17.10.2019 မှ 21.10.2019အထိတစ်ပတ်စာ၇ရက်သားသမီး ဟောစာတမ်း
17.10.2019 မှ 21.10.2019အထိတစ်ပတ်စာ၇ရက်သားသမီး ဟောစာတမ်း google
17.10.2019 မှ 21.10.2019 အထိတစ်ပတ်စာ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ရန်တွေများနေနိုင်ပါတယ်။ နားလည်အောင်ပြောရရင်မနာလိုသူတွေများနေတတ်တာမျိုးပါ။
အလုပ်ထဲမှာဆိုလဲ လူကြီးမျက်နှာသာပေးခြင်းခံရတတ်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်သူဆို မိမိဆိုင်၊ မိမိအလုပ် လူစည်ပြီးရောင်းအားတတ်နေပါလိမ့်မယ်။
ဗုဒ္ဓဟူးနံပစ္စည်း ရွှေ၊လှေ၊လှည်း၊လယ်၊ အလှကုန်ပစ္စည်း စသည်ဖြင့်ဝင်လာတတ်ပါတယ်။မိမိကို မြတ်နိုးသူတစ်ဦးမှ
လက်ဆောင်ပေးတာမျိုးကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။ နာတာရှည်ရောဂါသည်ပင်ဆေးတိုးသွားတတ်ပါတယ်။
ပညာရေးကံကောင်းနေချိန်ပါ။ သင်တန်းကိစ္စ ၊သင်ကြားရေးကိစ္စများအောင်မြင်ပါလိမ့်မယ်။အချစ်ရေးကိစ္စများ
စကားအပြောအဆိုဆင်ခြင်ပါကအဆင်ပြေပါလိမ့်မယ်။
အကျိုးပေးဂဏန်း .၂/၈/၁
အထူးဟော အခက်အခဲများကျော်လွှားနိုင်ပါလိမ့်မယ်။
ယတြာ ကလေးတွေကို ဂျယ်လီဝယ်ကျွေးလိုက်ပါ။
တနင်္လာ
ဒီကာလဟာ တနင်္လာသားသမီးများအတွက်မိသားစုအတွင်းမကြေလည်မှုများနေတတ်ပါတယ်။ မိခင်ကျန်းမာရေးဂရုစိုက်ပါ။
ခရီးကိစ္စ စီစဉ်ပြီးမှ ပျက်သွားတတ်ပါတယ်။ခရီးကိစ္စ၊ ကုန်သွယ်ရေးကိစ္စတွေအားနည်းနေတတ်ပါတယ်။
အောက်လက်ငယ်သားတွေကို မယုံသင့်တဲ့ကာလပါ။ အလုပ်တွေအေးနေတတ်ပါတယ်။
အလုပ်သစ်စဖို့အဆင်သင့်မဖြစ်သေးတဲ့ အချိန်ပါ။ ငွေကြေးမပြေလည်မှုတွေများနေပါလိမ့်မယ်။ ငွေကြေးချေးငှားတာမျိုးမလုပ်ပါနဲ့အုံး။
အချစ်ရေးကံကောင်းနေပါလိမ့်မယ်။ ချစ်သူချင်းနားလည်မှုတွေရတတ်ပေမဲ့ အတူလက်တွဲဖို့ကြံစည်ထားတဲ့သူတွေဆိုရင်တော့
မိဘတွေသဘောမတူတာမျိုးကြုံရတတ်ပါတယ်။ ပညာရေးကံ အားကောင်းနေတတ်တဲ့အချိန်ပါပဲ။
အကျိုးပေးဂဏန်း ၁/၇/၃
အထူးဟေ အဆင်မပြေမှုတွေများနေတတ်ပါတယ်။
ယတြာ ကြာသပတေးနေ့ည ၈နာရီခွဲမှာ ငွေ၂၀၀ကိုပံ့သကူပစ်လိုက်ပါ။
အင်္ဂါ
ဒီကာလအတွင်း မိမိဆွေမျိုးအသိုင်းအဝိုင်းထဲကလူကြီးသူမတစ်ဦးဆုံးပါးတတ်ပါတယ်။
မိမိအလုပ်အကိုင်အကြံအစည်တွေပြည့်ဝဖို့ တစိမ်းလူမျိုးခြားတွေရဲ့ အကူအညီတွေယူရပါလိမ့်မယ်။
မိမိအခက်အခဲကြုံပါက မိမိတို့စောင့်ရှောက်နေသော မမြင်အပ်သောပုဂ္ဂိုလ်များအား ရည်မှန်းပြီးမေတ္တာပို့ဆုတောင်းပါ။
လုပ်ငန်းစီးပွားကံကောင်းနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်နေမဲ့အချိန်ပါပဲ။ အပျော်ခရီးသွားဖို့ကြံရွယ်ထားရင် ပျက်တတ်ပါတယ်။
လူငယ်တွေရဲ့ အချစ်ရေးကဏ္ဍအနေနဲ့ နှစ်ဖက်အသိုင်းအဝိုင်းတွေရဲ့ သွေထိုးမှုတွေကြောင့် စိတ်ဝမ်းကွဲနိုင်ပါတယ်။
ပညာရေးကံကောင်းနေပေမဲ့ မိမိကိုယ်တိုင်ကလဲ ပညာရေးအပေါ်စိတ်နှစ်ထားဖို့လိုပါတယ်။
အကျိုးပေးဂဏန်း ၈/၄/၃
အထူးဟော သူများဆီမှ အကူအညီယူမှအဆင် ပြေပါလိမ့်မယ်။
ယတြာ မိမိမွေးနံထောင့်မှာ ခေါင်းလောင်းလေးတစ်လုံးလှူလိုက်ပါ။
ဗုဒ္ဓဟူး
လုပ်သမျှအဆင်ပြေမည်။ ကြံစည်သမျှ အောင်မြင်ပါလိမ့်မယ်။ မိမိစိတ်ကူးထားတာတွေ ရည်မှန်းထားတာတွေ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
စပ်တူအလုပ်၊ရှယ်ယာအလုပ်တွေကနေအကျိုးဖြစ်ထွန်းမယ်။ မိတ်ဆွေကောင်းတွေရဲ့အကူအညီရမယ်။
လုပ်ဖော်ကိုင်ဖက်တွေရဲ့ထောက်ခံမှုကြောင့်နေရာကောင်းရပါလိမ့်မယ်။ အဝေးရောက်သားသမီးတွေရဲ့ ထောက်ပံ့ခြင်းမျိုးကြုံရပါလိမ့်မယ်။
သားသမီးကြောင့်မိမိဂုဏ်တတ်ပါလိမ့်မယ်။ အလုပ်ထဲကိုတော့ ငွေအများကြီး အမြုပ်မခံပါနဲ့။ အချစ်ရေးကံကတော့ အားနည်းနေတတ်ပါတယ်။
ချစ်သူက မိမိကိုအခြားတစ်ယောက်နဲ့စွပ်စွဲတာ မျိုးကြုံရနိုင်ပါတယ်။ ပညာရေးမှာ အတွက်အချက်ပိုင်းညံ့နေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၇/၅/၄
အထူးဟော လုပ်ငန်းစီးပွားတိုးတတ်မည်။
ယတြာ ထန်းလျက် ၁၁ လုံး ဘုရားကပ်လှူပါ။
ကြာသပတေး
အလုပ်များခရီးများနေရတတ်ပါတယ်။ လူမှုရေးကိစ္စပရဟိတကိစ္စတွေမှာ ဦးဆောင်ဦးရွက်လုပ်ပေးနေရတတ်ပါတယ်။
လူမှုရေးအသင်းအဖွဲ့မှငွေများ မိမိဆီအပ်တာမျိုးလက်မခံပါနဲ့။ ကျောက်ကိစ္စ၊ကွန်ပျူတာ၊ ကား၊ ခြံကိစ္စတွေမှာရောင်းမှားဝယ်မှားဖြစ်နေတတ်ပါတယ်။
ငွေကဝင်သလောက်အဖတ်မတင်ပြန်ကုန်သွားတတ်ပါတယ်။ စနစ်တကျ သုံးစွဲပါ။ အလုပ်သစ်၊ စီးပွားသစ်လုပ်နေသူများငွေမနိုင်တာမျိုးကြုံရတတ်ပါတယ်။
စိတ်တူကိုယ်တူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အယူအဆမတူ စိတ်ဝမ်းကွဲတတ်ပါတယ်။ အလုပ်ပြောင်း၊ နေရာပြောင်း ၊အိုးအိမ်ပြောင်းကြုံရတတ်ပါတယ်။
အချစ်ရေးကံကောင်းမွန်နေတဲ့အချိန်ပါ။ နားလည်မှုတွေတည်ဆောက်နိုင်ပါလိမ့်မယ်။ ပညာရေးကတော့ ဆရာရှင်းပြတာ နားမလည်တာမျိုးကြုံရနိုင်ပါတယ်။
အကျိုးပေးဂဏန်း ၁/၉/၅
အထူးဟော စိတ်လေနေတတ်တယ်။
ယတြာ အုန်းသီးစိပ် ၆စိပ်ဘုရားလှူပါ။
သောကြာ
တစ်ကယ်ကို စိတ်ပန်းလူပန်းတွေဖြစ်နေရပါတယ်။မိမိအနေနဲ့စိတ်ညစ်စရာတွေတစ်ခုပြီးတစ်ခု ကြုံရနိုင်ပါတယ်။ ကျန်းမာရေးလဲ ဂရုစိုက်စေချင်ပါတယ်။
အထူးသဖြင့်မိန်းကလေးတွေပါပဲ။ ချွေးငုပ်၊ သွေးငုပ်ဖြစ်လွယ်ပါတယ်။ အလုပ်အကိုင်အဆင်ပြေချောမွေ့နေပေမဲ့
မိမိသောကကြောင့် အလုပ်မှာ စိတ်နှစ်မရတာမျိုးကြုံရမှာပါ။ ဆုံးဖြတ်ချက်အမြန်ချပါက အမှားများနိုင်တဲ့ကာလပါ။
နိုင်ငံရပ်ခြားဆက်သွယ်ရသောအလုပ်တွေ၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုအလုပ်တွေအရှုံးပြတတ်ပါတယ်။
အချစ်သစ်ဆိုရင်ကောင်းပေမဲ့ အချစ်ဟောင်းနဲ့တော့ပြဿ နာခဏခဏတတ်ပါလိမ့်မယ်။ပညာရေးမှာတော်ပေမဲ့ မိမိအနေဖြင့်မြင်းကောင်းခွာလိပ်မဖြစ်ဖို့လိုပါတယ်။
အကျိုးပေးဂဏန်း ဝ/၇/၁
အထူးဟော ကံညံ့နေပါတယ်
ယတြာ ခရီးသွားမဲ့သူတွေကို လမ်းစရိတ်တတ်နိုင်သလောက်ကူညီလိုက်ပါ။
စနေ
ကံမြင့်မားနေချိန်ပါပဲ။ ထီဝါသနာရှင်များအနေနဲ့က ထီထိုးလို့သင့်တဲ့အချိန်ပါပဲ။ ထီပေါက်ကိန်းရှိပါတယ်။ အရာရာမိမိဦးဆောင်ပြီးလုပ်ပါ။
မိမိအတွေးအကြံကသာ အကောင်းဆုံးတွေကို ဖြစ်စေနိုင်တဲ့အချိန်ပါ။ တိုက်ခန်း ဝယ်ချင်၊ ရောင်းချင်၊ဌားချင်ရင်
ဒီကာလအတွင်း လုပ်ဆောင်သင့်ပါတယ်။ မိမိအနေနဲ့က စိတ်ကူးကောင်းအတွေးအခေါ်ကောင်းတွေရတတ်ပါတယ်။
ဖြေးဖြေးမှန်မှန် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုတွေရပါလိမ့်မယ်။ အဝတ်အထည်များ လက်ဆောင်ရတတ်ပါတယ်။
အလုပ်ရှာနေသူများ အလုပ်ကောင်းရပါလိမ့်မယ်။ကိုယ်ပိုင်စီးပွားတစ်ခုစတင်အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
အချစ်ရေးကံမြင့်နေသလို ပညာရေးကံလဲ ထွန်းပေါက်အောင်မြင်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၁/၈/၇
အထူးဟော အဘက်ဘက်ကကံမြင့်နေမည်။
ယတြာ ထိုးမုန့် ဘုရားကပ်လှူပါ။
ဗေဒင်သုတေသီ
Zawgyi ဖြင့်ဖတ်ရန်...
 တနင်္ဂနွေ
အကျိုးပေးဂဏန်း .၂/၈/၁
တနင်္လာ
အကျိုးပေးဂဏန်း ၁/၇/၃
အင်္ဂါ
အကျိုးပေးဂဏန်း ၈/၄/၃
ဗုဒ္ဓဟူး
အကျိုးပေးဂဏန်း ၇/၅/၎
ကြာသပတေး
အကျိုးပေးဂဏန်း ၁/၉/၅
သောကြာ
အကျိုးပေးဂဏန်း ၀/၇/၁
အထူးဟော ကံညံ့နေပါတယ်
စနေ
အကျိုးပေးဂဏန်း ၁/၈/၇
ဗေဒင်သုတေသီ
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 03 March 2020 16:33
Rate this item
(0 votes)
Tagged under