ကိုရီးယားကို ဟန်းနီးမွန်းခရီးစဉ်အဖြစ်ရွေးချယ်မယ်ဆိုရင်.....

ကိုရီးယားကို ဟန်းနီးမွန်းခရီးစဉ်အဖြစ်ရွေးချယ်မယ်ဆိုရင်..... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ကိုရီးယားနိုင်ငံမှာ ပျားရည်ဆမ်းခရီးသွားရောက်လည်ပတ်လို့အဆင်ပြေမယ့်နေရာလေးတွေကိုဖော်ပြပေးချင်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ ဧပြီလကတော့ ရာသီဥတုလည်း သာယာပြီး အလည်သွားလို့ အကောင်းဆုံးလပါ။

အချစ်ရဲ့ သင်္ကေတလို့ တင်စားခေါ်ဝေါ်ပြီး အရောင်အသွေးစုံလင်တဲ့ ကျူလစ်ပန်းမျိုးစုံပါဝင်တဲ့ ကျူလစ်ပန်းပွဲတော်ကလည်း

ကမ္ဘာပေါ်မှာ နာမည်ကြီး လူသိများတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး အမှတ်တရဓာတ်ပုံတွေရိုက်ဖို့ အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။

ချစ်စရာကာတွန်းရုပ်လေးများနှင့် အလှဆင်ထားပြီး ရောင်စုံနံရံဆေးရေးပန်းချီများရှိရာ ရွာလေးဖြစ်တဲ့ Incheon Fairy Tale Village၊

ငါးပြတိုက်နှင့်တကွ LED မီးလုံးများနှင့် အလှဆင်ထားတဲ့ Gwangmyeong Cave၊ဟန်နီးမွန်းကျွန်းလို့ နာမည်ကျော်လှတဲ့ “ ဂျယ်ဂျူးကျွန်း ”၊

ပဟေဠိလမ်းမ “Mysterious Road ’’၊UNESCO နေရာတစ်ခုဖြစ်တဲ့အာရုံဦးတောင်ထိပ်ခေါ်“Sunrise Peak’’တောင်ထိပ်မှာအမှတ်တရဓာတ်ပုံရိုက်ကြမယ်၊

ကိုရီးယားဇာတ်လမ်းများ ရိုက်ကူးရာနေရာတစ်ခုဖြစ်တဲ့ ''Seopjikoji Hill''၊ရင်သက်ရှုမောဖွယ်ကောင်းသော ကျောက်ဆောင်များနှင့် ပင်လယ်ပြင်ကြီးအလှကို ခံစားစေမဲ့ “Jusangjeoli ”၊

ချစ်စဖွယ်အသွင်ပုံစံအမျိုးမျိုးဖြင့် ကွဲပြားနေတဲ့ ဝက်ဝံရုပ်လေးများရှိရာ ဝက်ဝံပြတိုက် “Teddy Bear Museum ’’၊အချစ်သင်္ကေတလို့ သတ်မှတ်ထားတဲ့ “ဆိုးလ်တာဝါ ”၊

ကုန်ပစ္စည်းမျိုးစုံကို ဝယ်ယူရရှိနိုင်တဲ့ နာမည်ကျော် Dongdaemun ဈေး၊ဆိုးလ်မြို့ရဲ့ ပျော်စရာအကောင်းဆုံး ကစားကွင်းတစ်ခုဖြစ်တဲ့ Everland၊

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် show ပွဲတစ်ခုဖြစ်တဲ့ Painter Show၊ရှေးခေတ်နန်းတော်အပြင်ဆင်များကို လေ့လာကြည့်ရှုနိုင်မဲ့ “ ဂျောင်းဘုတ်ဂန်း နန်းတော်"၊

ဟန်းဘုတ်လို့ခေါ်တဲ “ကိုရီးယား ရိုးရာဝတ်စုံ ”လှလှလေးတွေ ဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြရင်း ဟန်းနီးမွန်းကာလလေးကိုဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလံုးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြအတြက္ ကိုရီးယားႏိုင္ငံမွာ ပ်ားရည္ဆမ္းခရီးသြားေရာက္လည္ပတ္လို႔အဆင္ေျပမယ့္ေနရာေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္။

ကိုရီးယားႏိုင္ငံရဲ႕ ဧၿပီလကေတာ့ ရာသီဥတုလည္း သာယာၿပီး အလည္သြားလို႔ အေကာင္းဆုံးလပါ။

အခ်စ္ရဲ႕ သေကၤတလို႔ တင္စားေခၚေဝၚၿပီး အေရာင္အေသြးစုံလင္တဲ့ က်ဴလစ္ပန္းမ်ိဳးစုံပါဝင္တဲ့ က်ဴလစ္ပန္းပြဲေတာ္ကလည္း

ကမာၻေပၚမွာ နာမည္ႀကီး လူသိမ်ားတဲ့ ပြဲေတာ္တစ္ခုျဖစ္ၿပီး အမွတ္တရဓာတ္ပုံေတြ႐ိုက္ဖို႔ အေကာင္းဆုံးေနရာလည္း ျဖစ္ပါတယ္။

ခ်စ္စရာကာတြန္း႐ုပ္ေလးမ်ားႏွင့္ အလွဆင္ထားၿပီး ေရာင္စုံနံရံေဆးေရးပန္းခ်ီမ်ားရွိရာ ႐ြာေလးျဖစ္တဲ့ Incheon Fairy Tale Village၊

ငါးျပတိုက္ႏွင့္တကြ LED မီးလုံးမ်ားႏွင့္ အလွဆင္ထားတဲ့ Gwangmyeong Cave၊ဟန္နီးမြန္းကြၽန္းလို႔ နာမည္ေက်ာ္လွတဲ့ “ ဂ်ယ္ဂ်ဴးကြၽန္း ”၊

ပေဟဠိလမ္းမ “Mysterious Road ’’၊UNESCO ေနရာတစ္ခုျဖစ္တဲ့အာ႐ုံဦးေတာင္ထိပ္ေခၚ“Sunrise Peak’’ေတာင္ထိပ္မွာအမွတ္တရဓာတ္ပုံ႐ိုက္ၾကမယ္၊

ကိုရီးယားဇာတ္လမ္းမ်ား ႐ိုက္ကူးရာေနရာတစ္ခုျဖစ္တဲ့ ''Seopjikoji Hill''၊ရင္သက္ရႈေမာဖြယ္ေကာင္းေသာ ေက်ာက္ေဆာင္မ်ားႏွင့္ ပင္လယ္ျပင္ႀကီးအလွကို ခံစားေစမဲ့ “Jusangjeoli ”၊

ခ်စ္စဖြယ္အသြင္ပုံစံအမ်ိဳးမ်ိဳးျဖင့္ ကြဲျပားေနတဲ့ ဝက္ဝံ႐ုပ္ေလးမ်ားရွိရာ ဝက္ဝံျပတိုက္ “Teddy Bear Museum ’’၊အခ်စ္သေကၤတလို႔ သတ္မွတ္ထားတဲ့ “ဆိုးလ္တာဝါ ”၊

ကုန္ပစၥည္းမ်ိဳးစုံကို ဝယ္ယူရရွိႏိုင္တဲ့ နာမည္ေက်ာ္ Dongdaemun ေစ်း၊ဆိုးလ္ၿမိဳ႕ရဲ႕ ေပ်ာ္စရာအေကာင္းဆုံး ကစားကြင္းတစ္ခုျဖစ္တဲ့ Everland၊

ကိုရီးယားႏိုင္ငံရဲ႕ နာမည္ေက်ာ္ show ပြဲတစ္ခုျဖစ္တဲ့ Painter Show၊ေရွးေခတ္နန္းေတာ္အျပင္ဆင္မ်ားကို ေလ့လာၾကည့္ရႈႏိုင္မဲ့ “ ေဂ်ာင္းဘုတ္ဂန္း နန္းေတာ္"၊

ဟန္းဘုတ္လို႔ေခၚတဲ “ကိုရီးယား ႐ိုးရာဝတ္စုံ ”လွလွေလးေတြ ဝတ္ၿပီး အမွတ္တရ ဓာတ္ပုံ႐ိုက္ၾကရင္း ဟန္းနီးမြန္းကာလေလးကိုျဖတ္သန္းႏိုင္မွာပဲျဖစ္ပါတယ္။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 30 January 2020 11:51
Rate this item
(0 votes)
Tagged under