ကော့သောင်းမြို့ကို ဟန်းနီးမွန်းခရီးစဉ်လေးအဖြစ်သွားရောက်မယ်ဆို…

ကော့သောင်းမြို့ကို ဟန်းနီးမွန်းခရီးစဉ်လေးအဖြစ်သွားရောက်မယ်ဆို… google

အားလုံးပဲ မင်္ဂလာပါရှင့်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ဟန်းနီးမွန်းအတွက် ပြည်ပကနေရာတွေကိုညွှန်းမပေးတော့ဘဲ ပြည်တွင်းက နေရာလေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။

အဲ့ဒီနေရာလေးကတော့ ကော့သောင်းမြို့လေးပဲဖြစ်ပါတယ်။အရင်ဆုံး ကော့သောင်းရဲ့လှပသောရှုခင်းများကို ခံစားနိုင်မည့် မြန်မာနိုင်ငံတောင်ဘက်အစွန်းဆုံးကုန်းမြေလေးဖြစ်တဲ့ ဗစ်တိုရီးယားအငူကနေ အစပြုပြီး

ဘုရင့်နောင်မင်းတရားကြီးရုပ်တုရှိရာဘုရင့်နောင်ကုန်းမြေ၊၊ကော့သောင်းမြို့တစ်မြို့လုံးရဲ့ အလှတရားများကို ခံစားနိုင်မည့် View Point ဖြစ်တဲ့ ၅၅၅တောင်၊

ကြည်ညိုဖွယ်ဖူးတွေ့ရမည့် ပြည်တော်အေးဘုရား၊ပင်လယ်ကြမ်းပြင်အောက်မှ သန္တာကျောက်တန်းအလှအပများကို Snorkeling လုပ်ရင်း လေ့လာနိုင်မည့် ဇာဒက်ကြီးကျွန်း၊

ဖြူဖွေးနူးညံ့နေတဲ့ သဲလေးတွေကို ပိုင်ဆိုင်ထားပြီး လှချင်တိုင်း လှပနေတဲ့ စေတန်ကျွန်း၊သဘာဝအတိုင်း ကျွန်းအလယ်မှာ အသည်းပုံသဏ္ဌာန်ဖြစ်ပေါ်နေတဲ့ ကြက်မောက်ကျွန်း ခေါ် အသည်းပုံကျွန်း၊

နာမည်အတိုင်း မြင်းခွာပုံသဏ္ဍာန် ကွေးကွေးလေးဖြစ်ပေါ်နေတဲ့ မြင်းခွာကျွန်း၊သုခကမ္ဘာလို့ခေါ်ရအောင်လှပတဲ့ Tao Bay၊

စိမ်းမြကြည်လင်သောရေအောက်ရှိ သန္တာကျောက်တန်းများနှင့် ရောင်စုံငါးကမ္ဘာကို Snokeling လုပ်ရင်း လေ့လာမြင်တွေ့နိုင်မည့် သူဌေးမကမ်းခြေ၊

နာမည်ကျော် Instagrammable နေရာလေးဖြစ်ပြီး ဒန်းလေးတွေနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်မည့် ညောင်ဦးဖီးကျွန်း၊

Snokeling လုပ်ရင်း ချစ်စရာကောင်းတဲ့ လိမ္မော်နှင့် အဖြူစပ်ကြား နီမိုငါးလေးတွေရဲ့ အိမ်ရှိရာ နီမိုအော်နှင့်Home Thong Suk

စတဲ့စတဲ့ နေရာလေးတွေကို သွားရောက်လည်ပတ်ရင်းဟန်းနီးမွန်းခရီးစဉ်လေးဖန်တီးနိုင်ပါတယ်။

Restaurants စားသောက်ဆိုင်များကိုရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင့္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို ဟန္းနီးမြန္းအတြက္ ျပည္ပကေနရာေတြကိုၫႊန္းမေပးေတာ့ဘဲ ျပည္တြင္းက ေနရာေလးတစ္ခုကို ၫႊန္းေပးခ်င္ပါတယ္။

အဲ့ဒီေနရာေလးကေတာ့ ေကာ့ေသာင္းၿမိဳ႕ေလးပဲျဖစ္ပါတယ္။အရင္ဆုံး ေကာ့ေသာင္းရဲ႕လွပေသာရႈခင္းမ်ားကို ခံစားႏိုင္မည့္ ျမန္မာႏိုင္ငံေတာင္ဘက္အစြန္းဆုံးကုန္းေျမေလးျဖစ္တဲ့ ဗစ္တိုရီးယားအငူကေန အစျပဳၿပီး

ဘုရင့္ေနာင္မင္းတရားႀကီး႐ုပ္တုရွိရာဘုရင့္ေနာင္ကုန္းေျမ၊၊ေကာ့ေသာင္းၿမိဳ႕တစ္ၿမိဳ႕လုံးရဲ႕ အလွတရားမ်ားကို ခံစားႏိုင္မည့္ View Point ျဖစ္တဲ့ ၅၅၅ေတာင္၊

ၾကည္ညိဳဖြယ္ဖူးေတြ႕ရမည့္ ျပည္ေတာ္ေအးဘုရား၊ပင္လယ္ၾကမ္းျပင္ေအာက္မွ သႏၲာေက်ာက္တန္းအလွအပမ်ားကို Snorkeling လုပ္ရင္း ေလ့လာႏိုင္မည့္ ဇာဒက္ႀကီးကြၽန္း၊

ျဖဴေဖြးႏူးညံ့ေနတဲ့ သဲေလးေတြကို ပိုင္ဆိုင္ထားၿပီး လွခ်င္တိုင္း လွပေနတဲ့ ေစတန္ကြၽန္း၊သဘာဝအတိုင္း ကြၽန္းအလယ္မွာ အသည္းပုံသဏၭာန္ျဖစ္ေပၚေနတဲ့ ၾကက္ေမာက္ကြၽန္း ေခၚ အသည္းပုံကြၽန္း၊

နာမည္အတိုင္း ျမင္းခြာပုံသ႑ာန္ ေကြးေကြးေလးျဖစ္ေပၚေနတဲ့ ျမင္းခြာကြၽန္း၊သုခကမာၻလို႔ေခၚရေအာင္လွပတဲ့ Tao Bay၊

စိမ္းျမၾကည္လင္ေသာေရေအာက္ရွိ သႏၲာေက်ာက္တန္းမ်ားႏွင့္ ေရာင္စုံငါးကမာၻကို Snokeling လုပ္ရင္း ေလ့လာျမင္ေတြ႕ႏိုင္မည့္ သူေဌးမကမ္းေျခ၊

နာမည္ေက်ာ္ Instagrammable ေနရာေလးျဖစ္ၿပီး ဒန္းေလးေတြႏွင့္ အမွတ္တရ ဓာတ္ပုံ႐ိုက္ကူးႏိုင္မည့္ ေညာင္ဦးဖီးကြၽန္း၊

Snokeling လုပ္ရင္း ခ်စ္စရာေကာင္းတဲ့ လိေမၼာ္ႏွင့္ အျဖဴစပ္ၾကား နီမိုငါးေလးေတြရဲ႕ အိမ္ရွိရာ နီမိုေအာ္ႏွင့္Home Thong Suk

စတဲ့စတဲ့ ေနရာေလးေတြကို သြားေရာက္လည္ပတ္ရင္းဟန္းနီးမြန္းခရီးစဥ္ေလးဖန္တီးႏိုင္ပါတယ္။

Restaurants စားေသာက္ဆုိင္မ်ားကိုရွာရန္ႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)