တနင်္ဂနွေသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း..
တနင်္ဂနွေသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း.. google
တနင်္ဂနွေသားသမီးများ ရှာဖွေထားသော ရွှေငွေဥစ္စာနှင့်အိမ်ကပစ္စည်းတွေ ချရောင်းရတဲ့အထိ ငွေပြတ်သွားတတ်သည်။
ဗုဒ္ဓဟူးသားသမီးတွေကြောင့် စိတ်သောကပူပင်ရတတ်သည်။၂ရက်နေ့ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ရေနံသတ္တုတွင်းစူးစမ်းရှာဖွေခြင်း၊ အဓိဌာန်ဝင်ခြင်းနှင့် ဘုရားဖူးခရီးသွားကောင်း၏။
လဝက် ၁၆ရက် နောက်ပိုင်းကာလ အလုပ်အကိုင်တွေကောင်းလာနိုင်ပြီး ငွေကြေးကံကတော့ ပုံမှန်ထက်ကောင်းလာမှာပါ။
အလုပ်တွေက များသလောက်အဆင်ပြေပါမယ်။ အကူအညီတွေလည်း ရလာပါမယ်။ ရတနာပစ္စည်းတွေလည်း လက်ဆောင်ရတတ်သည်။
ပညာရေး - ကြိုးစာဖို့လိုပြီး ဟောပြောပွဲများ၊ ဆွေနွေးပွဲများပြုလုပ်ခြင်း အောင်မြင်လိမ့်မည်။
နိုင်ငံတကာ ပညာရေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများပြုလုပ်ခြင်း၊ ပါရဂူ၊ မဟာဘွဲ့အတွက်စာရွက်စာတမ်း
တင်ခြင်းကဏ္ဍများ အဆင်ပြေ၍ သင်တန်းသစ်များသင်ကြား ဖွင့်လှစ်ရ တတ်သည်။
စီးပွားရေး -အထူးအားဖြင့်ဗုဒ္ဓဟူးနံရေလုပ်ငန်း၊ရွှေလုပ်ငန်း၊ဝက်မွေးမြူရေးလုပ်ငန်းတွေအစစလုပ်ငန်းစတင်တည်ထောင်မလုပ်ကောင်းပါ။
အထူး - ထမင်းဟင်း အရောင်းဆိုင်များ၊ အထည်အလိပ်၊ထီး၊ ဓါးလုပ်ငန်းတို့ Valentineအရုပ်၊ပန်းအလှဆင်နှင့်
အဝတ်အထည်ဒီဇိုင်းသစ်များရောင်းလုပ်ငန်း၊ ဖျော်ဖြေရေးစင်တာလုပ်ငန်း၊ KTV. Kalaokစားသောက်ဆိုင်လုပ်ငန်းများ အကျိူးမြတ်ရရှိမည်။
ဗုဒ္ဓဟူးသားသမီးများ ၊ နာမည်တွင် "ယရလဝ" ပါသောသူများ၊ လူမျိုးခြားဘာသာခြားနှင့် နိုင်ငံရပ်ခြားနှင့်
ပက်သက်သူများ ဝင်ရှုပ်ခြင်း၊ အချစ်ရေးအဆင်မပြေဖြစ်နေတတ်သည်။
ငွေလုပ်ငန်း၊ ငွေချေးဌားခြင်းလုပ်ငန်းများ ပြဿနာဖြစ်ခြင်း၊ အချင်းချင်း အနီးကပ်လူတွေရဲ့ ဒုက္ခပေးခြင်းခံရမည်။
ကျောက်မျက်ရတနာရွှေငွေ အယုံကြည်ပေး မလွဲနှင့်။မိမိရှေ့မှာလုပ်ငန်းပြုလုပ်ပါ။မိမိကွယ်ရာမပြုလုပ်ပါနှင့်။
အထူးသဖြင့် - ၁၊၁၀၊၂၈ရက်နှင့် ၂၊၁၁၂၊ဝ၊၂၉ ရက်မွေးဖွားသူများကတော့ အဆိုးနှင့်အကောင်း ဒွန်တွဲပြီး အချစ်ရေးကို
ဖြတ်သန်းရမည်။အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။
အပျို၊လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။
မိဘအသိုင်းအဝိုင်းက သဘောမတူသောသူနှင့်အိမ်ထောင်ကျတတ်ပါသည်။ အိမ်ထောင်ပြုရန်ကိစ္စတွင်အထစ်အငေါ့ အနှောင့်အယှက် များတတ်ပါသည်။
လက်အောက်ငယ်သားကြောင့် မိမိလုပ်ငန်း ထိခိုက်တာမျိုးကြုံတွေ့ရတတ်သည်။
ပညာရေးဝန်ထမ်းလောကသားများ အထက်အကြီးအကဲနှင့် အဆင်မပြေဖြစ်နေပြီး လက်အောက်ငယ်သားအချင်းချင်း မနာလိုတိုက်ခိုက်မှု ခံရမည်။
အထူး - ၇၊၁၆၂၅ရက်နှင့် ၈၊၁၇၊၂၆ ရက် မွေးဖွားသူများကတော့ ကံကောင်း၍ အချစ်ရေးနှင့်ပက်သက်သည့်
အကြံအစည်များ အောင်မြင်မည်။လူငယ်၊လူရွယ်၊ပျိူ ရွယ်သူတွေအနေနဲ့စန်းပွင့်နေချိန်ပါပဲ။
ချစ်သူကအသစ်ရသွားတက်သည်။မေတ္တာရေးတွက် နှလုံးသားထက် ဦးနှောက်ကိုဦးစားပေးလျှင် ပိုအဆင်မည်။
အိမ်ထောင်ရေး အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရမည်။
ပညာရေးသင်တန်းသစ်များတတ်ရခြင်းနှင့် မိတ်ဆွေကောင်းနဲ့တွေ့ရပြီး ပညာရေးတစ်ဖက်၊ အချိန်ပိုင်းအလုပ်အကိုင်များလုပ်ကိုင်ရခြင်းပေါ်ပေါက်လာတတ်သည်။
ကျန်ရက် မွေးဖွားသူများ ထွေထွေထူးထူးမရှိပါဘူး အသင့်တင့်ကောင်း၏။
အချစ်နှင့်အိမ်ထောင်ရေး - အချစ်ရေးကိစ္စမှာတော့ပျော်စရာတွေ ကြည်နှုးစရာတွေ ပိုများလာဖို့ ရှိနေပါတယ်။
အိမ်ထောင်ရေး အနည်းငယ်ညံ့မည်။အိမ်ထောင်ရှင်များ ဘေးလူအနှောက်အယှက်ကြောင့်
တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသကိုရှေ့ထားကာစကားများ၊ရန်ဖြစ်ရတတ် ကွဲရတတ်ပါသည်။
ကျန်းမာရေး - ဆီးကျောက်ကပ်နှင့်ပတ်သက်သောဝေဒနာတွေခံစားရတတ်ပါတယ်။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ အုန်းရည်တစ်ခွက်
ကပ်လှူ ပြီးသွား၊ နို့နှစ်ရောင်၊ ကြည်ပြာရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့
(၂၃) ရက်နေ့ နေ့ ၂း၅၀မတိုင်မီ ခရီးသွားကောင်း၏။
(၂) ရက်နေ့ ည ၉း၂၅ နောက်ပိုင်း
(၉) ရက်နေ့ ည ၉း၄၂ နောက်ပိုင်း
(၁၆) ရက်နေ့ နံနက် ၁၁း၁၃ နောက်ပိုင်း ထိုရက်တွေခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၇.၅.၃.၈)
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - ဘုရားမှာ ဖယောင်တိုင်း(၉)တိုင်၊အမွှေးတိုင်(၉)တိုင်ထွန်းပူဇော်၊ အုန်းညွန့်(၆)ညွန့်နှင့် စတော်ဘယ်ရီဖျော်ရည် တစ်ခွက်လှူ လိုရာဆုတောင်းပါ။
Flowers and Florist ပန်းအပြင်အဆင်ဆိုင်များကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
အဝတ်အထည်ဒီဇိုင်းသစ်များရောင်းလုပ်ငန်း၊ ဖျော်ဖြေရေးစင်တာလုပ်ငန်း၊ KTV. Kalaokစားသောက်ဆိုင်လုပ်ငန်းများ အကျိုးမြတ်ရရှိမည်။
အကျိုးပေးဂဏန်း - (၇.၅.၃.၈)
Myanmar Wedding Guide
1we
Read times Last modified on Thursday, 20 February 2020 16:40
Rate this item
(1 Vote)
Tagged under