ပျော်ရွှင်သော ဆက်ဆံရေး၊အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသော စုံတွဲများအနေနဲ့ ပိုမိုဝိတ်တက်လေ့ရှိ…

ပျော်ရွှင်သော ဆက်ဆံရေး၊အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသော စုံတွဲများအနေနဲ့ ပိုမိုဝိတ်တက်လေ့ရှိ… google

လေ့လာချက်များစွာအရ ပျော်ရွင်သော ဆက်ဆံရေး၊အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသော စုံတွဲများအနေနဲ့ ပိုမိုဝိတ်တက်လေ့ရှိကြပါတယ်။

 

ဒါကြောင့် ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် အဲ့ဒီအဆိုကိုထောက်ခံပေးထားတဲ့စစ်တမ်းတချို့ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံ North Carolina တက္ကသိုလ်ရဲ့ သုတေသနအဖွဲ့က စုံတွဲပေါင်း၈၀၀၀ကျော်ကို ကိုယ်အလေးချိန်တိုင်းပြီး လေ့လာခဲ့ကြရာမှာ

 

လက်ထပ်ပြီးအမျိူးသမီးတစ်ယောက်ဟာဆိုရင် လက်ထပ်ပြီး ၅နှစ်ကနေ၆နှစ်အတွင်း ၂၄ပေါင်အထိ ဝိတ်တက်လာကြပါတယ်။

 

gain

 

ဒါ့အပြင်လက်မထပ်ရသေးတဲ့ ချစ်သူနဲ့အတူနေသောအမျိူးသမီးများဟာလည်း ၂၂ပေါင်တက်နိုင်ပြီး သာမန်ယောက်ကျားလေးသူငယ်ချင်းရှိတဲ့ အမျိုးသမီးများအနေနဲ့၁၃ပေါင်သာ ဝိတ်တက်ကြကြောင်းတွေ့ရှိပါတယ်။

 

ရည်းစားရှိသောအမျိူးသားများအနေနဲ့လဲ တစ်ယောက်တည်းနေတုန်းကထက် ဝိတ်တက်လာတာကိုတွေ့ရပြီးအတူနေချစ်သူရှိသူအမျိူးသားများဟာ မရှိသူအမျိူးသားများထက် ၂၅ပေါင်ပိုမိုဝိတ်တက်တာတွေ့ရပါတယ်။

 

gain1

 

ဒါကြောင့် သာယာသောဆက်ဆံရေးရှိခြင်းနဲ့ ဝဖြိုးခြင်းဟာ အမှန်ပဲဆက်စပ်မှုရှိနေတာတွေ့ရမှာပါ။ ဒါပေမယ့် ဆေးလိပ်နဲ့အရက်သောက်သုံးသောစုံတွဲတွေအနေနဲ့ကတော့ ကိုယ်အလေးချိန်ကျတတ်တာကိုလည်း သတိပြုပေးဖို့လိုအပ်ပါမယ်။

 

ဒါကြောင့် ချစ်ခင်ပျော်ရွင်သောစုံတွဲတွေအနေနဲ့လဲ တစ်ယောက်နဲ့တစ်ယောက် ကျန်းမာရေးနဲ့ညီညွတ်သောအစာစားပုံနဲ့ ကျန်းမာရေးလိုက်စားပုံများကို မျှဝေဖို့လိုအပ်ပါတယ်။

 

ဒါမှသာ အဝလွန်ခြင်းကိုကာကွယ်နိုင်ပြီး ကျန်းမာရေးကောင်းမွန်ကာ အတူတကွ ချစ်တဲ့သူနဲ့သက်တမ်းရှည်ရှည်နေထိုင်နိုင်မှာ ဖြစ်ပါတယ်နော်။

 

Reference: healthline.com , brightside.com

 

Halls for Hire ခန်းမ(215) ခုကိုရှာရန်နှိပ်ပါ။

 

gain3

 

 

 

Zawgyi ဖြင့်ဖတ်ရန်

 


 


 


 

လက်ထပ်ပြီးအမျိုးသမီးတစ်ယောက်ဟာဆိုရင် လက်ထပ်ပြီး ၅နှစ်ကနေ၆နှစ်အတွင်း ၂၄ပေါင်အထိ ဝိတ်တက်လာကြပါတယ်။

 

ဒါ့အပြင်လက်မထပ်ရသေးတဲ့ ချစ်သူနဲ့အတူနေသောအမျိုးသမီးများဟာလည်း ၂၂ပေါင်တက်နိုင်ပြီး သာမန်ယောက်ကျားလေးသူငယ်ချင်းရှိတဲ့ အမျိုးသမီးများအနေနဲ့၁၃ပေါင်သာ ဝိတ်တက်ကြကြောင်းတွေ့ရှိပါတယ်။

 

ရည်းစားရှိသောအမျိုးသားများအနေနဲ့လဲ တစ်ယောက်တည်းနေတုန်းကထက် ဝိတ်တက်လာတာကိုတွေ့ရပြီးအတူနေချစ်သူရှိသူအမျိုးသားများဟာ မရှိသူအမျိုးသားများထက် ၂၅ပေါင်ပိုမိုဝိတ်တက်တာတွေ့ရပါတယ်။

 


 


 


 


 


 

Myanmar Wedding Guide

 

1we

 

Read times Last modified on Friday, 21 February 2020 16:50
Rate this item
(0 votes)
Tagged under