၇နှစ်အတွင်းအမြင့်ဆုံးဈေးနှုန်းဖြင့် ဈေးကွက်စဖွင့်ခဲ့တဲ့ ယနေ့ကမ္ဘာ့ရွှေဈေး….

၇နှစ်အတွင်းအမြင့်ဆုံးဈေးနှုန်းဖြင့် ဈေးကွက်စဖွင့်ခဲ့တဲ့ ယနေ့ကမ္ဘာ့ရွှေဈေး…. google

ဒီနေ့ဖေဖော်ဝါရီလ၂၀ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးပါ့မယ်။

ဒီနေ့ကမ္ဘာ့ရွှေဈေးရဲ့အဖွင့်ဈေးနှုန်းကတော့ ၇နှစ်အတွင်းမှာ အမြင့်ဆုံးဈေးနှုန်းအနေနဲ့တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1612.70 ဒေါ်လာပေါက်ဈေးရှိခဲ့ပါတယ်။

အခုလိုကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်တာဟာကိုရိုနာဗိုင်းရပ်စ်ရဲ့ရိုက်ခတ်မှုကြောင့်တရုတ်နိုင်ငံစီးပွားရေးအပြင်ကမ္ဘာ့စီးပွားရေးအပေါ်ကိုပါထိခိုက်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကြောင့်ဖြစ်ပါတယ်။

အရောင်းအဝယ်လုပ်နေတဲ့လက်ရှိအချိန်မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ အနည်းငယ်ပြန်လည်ကျဆင်းနေပြီးတော့တစ်ထရမ်အောင်စကိုအမေရိကန်ဒေါ်လာ 1609.26 ဒေါ်လာပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 2.44 ဒေါ်လာကျဆင်းသွားတာဖြစ်ပါတယ်။ဒီနေ့မနက်၈နာရီ၄၅မိနစ်အချိန်မှာရရှိထားတဲ့ သတင်းအရ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို 1232500 ကျပ်ပေါက်ဈေးဖြစ်နေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 500ကျပ်တက်လာတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် 0.04 % မြင့်တက်လာတာပဲဖြစ်ပါတယ်။

 

Zawgyi ျဖင့္ဖတ္ရန္...

ဒီေန႔ေဖေဖာ္ဝါရီလ၂၀ရက္ေန႔အတြက္ ကမာၻ႔ေ႐ႊေဈးႏႈန္းနဲ႔ျပည္တြင္းအေခါက္ေ႐ႊေဈးႏႈန္းေတြကိုေဖာ္ျပေပးပါ့မယ္။

ဒီေန႔ကမာၻ႔ေ႐ႊေဈးရဲ႕အဖြင့္ေဈးႏႈန္းကေတာ့ ၇ႏွစ္အတြင္းမွာ အျမင့္ဆုံးေဈးႏႈန္းအေနနဲ႔တစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ 1612.70 ေဒၚလာေပါက္ေဈးရွိခဲ့ပါတယ္။

အခုလိုကမာၻ႔ေ႐ႊေဈးႏႈန္းျမင့္တက္တာဟာကို႐ိုနာဗိုင္းရပ္စ္ရဲ႕႐ိုက္ခတ္မႈေၾကာင့္တ႐ုတ္ႏိုင္ငံစီးပြားေရးအျပင္ကမာၻ႔စီးပြားေရးအေပၚကိုပါထိခိုက္လာႏိုင္တယ္ဆိုတဲ့စိုးရိမ္မႈေတြေၾကာင့္ျဖစ္ပါတယ္။

အေရာင္းအဝယ္လုပ္ေနတဲ့လက္ရွိအခ်ိန္မွာေတာ့ ကမာၻ႔ေ႐ႊေဈးႏႈန္းဟာ အနည္းငယ္ျပန္လည္က်ဆင္းေနၿပီးေတာ့တစ္ထရမ္ေအာင္စကိုအေမရိကန္ေဒၚလာ 1609.26 ေဒၚလာေပါက္ေဈးရွိေနပါတယ္။

မေန႔ကေဈးနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ 2.44 ေဒၚလာက်ဆင္းသြားတာျဖစ္ပါတယ္။ဒီေန႔မနက္၈နာရီ၄၅မိနစ္အခ်ိန္မွာရရွိထားတဲ့ သတင္းအရ ျပည္တြင္းအေခါက္ေ႐ႊတစ္က်ပ္သားကို 1232500 က်ပ္ေပါက္ေဈးျဖစ္ေနပါတယ္။

မေန႔ကေဈးနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ 500က်ပ္တက္လာတာျဖစ္ၿပီး ရာခိုင္ႏႈန္းအားျဖင့္ 0.04 % ျမင့္တက္လာတာပဲျဖစ္ပါတယ္။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under