်မှာအချစ်နဲ့ပတ်သတ်ပြီး သူမအတွက် ပြင်းပြင်းထန်ထန်နာကျင်ခံစားခဲ့ရဖူးတယ်ဆိုရင် အတိတ်ရဲ့ အရိပ်ဆိုးတွေကသူမကိုဖုံးလွမ်းနေမှာပါ။

 

ထိုအခါမလိုအပ်ပဲ သဝန်တာမျိုးဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သူမရဲ့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေကို

 

အကောင်းဆုံးဖျောက်ဖျက်နိုင်ဖို့ ကူညီသင့်ပါတယ်။သဝန်မိန်းကလေးတိုင်းလိုလို အခုလိုခံစားချက်မျိုး ရှိတတ်ပါတယ်။

 

ဒီလိုမှမဟုတ်ပဲ အချစ်ရေးမှာ လိမ်ညာလှည့်ဖျားခံခဲ့ရဖူးတာပဲဖြစ်စေ နာကျင်စရာအတိတ်ဟောင်းတစ်ခုရှိခဲ့ရင် ဖြစ်စေသူမအတွက်

 

အဲ့ဒီပုံရိပ်တွေဟာ ဖျောက်ဖျက်ရခက်ခဲနေမှာဖြစ်ပြီး သင့်ကိုလည်းလိုတာထက် သဝန်တိုနေမိမှာဖြစ်ပါတယ်။

 

Credit:Kwee.co

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

ကိုယ်ချစ်သူကောင်မလေးက သဝန်တိုတတ်တဲ့သူတစ်ယောက်လား။

 


 


 


 

cvr

 


 


 


 


 

cvr2

 


 


 


 


 


 

cvr3

 


 


 


 


 

cvr4

 


 


 


 


 


 


 

Credit:Kwee.co

 

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 03 March 2020 16:40
Rate this item
(1 Vote)
Tagged under