၂၀၂၀ တစ်နှစ်တာကာလအတွင်း (၇)ရက်သားသမီးအားလုံး၏ ထူးထူးခြားခြား ကံကောင်းမည့်အချက် (၁၁)ချက်
၂၀၂၀ တစ်နှစ်တာကာလအတွင်း (၇)ရက်သားသမီးအားလုံး၏ ထူးထူးခြားခြား ကံကောင်းမည့်အချက် (၁၁)ချက် google
တနင်္ဂနွေသားသမီးများ
(1) ခရီးသွားရင်းထီထိုးပါကထီကံကောင်းပါမည်။ထီထိုးပါက ၁၃အတွဲ( သို့မဟုတ်)၁၈အတွဲပါသောထီရှာထိုးပါ
(2)ငယ်ရွယ်သူများသင်တန်းတက်ရင်းဖူးစာဘက်ချစ်သူနှင့်ဆုံတွေ့မည်။
(3) ၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးမျာအနေနီးသူနှင့်ဖူးစာရေစက်ဆုံ၍ မင်္ဂလာရက်မြတ်တွက်ချက်ခါလက်ထပ်ရပါမည်။
(4)အလုပ်ပြောင်းလိုသူများအနည်းငယ်ကြန့်ကြာပြီးမှပြောင်းရွှေ့ရမည် လုပ်သက်ကြာသူများရာထူးတိုးခြင်း (သို့မဟုတ်)နေရာကောင်းရခြင်းရှိမည်။
(5)အကြွေးရှိရင်ကြေမယ် ရစရာရှိရင်လည်း လေးပုံသုံးပုံပြန်ရမယ်။
(6)၄လပိုင်းနဲ့၉လပိုင်းကြားငွေအစုအပုံဝင်မည်။
(7)မိမိအသွားချင်ဆုံးခရီးတစ်ခုကိုလက်တွေ့ထွက်ရမည်။
(8)မိမိအလိုချင်ဆုံးပစ္စည်တစ်ခုကိုဝယ်ဖို့လိုအပ်သောငွေမမျှော်လင့်ဘဲရရှိပါမည်။
(9)ဘာသာရေးဆိုင်ရာအဓိဌာန်တစ်ခုလုပ်ရမည် အဓိဌာန်လည်းအောင်မြင်ပါမည်။
(10)အစိမ်းရောင်ကျောက်ဝင်မည်။
(11)မိမိအလိုချင်ဆုံးစာအုပ်တစ်အုပ်ကိုလက်ဆောင်ရရှိပါမည်။
ယတြာ အင်္ဂါညနေတိုင်းငါးစာကျွေးပေးပါ။
တနင်္လာသားသမီးများ
(1)ကားဘီးပေါက်သံ ဆိုင်ကယ်ဘီးပေါက်သံကြားပါကထီထိုးပါ ထီကံကောင်းပါမည် ထီထိုးပါက ၁၆အတွဲ ၃၆အတွဲပါသောထီကိုရှာထိုးပါ။
(2)ငယ်ရွယ်သူများခရီးသွားရင်းမိမိဖူူးစာဘက်နှင့်တွေ့ဆုံရပါမည်။
(3) ၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးများဘာသာရေးအဓိဌာန်တွေလိုက်လုပ်ရင်း မိမိရဲ့စိတ်တူကိုယ်တူဖူးစာဘက်နှင့်တွေ့ဆုံခွင့်ရပါမည်။
(4)အလုပ်တွင်မိမိနှင့်အဆင်မပြေသူတစ်ဦးလက်ရှိအလုပ်မှတစ်ခြားအလုပ်နေရာသစ်သို့ပြောင်းရွှေ့ရမည်။
(5)မိမိသင်ချင်နေတဲ့ပညာရပ်တစ်ခုကိုသင်ခွင့်ရပါမည်။
(6)၄လပိုင်းနှင့်၁၀လပိုင်းကြားငွေကြေးကံကောင်း၍ငွေအစုအပုံဝင်ပါမည်။
(7)မိမိပျောက်နေတဲ့ဓါတ်ပုံမှတ်တမ်းတစ်ချို့ပြန်တွေ့ပါမည်။
(8)မိမိအပေါ်စိတ်ဆိုးစိတ်ကောက်နေသူနှင့်ပြန်အဆင်ပြေမည်။
(9)အိမ်ထောင်ဘက်၏အကျိုးကျေးဇူးခံစားရပါမည်။
(10)အမွေအနှစ်ရခြင်း (သို့မဟုတ်) မြေယာဝင်ခြင်းရှိမည်။
(11)ဘုရားပုံတော် ဝင်မယ် အဲဒီလိုဝင်ပြီးတာနဲ့သင့်အတွက်ကံကောင်းမှုများစတင်ခံစားရပါလိမ့်မည်။
ယတြာ အသက်ကြီး၍ဆင်းရဲသောအဖိုးအိုအဖွားအိုများအားမကြာခဏငွေကြေးထောက်ပံ့လှူဒါန်းပေးပါ။
အင်္ဂါသားသမီးများ
(1)အလွမ်းအဆွေသီချင်းဖွင့်လာသောထီဆိုင်တွင်ထီထိုးပါက ထီကံကောင်းပါမည်။ထီထိုးပါ။၅၈အတွဲ၅၉အတွဲပါသောထီရှာထိုးပါ။
(2)ငယ်ရွယ်သူများ facebookပေါ ်တွင်friendဖြစ်သူနှင့်ချစ်သူရည်းစားဖြစ်လိမ့်မည်။
(3) ၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးမျာ ရိပ်သာသွားရင်းဖူးစာဘက်နှင့်ဆုံတွေ့နိူင်ပါသည်။
(4)အလုပ်တွင်မိမိအထက်လူကြီးမှမိမိ၏လုပ်ရည်ကိုင်ရည်ကိုသဘောကျသောကြောင့်လုပ်ပိုင်ခွင့်များလစာများပိုပေးလိမ့်မည်။
(5)ဘာသာရေးနှင့်ပတ်သက်သောအကြောင်းအရာများကိုပိုမိုလေ့လာခွင့်ရရှိမည်။
(6)၅လပိုင်း၉လပိုင်းကြားငွေအစုအပုံဝင်ပါမည်။
(7)ဆုမဲပေါက်တာမျိုး ကံစမ်းမဲပေါက်တာမျိုးကြုံရမည်။
(8)မိမိရစရာရှိသောငွေကြေးများပြန်လည်ရရှိလိမ့်မည်။
(9)မိမိဖြစ်နေသောရောဂါ ဝေဒနာအတွက်ဆေးဝါးကောင်းတွေ့ရှိမည်။
(10)မိဘများအပေါ်မိမိပြုလုပ်ပေးချင်နေသောကိစ္စကိုလက်တွေ့အကောင်အထည်ဖော်နိူင်ပါလိမ့်မည်။
(11)မိမိအတွေ့ချင်ဆုံးသူနှင့်ပြန်လည်ဆုံတွေ့ခွင့်ရပါမည်။
ယတြာ အင်္ဂါထောင့်နှင့်ရာဟုထောင့်တွင်သန့်ရှင်းရေးသေချာလုပ်၍ရေ၁၁ခွက်စီလောင်းလှူ ပေးပါ။
ဗုဒ္ဓဟူးသားသမီးများ
(1)အရက်မူူးပြီးသီချင်းဆိုရင်းထီလည်ရောင်းသူထံတွင်ထီထိုးပါကထီကံကောင်းပါလိမ့်မည် ထီထိုးပါက ၆၈အတွဲ၃၈အတွဲပါသောထီရှာထိုးပါ။
(2)ငယ်ရွယ်သူများအချစ်ရေးတွင်မိမိထက်အသက်ကြီးသူနှင့်ဆုံတွေ့၍ဖူူးစာဆုံမည်။
(3) ၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးများမိမိနှင့်စိတ်တူကိုယ်တူ ဝါသနာတူ သူနှင့်ဖူးစာဘက်ကြုံ၍ဆုံတွေ့ခွင့်ရရှိပါမည်။
(4)မိမိအလုပ်အတွင်းလုပ်ပိုင်ခွင့်ပိုမိုရရှိသောနေရာသို့ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရရှိမည်။
(5)နည်းပညာဆိုင်ရာများပိုမိုလေ့လာခွင့်ရတတ်သလို မိမိအားအကူအညီပေးမည့်သူလည်းပေါ ်လာလိမ့်မည်။
(6) ၆လပိုင်းနှင့်၁၁လပိုင်းကြားငွေအစုအပုံဝင်မည်။
(7)တန်ဖိုးရှိသောပစ္စည်းတစ်ခုကောက်ရလိမ့်မည်။
(8)အဓိဌာန်တစ်ခုလုပ်ရမည်ဖြစ်ပြီး
ထိုအဓိဌာန်အာင်မြင်၍မိမိဆုတောင်းထားသောကိစ္စဆုတောင်းပြည့်လိမ့်မည်။
(9)မိမိအလိုချင်ဆုံးရတနာတစ်ခုရရှိပါလိမ့်မည်၏
(10)မိမိအပေါ ်အဆိုးမြင်ခဲ့သူများမှမိမိအားပြန်လည်တောင်းပန်၍အမြင်ကြည်လင်လာကြလိမ့်မည်
(11)စက်ပစ္စည်းအသစ်ဝင်မည်။
ယတြာ ဗုဒ္ဓဟူူးထောင့်နှင့်သောကြာထောင့်တွင်သန့်ရှင်းရေးသေချာလုပ်၍ ရေ၁၁ခွက်စီလောင်းလှူ ပေးပါ။
ကြာသာပတေးသားသမီးများ
(1)လမ်းလေးခွဆုံရာတွင်ရောင်းသောထီဆိုင်တွင်ထီထိုးပါကထီကံကောင်းပါမည်ထီထိုးပါက ၅၆အတွဲ၁၃အတွဲပါသောထီကိုရှာထိုးပါ။
(2)ငယ်ရွယ်သူများအချစ်ရေးတွင်မိမိထက်အသက်ငယ်ရွယ်သူနှင့်ဖူးစာဆုံပါလိမ့်မည်။
(3)၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးများမမျှော်လင့်ဘဲအချစ်ဟောင်းနှင့်ပြန်လည်ဆုံတွေ့ခွင့်ရရှိလိမ့်မည်။
(4)ရာထူူးတိုးရန်ကြန့်ကြာနေသူများရာထူူးတိုးသတင်းကောင်းကြားရလိမ့်မည်။
(5)ဘာသာရပ်ဆိုင်ရာစကားပြောတစ်ခုခုကိုဆရာကောင်းထံတွင်သင်ယူခွင့်ရရှိလိမ့်မည်။
(6)၃လပိုင်းနှင့်၆လပိုင်းကြားငွေအစုအပုံဝင်လိမ့်မည်။
(7)မိဘအမွေအနှစ်ရရှိတတ်သလို မြေယာနေရာထိုင်ခင်းကိစ္စအဆင်ပြေလိမ့်မည်။
(8)မိဘ၏ကျန်းမာရေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိူင်ပါလိမ့်မည်။
(9)မိမိအလိုချင်ဆုံးပစ္စည်းတစ်ခုကိုလက်ဆောင်ရရှိလိမ့်မည်။
(10)မိမိစိတ်သောကရောက်နေရသောကိစ္စများအတွက်လွတ်မြောက်ရာလမ်းကြောင်းကိုရှာဖွေတွေ့ရှိလိမ့်မည်။
(11)တရားဘာဝနာအားထုတ်ကြသူများတရားထူးတရားမြတ်ရရှိပါလိမ့်မည်။
ယတြာ ကြာသာပတေးထောင့်နှင့်တနင်္လာထောင့်တွင် သန့်ရှင်းရေးသေချာလုပ်၍ကိတ်မုန့်လှူပေးပါ။
သောကြာသားသမီးများ
(1)မိခင်နှင့်ပတ်သက်သောသီချင်းဖွင့်လာသောထီဆိုင်တွင်ထီထိုးပါ ၇၅အတွဲ၅၉အတွဲပါသောထီရှာထိုးပါ။
(2)ငယ်ရွယ်သူများအချစ်ရေးတွင် ဘဝအရေးအတွက်မို့လို့ခပ်ဝေးဝေးနေနေရပေဦးမည်။ ဝေးနေရတော့မှပိုပိုချစ်နေမိမှန်းပိုသိခွင့်ရပါလိမ့်မည်။
(3)၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးများမိမိနှင့်စိတ်တူဝါသနာတူသူနှင့်အွန်လိုင်းတွင်ရင်နှီးခွင့်ဆုံဆည်းခွင့်ရရှိပါလိမ့်မည်။
(4)အလုပ်တွင်မူလအလုပ်တာဝန်အပြင် အလုပ်တာဝန်ပိုများကိုပါထပ်မံလုပ်ကိုင်ပေးနေရပါလိမ့်မည်။
(5)ဘာသာရေးဆိုင်ရာစာပေများပိုမိုလေ့လာခွင့်ရရှိပါလိမ့်မည်။
(6)သင်္ကြန်ကျော်နောက်ပိုင်းငွေကံကောင်း၍ငွေအစုအပုံဝင်ပါမည်။
(7)မိမိအလိုချင်ဆုံးစက်ပစ္စည်းတစ်ခုခုဝင်လာပါလိမ့်မည်။
(8)ကျန်းမာရေးတွင် ချွဲကြပ်ရင်ကြပ် ပြီးမောနေတတ်ပါတယ်။အအေးခံလွန်းတာ၊ အအေးစာအလွန်အကျွံစားသုံးတာမျိုးရှောင်ပါ။
(9)ဘာသာရေးဆိုင်ရာဓါတ်ပုံတစ်ပုံဝင်ပြီးတာနဲ့အထူးကံကောင်းမူ့များကြုံရပါမည်။
(10)ကွဲကွာနေသည်မှာကြာပြီဖြစ်သော မိမိအတွေ့ချင်ဆုံးသူနှင့်ပြန်လည်ဆုံတွေ့ခွင့်ရရှိပါလိမ့်မည်။
(11)သားသမီးရှိသူများ သားသမီးပညာရေးအတွက်ကောင်းသတင်းကြားရပါလိမ့်မည်။
စနေသားသမီးများ
(1)ဘုရားဖူးသွားရင်း ထီထိုးပါက ထီကံကောင်းပါလိမ့်မည် ထီထိုးပါက ၉၁အတွဲ၈၂အတွဲပါသောထီကိုရှာထိုးပါ။
(2) မိမိနှင့်အနေနီးသောသူငယ်ချင်းမှမိမိအားချစ်ခွင့်ပန်ခြင်းခံရပါလိမ့်မည်။
(3)၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးများဆေးရုံဆေးခန်းသွားရင်း မိမိဖူူးစာဘက်နှင့်တွေ့ဆုံခွင့်ရပါလိမ့်မည်။
(4)အလုပ်အတွင်းနေရာအပြောင်းအလဲကြုံ ပြီးတာနဲ့လုပ်ငန်းတိုးတက်အောင်မြင်မူ့များကြုံရပါမည်။
(5)နည်းပညာဆိုင်ရာအသိပညာများလေ့လာဆည်းပူူးခွင့်ရပါလိမ့်မည်။
(6) ၈လပိုင်းနှင့်၁၂လပိုင်းကြားငွေအစုအပုံဝင်၍ကံကောင်းပါမည်။
(7)မိမိ မိသားစုနှင့်အတူ စုပေါင်းအလှူ အတန်းပြုရမည်။
(8) အာရုံကြောအားနည်းတတ်ပြီး မျက်မှန်မတပ်ရသေးသူများ ပါဝါမျက်မှန်တပ်ရပါလိမ့်မည်။
(9) ဘုန်းကံမြင့်မားမည့်နှစ်ဖြစ်၍ အလုပ်တွင်ရာထူူးတိုးရန်ကြန့်ကြာနေသူများရာထူူးတိုးမည့်အခွင့်အလန်းကောင်းများကြုံရပါလိမ့်မည်။
(10) အမိအဖဘက်မှနေ၍အမွေအနှစ်ကောင်းများရရှိနိူင်သောနှစ်ပါ။
(11)မိဘများသွားချင်နေသောခရီးကိုလိုက်ပို့ပေးနိူင်ခွင့် အခွင့်အရေးရရှိပါလိမ့်မည်။
ရာဟုသားသမီးများ
(1) အတိတ်နမိတ်ကောင်းသောသီချင်းများဖွင့်ထားသောထီဆိုင်တွင်ထီထိုးပေးပါ ၄၅အတွဲ၄၆အတွဲပါသောထီရှာထိုးပါ။
(2)ချစ်ခွင့်ပန်ထားသူများ မိမိချစ်ရသူထံမှအဖြေကောင်းကြားရပါမည် မျှော်လင့်စောင့်စားနေသူများ မိမိမျှော်လင့်နေသူထံမှရင်ဖွင့်ချစ်ရေးဆိုခြင်းခံရပါမည်
(3)၄၀ကျော်၅၀ကျော် အပျိုကြီး လူပျိုကြီးများ ဘုရားဖူးခရီးထွက်ရင်းဖူးစာဘက်တွေ့ပါမည်။
(4) အလုပ်မှစေလွှတ်သော သင်တန်းကောင်းတက်ခွင့်ရပါလိမ့်မည်။
(5) မိမိအလိုချင်ဆုံးသော စာအုပ်ဟောင်းတစ်အုပ်ကိုပြန်လည်တွေ့ရှိပြီးဝယ်ယူခွင့်ရပါလိမ့်မည်။
(6)၅လပိုင်းနှင့်၉လပိုင်းကြား ကံကောင်းလာဘ်ရွှင်၍ငွေအစုအပုံဝင်ပါမည်။
(7)တကယ်လိုအပ်နေသောသူများအတွက် လိုအပ်နေသောစားစရာ ဝတ်စရာများထောက်ပံ့ပေးကမ်းလှူ ဒါန်းနိူင်ပါလိမ့်မည်။
(8) ခါးနာ ဒူူးနာဖြစ်တတ်ပြီး အဲဒီအတွက်ထိရောက်သော ဆေးဝါးကောင်းများလည်းလက်ဆောင်ရရှိပါလိမ့်မည်။
(9) မမျှော်လင့်ဘဲဆုမဲများထပေါက်မည့်နှစ်ပါ။အလိုလိုနေရင်းကံထူး ကံကောင်းမူ့များကြုံရပါလိမ့်မည်။
(10) ငယ်ရွယ်သူများပညာရေးအတွက်သတင်းကောင်းကြားရပါလိမ့်မည်။
(11)မိမိပျောက်နေသောပစ္စည်းပြန်တွေ့ခြင်း (သို့မဟုတ်) ရစရာရှိသောငွေကြးတချို့ပြန်ရခြင်း၊ပေးစရာရှိသောငွေကြေးများပြန်ပေးနိူင်ပါလိမ့်မည်။
ဆရာ ကျော်ဘိုဘိုဟိန်း 09401545306
Zawgyi ဖြင့်ဖတ်ရန်
တနင်္လာသားသမီးများ
(2)ငယ်ရွယ်သူများခရီးသွားရင်းမိမိဖူးစာဘက်နှင့်တွေ့ဆုံရပါမည်။
အင်္ဂါသားသမီးများ
(3) ၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးမျာ ရိပ်သာသွားရင်းဖူးစာဘက်နှင့်ဆုံတွေ့နိုင်ပါသည်။
(10)မိဘများအပေါ်မိမိပြုလုပ်ပေးချင်နေသောကိစ္စကိုလက်တွေ့အကောင်အထည်ဖော်နိုင်ပါလိမ့်မည်။
ဗုဒ္ဓဟူးသားသမီးများ
(1)အရက်မူးပြီးသီချင်းဆိုရင်းထီလည်ရောင်းသူထံတွင်ထီထိုးပါကထီကံကောင်းပါလိမ့်မည် ထီထိုးပါက ၆၈အတွဲ၃၈အတွဲပါသောထီရှာထိုးပါ။
(2)ငယ်ရွယ်သူများအချစ်ရေးတွင်မိမိထက်အသက်ကြီးသူနှင့်ဆုံတွေ့၍ဖူးစာဆုံမည်။
ယတြာ ဗုဒ္ဓဟူးထောင့်နှင့်သောကြာထောင့်တွင်သန့် ရှင်းရေးသေချာလုပ်၍ ရေ၁၁ခွက်စီလောင်းလှူ ပေးပါ။
(4)ရာထူးတိုးရန်ကြန့် ကြာနေသူများရာထူးတိုးသတင်းကောင်းကြားရလိမ့်မည်။
(8)မိဘ၏ကျန်းမာရေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။
သောကြာသားသမီးများ
စနေသားသမီးများ
(3)၄၀ကျော်၅၀ကျော်အပျိုကြီးလူပျိုကြီးများဆေးရုံဆေးခန်းသွားရင်း မိမိဖူးစာဘက်နှင့်တွေ့ဆုံခွင့်ရပါလိမ့်မည်။
(5)နည်းပညာဆိုင်ရာအသိပညာများလေ့လာဆည်းပူးခွင့်ရပါလိမ့်မည်။
(9) ဘုန်းကံမြင့်မားမည့်နှစ်ဖြစ်၍ အလုပ်တွင်ရာထူးတိုးရန်ကြန့် ကြာနေသူများရာထူးတိုးမည့်အခွင့်အလန်းကောင်းများကြုံရပါလိမ့်မည်။
(10) အမိအဖဘက်မှနေ၍အမွေအနှစ်ကောင်းများရရှိနိုင်သောနှစ်ပါ။
(11)မိဘများသွားချင်နေသောခရီးကိုလိုက်ပို့ ပေးနိုင်ခွင့် အခွင့်အရေးရရှိပါလိမ့်မည်။
ရာဟုသားသမီးများ
(7)တကယ်လိုအပ်နေသောသူများအတွက် လိုအပ်နေသောစားစရာ ဝတ်စရာများထောက်ပံ့ပေးကမ်းလှူ ဒါန်းနိုင်ပါလိမ့်မည်။
(8) ခါးနာ ဒူးနာဖြစ်တတ်ပြီး အဲဒီအတွက်ထိရောက်သော ဆေးဝါးကောင်းများလည်းလက်ဆောင်ရရှိပါလိမ့်မည်။
(11)မိမိပျောက်နေသောပစ္စည်းပြန်တွေ့ခြင်း (သို့ မဟုတ်) ရစရာရှိသောငွေကြးတချို့ပြန်ရခြင်း၊ပေးစရာရှိသောငွေကြေးများပြန်ပေးနိုင်ပါလိမ့်မည်။
Myanmar Wedding Guide
jjjj
Read times Last modified on Thursday, 30 January 2020 11:42
Rate this item
(3 votes)
Tagged under