တနင်္လာသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း..
တနင်္လာသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း.. google
တနင်္လာသားသမီးများ အခုလတွင် အလုပ်ကိစ္စမှာလည်းကောင်းလာပါမယ်။ အရာတိုင်း ဖြည်းဖြည်းချင်း အကောင်းဘက်ကို ဦးတည် ပြောင်းလဲလာပြီး လုပ်ငန်းဆိုင်ရာအဆက်အသွယ်တွေလည်း ပြန်ရမယ်။
ရပ်နားထားရတဲ့အလုပ်တွေ ပြန်စရပါမယ်။ပညာရှိ၊ သူတော်ကောင်း ပုဂ္ဂိုလ်များကို အမြဲဆည်းကပ်သင်ယူ အကြံဉာဏ်များ ရယူပါ။အထူး ခေါင်းအေးအေးထား လုပ်နိုင်လေ အလွန်ပိုကောင်းလေပါပဲဗျာ။
ဘာသာရေး၊လူမှုရေးကိစ္စများဆောင်ရွက်ခြင်းကောင်း၏။ရပ်ဝေးခရီး ဘုရားဖူးသွားရတတ်သည်။
ပညာရေး - အလွန်ကောင်းပါသည်။ ပြည်ရပ်ခြား အလုပ်အကိုင်များအတွက် ခရီးစဉ်သွားရခြင်း ကောင်းသတင်း
သယ်ဆောင်လာလိမ့်မည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး - အချစ်ရေးကံစန်းထမယ့်ကာလဖြစ်တဲ့အတွက် ချစ်သူမရှိသေးသူများ ချစ်သူရနိုင်ပြီးလက်ရှိချစ်သူတွေလည် အဆင်ပြေပါလိမ့်မည်။
လက်ထပ်ဖို့ကြန့်ကြာနေသူများ သေချာပေါက်လက်ထပ်ရဖို့ အကြောင်းဖန်လာတတ်ပါတယ်။အိမ်ထောင်သည်တွေကတော့ စန်းပွင့်လွန်းအားကြီးတာကြောင့် အငယ်အနှောင်းကိစ္စတွေ ဖြစ်ပေါ်လာတတ်၍ သတိထားလိုက်ပါ။
အိမ်ထောင်ရေးမှာလည်း သူများကြောင့်အထင်လွဲမှားမှုတွေကြုံရတတ်ပါတယ်။
စီးပွားရေး - ဈေးသစ်၊ပလာဇာသစ်များစတင်ဖွင့်လှစ်ခြင်း၊အလှပြင်ဆိုင်သစ်ဖွင့်ခြင်း ကောင်း၏။
အိမ်ခြံမြေ၊ရောင်းဝယ်နှင့်ကျောက်မျက်ရတနာရောင်းဝယ်၊စိုက်ပျိုးရေးလုပ်ငန်း၊ ကျောက်မျက်ရတနာရောင်းဝယ်၊
အဝတ်အထည်ရက်လုပ်ငန်း၊ ကုန်ဝယ်လုပ်ငန်းတို့မှာအကျိုးအမြတ်စွန်းရရှိမည်။
အထူး- သတိထားရမည့် ရက်တွေကတော့ ၂၊၁၁၊၂၀၊၃၀၊၃နှင့် ၉၊၁၈၊၂၇ ရက်မွေးဖွားသူများ...
အညံ့ထဲမှာရှိနေပါတယ်။ပညာ ရေးကံမကောင်းပါ။ သင်တန်းများ တို့လို့တန်းလန်း
ဖြစ်နေတတ်သည်။ သင့်အလုပ်မှာလည်း မပျော်ရွှင်သလိုဖြစ်နေရတတ်ပါသည်။
မိမိမိတ်ဆွေများလည်း ရန်သူဖြစ်သွားတတ်သလိုမိမိ သူတစ်ပါး ဘယ်သူအပေါ်ဖြစ်ဖြစ်ဘယ်လောက်ကောင်းအောင် လုပ်ပေးလုပ်ပေး အကောင်းအမြင်မခံရတတ်သည့်အချိန်ကာလဖြစ်သည်။
မိမိရဲ့စိတ်ကို တည်ငြိမ်အောင်ထားပြီး စိတ်လေလွင်မှုကိုထိန်းသိမ်လုပ်ကိုင်မည်ဆိုလျှင် ပြဿနာအလိုအလျှောက်ပြေလည်နိုင်ပြီး မိမိအလုပ်အကိုင်များ အဆင်ပြေလာပါလိမ့်မည်။
အချစ်ရေးမှာ ပျက်လိုပျက်စီးသူ မိမိအနီးနားလူ ရှိနေတတ်ပြီး အထူး ကျားသတ္တဝါတစ်ဦး မိမိဘဝကို ကြံရွယ်နေခြင်းအထူးသတိပြုပါ။ မိမိ၊မိမိပတ်ဝန်းကျင်ထိ မိမိမိဘအသိုင်း
အဝိုင်းဂုဏ်သိက္ခာကျဆင်းအောင်ပြု လုပ်များ ကြုံတွေ့ရတတ်မည်။
အထူးသဖြင့် တနင်္လာနံ"ကခဂင"နာမည်ပါသူများ၏အတိုက်အခိုက်ပျက်လိုပျက်စီးသူဂုဏ်သိက္ခာကျဆင်း
အောင်ပြုလုပ်များ ကြုံတွေ့ရတတ်မည်။အချိန်မတော်အသွားအလာနှင့်သူများကျွေးမွေး အစား
အသောက်များ စာသုံးခြင်း ရှောင်ခြင်းဖြင့်အသိသတိပြုပါ။
ကျန်ရက်မွေးဖွားသူများ ထွေထွေထူးထူးမရှိ အသင့်တင့်ကံကောင်းနေပါလိမ့်မည်။
ကျန်းမာရေး - အထူးဂရုစိုက်သင့်၊တုပ်ကွေးရောဂါဖြစ်ပွားတတ်ပြီး မိသာစုလုံး ကူးတာမျိုးဂရုပြုပါ။
ကိုယ်ခန္ဓာညာဘက်ခြမ်းဝေဒနာခံစားရတတ်သည်။
ဤလသတိထားရမှာတွေကတော့...ကူးသန်းရောင်းဝယ် တနင်္လာနံ လုပ်ငန်များနှင့် စနေနံ
လုပ်ငန်းများအထူးသတိပြုသင့်။
ငွေကြေးလုပ်ငန်းနှင့် ငွေချေးအပ်နှံခြင်း၊ငွေချေးငှားခြင်းနှင့်ကျောက်အရောင်းအဝယ်များ သတိပြု၍ လုပ်ကိုင်ဆောင်ရွက်ပါ။
သူတပါးကိုလည်း အာမခံလုံးဝမပေးပါနှင့်။ ပြဿနာတစ်ခုမနည်းဖြေရှင်းရကိန်းရှိ။ညံ့တတ်ပါသည်။
လုပ်ငန်ရှင်တွေအနေနဲ့ အဖိုးတန်ပစ္စည်းများသယ်ဆောင်ရာ အထူးသိထားသင့်သလိုမေ့ပျောက်ကျန်ခဲ့တာမျိူ းသတိပြုပါ။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အိပ်ထဲအနောက်ဘက်ကခဲတစ်လုံးထဲဆောင်၊ ကြည်ပြာရောင်၊ အစိမ်းရောင် အဝတ်
အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့...(၃) ရက်နေ့ ညနေ့ ၆း၃၇ နောက်ပိုင်း ထိုရက်တွေခရီးသွားရှောင်သင့်၏။(၁၇) ရက်နေ့ နံနက် ၁၀း၂၇ မတိုင်မီ ခရီးသွားကောင်း၏။
အကျိုးပေးဂဏန်း - (၂.၈.၉)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - မိမိ၏အိမ်ဘုရားစင်တွင် ကံကော်၊ရဲယိုညွန့်(၁၅)ညွန့်စီ နှင့် ဖီးကြမ်းငှက်ပျောသီး(၂)လုံးကိုအခွံခွာပြီး နွားနို့ထည့်၊ သကြားဖြူးကာကပ်လှူ ဆုတောင်းပါ။
Backdrop Decorations (36) ခုကိုသိရှိလိုပါကနှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
သယ်ဆောင်လာလိမ့်မည်။
လုပ်ငန်ရှင်တွေအနေနဲ့ အဖိုးတန်ပစ္စည်းများသယ်ဆောင်ရာ အထူးသိထားသင့်သလိုမေ့ပျောက်ကျန်ခဲ့တာမျိုးသတိပြုပါ။
အကျိုးပေးဂဏန်း - (၂.၈.၉)
အကျိုးပေးအရပ် - အနောက်
Myanmar Wedding Guide
1we
Read times Last modified on Friday, 21 February 2020 15:08
Rate this item
(2 votes)
Tagged under