Mandalay Hotel ရဲ့ Wedding Service များ

Mandalay Hotel ရဲ့ Wedding Service များ facebook

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို Mandalay Hotel ရဲ့ Wedding Service လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Mandalay Hotel မှာ မင်္ဂလာဧည့်ခံပွဲကျင်းပမယ်ဆိုရင် လူအယောက် 300 ကိုကျွေးမွေးဧည့်ခံနိုင်တဲ့ ခန်းမအသေးနဲ့ လူအယောက် 1000 ကိုကျွေးမွေးဧည့်ခံနိုင်တဲ့ ခန်းမအကြီးဆိုပြီးရွေးချယ်စရာနှစ်မျိုးရှိပါတယ်။

ခန်းမအသေးဆို 500000ကျပ်ကျသင့်မှာဖြစ်ပြီး ခန်းမအကြီးဆိုရင်တော့ 750000ကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။

အစားအသောက်ဝန်ဆောင်မှုအနေနဲ့ တစ်ယောက်စာ 4000 ကျပ်ကျသင့်မယ့်ကိတ်(၃)မျိုး+ရေခဲမုန့်(သို့)ကော်ဖီ(သို့)လက်ဖက်ရည်နဲ့

တစ်ယောက်စာ 4500ကျပ်ကျသင့်မယ့်ဒင်းဆမ်း+ရေခဲမုန့် တို့ကိုရွေးချယ်ဧည့်ခံကျွေးမွေးနိုင်မှာဖြစ်သလို

တခြားသော နတ်သုဒ္ဓါ၊ထောပတ်ထမင်း၊ကြက်ဆီထမင်း တို့ကိုလည်း မှာယူကျွေးမွေးဧည့်ခံနိုင်ပါတယ်။

Background Decoration,Waiter & Waiteress Service,Projector နဲ့ Sound System တွေကိုဝန်ဆောင်မှုရရှိနိုင်မှာဖြစ်ပါတယ်။

Address: အမှတ် ၆၅၂၊ ၇၈လမ်း၊ ၃၇လမ်း နှင့် ၃၈လမ်း ကြား၊ ဟေမမာလာတောင်၊မန္တလေးမြို့။

Phone: 02 4072635,02 4072630,02 4072632,02 4071582.

Wedding Planners မင်္ဂလာပွဲစီစဉ်သူ(61) ကိုသိရှိလိုပါက နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...











 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under