ဗုဒ္ဓဟူးသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း..
ဗုဒ္ဓဟူးသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း.. google
ဗုဒ္ဓဟူးသားသမီးများ အလုပ်အကိုင်ကလည်း အနည်းငယ်စိတ်ညစ်စရာလေးတွေတော့ ရှိနေတတ်ပါတယ်။
လက်ရှိစီးပွားရေးကို တိုးချဲ့လိုသော စိတ်ပေါ်လာနိုင်ပြီးစိတ်ပင်ပန်းခြင်း၊လူပင်ပန်းခြင်း၊ အလုပ်ဒဏ်ပိပြီး စိတ်ဖိစီးမှုများခြင်းမျိုး ကြုံရတတ်ပါတယ်။ထိုကြောင့်၂၊၃ရက် ခရီးသွား အပန်းဖြေပါ။
စိတ်သစ်၊လူသစ် စိတ်ကြည်လင်ပြီး လုပ်ငန်းစတင်ပါ။မမျှော်လင့်ပဲ သင့်အတွက် ပြည့်စုံမှုတွေလည်း ရောက်ရှိလာပါလိမ့်မည်။အလှူအတန်းမင်္ဂလာအမှုကိစ္စများ ပြုလုပ်ရမည်။
တစ်ကြိမ်မျှမလုပ်ဖူးသော အလုပ်ကိစ္စများလုပ်ဆောင်ရပြီး အတွေ့အကြုံအသစ်များရရှိမည်။
ဝန်ထမ်းများဖြစ်ပါက သင်မလုပ်သင့်တာတွေ လုပ်မိတတ်တယ်။သတိထားပါ။ စာရင်းဇယားပြုစုရာ သတိထားလုပ်ဆောင်ပါ။
အထူးအားဖြင့် လျှပ်စစ်ပစ္စည်းအရောင်းအဝယ်၊ အထည်အလိပ်အရောင်းအဝယ်၊ကုမ္ပဏီဆေးအရောင်းအဝယ်ဖြန့်ချီရေးနှင့် ဘဏ်လုပ်ငန်း၊
ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာဆက်စက်ပစ္စည်းနှင့်မိတ္တူ ၊စာရိုက်၊ဓါတ်ပုံလုပ်ငန်းတို့ အကျိုးမြတ် အကျိုးထူးရလဒ်ကောင်းမည်။
လုပ်ငန်းခွင်နှင့် ပြည်တွင်း၊ပြည်ပ အရောင်းအဝယ် စပ်တူပူပေါင်း ရှာဖွေရာမှာ အထူးသတိထားသင့်၊သစ္စာဖောက်ခြင်း၊ ကွက်ကျော်ပြီး မိမိလည်စားခြင်းကြုံတွေ့ရတတ်။
ကျောက်မျက်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေ၊ ဓါတ်သတ္တုတူးဖော်ခြင်းတို့လုပ်ငန်းများ ပြဿနာများ ရင်ဆိုင်ရတတ်။
နွားမွေးမြူရေးလုပ်ငန်း ၊ နာရီ၊ဓါး၊ထီး၊ဖိနပ်လုပ်ငန်းတို့နှင့်အထည်အလိပ် ရောင်းဝယ်ဖောက်ကား အကျိုးအမြတ်နည်းမည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး - ချစ်သူမရှိသေးသူများ ချစ်သူသစ်ကျိန်းသေပေါက်ရလာတတ်ပါတယ်။
အပေါင်းအသင်းများနှင့်တွဲဖက်၍ အောင်သွယ်ခြင်းများကြောင့်အိမ်ထောင်ကျတတ်သွားသည်။
အိမ်ထောင်ရေးသားသမီး၊ တပည့်များ တိုးပွားခြင်နှင့်ကလေးမရသူများ သတင်းကောင်းရင်သွေးမင်္ဂလာစကား
ကြားရတတ်။ညီကိုမောင်နှချင်း စကားများခြင်း၊ အမွေအနှစ်ကိစ္စများပြောဆိုရခြင်း ကြုံရတတ်သည်။
ပညာရေး - ပညာရေးအကောင်းဘက်ရှိပြီး ဆရာသမားကောင်းတွေ့ရခြင်းနှင့် ပညာစရိတ်ပံ့ပိုးသူတွေ့ရတတ်။
ပြည်ပပညာရပ်လေ့လာနေသူများ လိုရာပန်းတိုင်သို့ဆွတ်ခူးနိုင်မည်။ ပညာရေးဆိုင်ရာဝန်းထမ်းလောကသမား၊
ပုဂ္ဂလိကလုပ်ငန်းရှင်များ မိမိခန့်အပ်ထားသောလက်ထောက်ဝန်ထမ်းများနှင့်ဆက်ဆံရာတွင် ပြသာနာများပေါ်ပေါက်လာတတ်သည်။
အတွင်းလူ လူအရင်း သစ္စာဖောက်ခြင်း၊လုပ်ငန်းခွင်တွင်ပြိုင်ဘက်များ၏အနှောက်အယှက်ကြောင့်စီးပွားရေးထိခိုက်တတ်သည်။
အထူး ၄၊၁၃၊၂၂၊၃၁ ရက်မွေးဖွားသူများ နှင့် အသက်အားဖြင့် ၄နှစ်၊၁၃နှစ်၊၂၂နှစ်၊၃၁နှစ်၊ ၄၉နှစ် တွေကတော့အညံ့ထဲရှိနေပါတယ်။
ငွေရေးကြေးရေး ရစရာပေးစရာငွေများ ထစ်ငေါ့ကြန့်ကြာလွဲချော်တတ်။ ငွေတွေဝင်နေပြီး အကြွေးတင်၊ ငွေလိမ်ခံရမည်။
ငယ်ရွယ်သူအချို့တွင် လက်ရှိချစ်သူနှင့် ပြတ်စဲလမ်းခွဲရတတ်ပြီး အချစ်သစ် ဝင်ရောက်တတ်သည်။ ချူ ပ်ချယ်မှုကိုခါးခါးသီးသီး ငြင်းလိမ့်မည်။
အိမ်ထောင်ရေး အငယ်အနှောင်းကိစ္စတွေ ဖြစ်ပေါ်လာတတ်၍ သတိထားလိုက်ပါ။
ရှုပ်ချင်ပွေချင်တဲ့ လူငယ်လူရွယ်များ မိမိဇာတ် မိမိပြန်မသိမ်းနိုင်တာမျိုး ပြဿနာအကြီးကျယ်ရင်ဆိုင်ရခြင်းများကြုံတွေ့ရမည်။
ရေလိုက်ငါးလိုက် နေတတ်သူများ အိမ်ထောင်ဘက်ကတော့ သိပ်မဆိုးပါဘူး အဆင်ပြေမည်။
ကျန်းမာရေး - အိမ်တွင်းမိသာစုတစ်စုလုံးတစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေး ညံ့တတ်တာမျိုးကြုံတွေ့ရတတ်ပါတယ်။
အထူး သွေးတိုးသမားရှိသူများ ကျန်းမာရေးပိုမိုဂရိုက်စိုက်ပါ။
ယုံကြည်ရာဘာသာတရားအတိုင်း ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်ပြုလုပ်ပါ။
၁၃၈၁-ခု တပို့တွဲလဆန်း(၁၂)ရက် ဗုဒ္ဓဟူးနေ့ ရေတွင်းတူး၊ အဝီစိတွင်းတူး၊ ကင်ပွန်းတပ်၊ နာမည်မှည့်၊ စေ့စပ်၊လက်ထပ်၊ ဧည့်ခံပွဲစတင်ခြင်း၊ စပ်တူရှယ်ယာဝင်ခြင်း၊လူမှုရေးစကားပြောခြင်းတို့ကောင်း၏။
(စလွယ်တင်၊ဝိဝါဟမင်္ဂလာအတွက် ယုဂ်နှင့်ဂရိုဏ်းမလွတ်ပါ)
၁၃၈၁-ခု တပို့တွဲလဆုတ်(၄)ရက် ဗုဒ္ဓဟူးနေ့ ယနေ့နံနက်(ရး၃၈)နာရီအတွင်း ဘုရားပင့်ဆောင်ခြင်း၊ အနေကဇာတင်၊ ရှင်ပြု၊နားသ၊
စေ့စပ်၊ လက်ထက်၊ ဆည်မြောင်း၊ တံတားပြုပြင်ခြင်း၊ လှေကားတင်၊ ကျောက်သွေးလောင်းခြင်းတို့ကောင်း၏။
၁၃၈၁-ခု တပို့တွဲလဆုတ်(၁၁)ရက် ဗုဒ္ဓဟူးနေ့ ယနေ့ဘုရားအနေကဇာတင်၊ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ဝိဝါဟမင်္ဂလာ၊
ထီထိုး၊ နာမည်မှည့်၊နံနက်စက်(၁၀)နာရီအတွင်း တိုင်ထူ၊ အုတ်မြစ်ချ စေတီပုထိုးပြုပြင်ခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ ရေတော်(၅)ခွက်ကပ်လှူ၊ ကြည်ပြာရောင်၊အစိမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်
ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။ရေလမ်းခရီးသွားခြင်းရှောင်ကျဉ်ပေးပါ။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့
(၅) ရက်နေ့ တနေ့လုံး ခရီးသွားကောင်း၏။
(၁၂) ရက်နေ့ ညနေ ၄း၅၆ မတိုင်မီ ခရီးသွားရှောင်သင့်၏။
(၂၆) ရက်နေ့ ည ၁၀း၁၃ နောက်ပိုင်း ခရီးသွားကောင်း၏။
အကျိုးပေးဂဏန်း - (၁.၅.၇)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - အိမ်ဘုရားမှာ ရွက်လှညွန့် အုန်းညွန့် (၇)ညွန့် ညောင်ရေအိုးထိုး၊ နွားနိုဆွမ်း ကပ်လှူမေတ္တာသုတ်ရွတ်ပွားပြီး လိုရာဆုတောင်းပါ။
နောက်ပြီး ဘုရားမှာ မိမိနေနံထောင့်ဂြိလ်တွင် ခရေညွန့်(၇)ညွန့်၊ အောင်သပြေ(၉)ညွန့်ကပ်လှူ၊ဖယောင်းတိုင် (၁၇)တိုင် အမွှေးတိုင် (၁၇)တိုင်ကပ်လှူပူဇော်ပါ။
ဆရာမင်းသူရ
Bedroom Accessories အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၄၆ ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...