သက်တမ်းကြာရှည်တဲ့ Relationships တစ်ခုကိုရရှိဖို့ ချစ်သူနှစ်ဦးစလုံး လိုက်နာသင့်တဲ့ အချက်များ...

သက်တမ်းကြာရှည်တဲ့ Relationships တစ်ခုကိုရရှိဖို့ ချစ်သူနှစ်ဦးစလုံး လိုက်နာသင့်တဲ့ အချက်များ... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို သက်တမ်းကြာရှည်တဲ့ Relationships တစ်ခုကိုရရှိဖို့

ချစ်သူနှစ်ဦးစလုံး လိုက်နာသင့်တဲ့ အချက်လေးတွေကို Myanmar Wedding Guide ကအကြံပြုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ချစ်သူစဖြစ်ကာစမှ ဖြစ်တတ်တဲ့အမှတ်တရလေးတွေကို နှစ်ဦးစလုံးသိမ်းဆည်းထားပါ။ဥပမာ First Date တုန်းက ဝတ်လာကြတဲ့ အင်္ကျ ီအရောင်လေးတွေကို မှတ်ထားတတ်ကြတာမျိုးပေါ့။

နောင်တစ်ချိန်ကျရင် ဒီအမှတ်တရလေးတွေနဲ့ နှစ်ဦးသားရဲ့အချစ်ကိုပြန်လည်လန်းဆန်းအောင်လုပ်နိုင်အောင်လို့ပါနော်။

ဘဝဟာ အမြဲတမ်း ပျော်စရာတွေပဲရှိနေတာမဟုတ်ဘူးဆိုတာသိလာမယ့်အချိန်မှာဆိုရင်တော့ အချိန်တွေကို တတ်နိုင်သမျှအတူတူကုန်ဆုံးရင်း အတွေးလေးတွေကိုပြောပြကြပါ။

တစ်နေ့တာအဆင်ပြေရဲ့လားမေးမယ်။သူရဲ့အဖြေတွေကိုလည်းစိတ်ဝင်တစားနားထောင်မယ်။နှစ်ယောက်တည်းလုပ်စရာလေးတွေ စဉ်းစားထားပါ။

လမ်းအတူတူလျှောက်တာလေးတွေ၊ ရုပ်ရှင်အတူတူကြည့်တာလေးတွေ လုပ်ပေးပါ။ ဒီလိုမျိုးလေးတွေအချိန်ပေးတာက နှစ်ဦးစလုံးအတွက် ရင်းနှီးမှုနဲ့နားလည်မှုကို ရရှိလာစေနိုင်ပါတယ်။

ကိုယ့်ရဲ့ချစ်သူအပေါ်ကို ခံစားချက်တော့ရှိနေသေးပေမယ့် သူနဲ့အတူအချိန်တွေအတူတူကုန်ဆုံးရတာက

အရင်ကလောက်စိတ်ဝင်စားစရာမကောင်းတော့ဘူးလို့ ခံစားလာရတဲ့အချိန်ဟာ ကိုယ့်ရွေးချယ်မှု မှန်မှမှန်ရဲ့လားလို့ပြန်တွေးမိတဲ့အချိန်ပါပဲ။

ဒီလိုအချိန်မျိုးမှာ လမ်းခွဲဖို့ပြတ်စဲဖို့ဆိုတာမျိုးထက် သူနဲ့အတူပျော်ခဲ့ဖူးတဲ့အချိန်တွေကို ပြန်စဉ်းစားကြည့်ပါ။ချစ်သူဖြစ်ကာစအချိန်လေးတုန်းကကြည်နူးမှုလေးတွေကို ပြန်အမှတ်ရကြည့်ပါ။

ဒီလိုခက်ခဲပင်ပန်းတဲ့ အချိန်အပိုင်းအခြားကိုအတူတူဖြတ်ကျော်သွားနိုင်ရင်တော့ နောက်ပိုင်းမှာအခက်အခဲကြီးကြီးမားမားမရှိနိုင်တော့ပါဘူးနော်။

ဒီအချိန်လေးမှာတော့ တစ်ယောက်ကိုတစ်ယောက် ကိုယ့်ရဲ့ Relationship အပေါ် တာဝန်ယူမှု၊တာဝန်ခံမှုတွေ အပြည့်အဝရှိနေပြီပဲဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာတွေ၊နားလည်မှုတွေ၊ယုံကြည်မှုတွေ ရှိနေပြီဖြစ်လို့ အရမ်းကိုပျော်စရာကောင်းတဲ့ Relationship လေးတစ်ခုဖြစ်နေပါပြီ။

နှစ်ဦးစလုံးရဲ့အားနည်းချက်၊အားသာချက်တွေကို နားလည်လက်ခံနိုင်နေကြပြီဖြစ်လို့လက်ရှိအနေအထားလေးကို နှစ်ဦးစလုံးအရမ်းသဘောကျနေရမှာသေချာပါတယ်နော်။

အားလုံးပဲသာယာပျော်ရွှင်တဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

Jewellery Shops ကျောက်မျက်ရတနာအရောင်းဆိုင် ၂၃၉  ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို သက္တမ္းၾကာရွည္တဲ့ Relationships တစ္ခုကိုရရွိဖို႔

ခ်စ္သူႏွစ္ဦးစလုံး လိုက္နာသင့္တဲ့ အခ်က္ေလးေတြကို Myanmar Wedding Guide ကအႀကံျပဳေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

ခ်စ္သူစျဖစ္ကာစမွ ျဖစ္တတ္တဲ့အမွတ္တရေလးေတြကို ႏွစ္ဦးစလုံးသိမ္းဆည္းထားပါ။ဥပမာ First Date တုန္းက ဝတ္လာၾကတဲ့ အက်ၤ ီအေရာင္ေလးေတြကို မွတ္ထားတတ္ၾကတာမ်ိဳးေပါ့။

ေနာင္တစ္ခ်ိန္က်ရင္ ဒီအမွတ္တရေလးေတြနဲ႔ ႏွစ္ဦးသားရဲ႕အခ်စ္ကိုျပန္လည္လန္းဆန္းေအာင္လုပ္ႏိုင္ေအာင္လို႔ပါေနာ္။

ဘဝဟာ အၿမဲတမ္း ေပ်ာ္စရာေတြပဲရွိေနတာမဟုတ္ဘူးဆိုတာသိလာမယ့္အခ်ိန္မွာဆိုရင္ေတာ့ အခ်ိန္ေတြကို တတ္ႏိုင္သမွ်အတူတူကုန္ဆုံးရင္း အေတြးေလးေတြကိုေျပာျပၾကပါ။

တစ္ေန႔တာအဆင္ေျပရဲ႕လားေမးမယ္။သူရဲ႕အေျဖေတြကိုလည္းစိတ္ဝင္တစားနားေထာင္မယ္။ႏွစ္ေယာက္တည္းလုပ္စရာေလးေတြ စဥ္းစားထားပါ။

လမ္းအတူတူေလွ်ာက္တာေလးေတြ၊ ႐ုပ္ရွင္အတူတူၾကည့္တာေလးေတြ လုပ္ေပးပါ။ ဒီလိုမ်ိဳးေလးေတြအခ်ိန္ေပးတာက ႏွစ္ဦးစလုံးအတြက္ ရင္းႏွီးမႈနဲ႔နားလည္မႈကို ရရွိလာေစႏိုင္ပါတယ္။

ကိုယ့္ရဲ႕ခ်စ္သူအေပၚကို ခံစားခ်က္ေတာ့ရွိေနေသးေပမယ့္ သူနဲ႔အတူအခ်ိန္ေတြအတူတူကုန္ဆုံးရတာက

အရင္ကေလာက္စိတ္ဝင္စားစရာမေကာင္းေတာ့ဘူးလို႔ ခံစားလာရတဲ့အခ်ိန္ဟာ ကိုယ့္ေ႐ြးခ်ယ္မႈ မွန္မွမွန္ရဲ႕လားလို႔ျပန္ေတြးမိတဲ့အခ်ိန္ပါပဲ။

ဒီလိုအခ်ိန္မ်ိဳးမွာ လမ္းခြဲဖို႔ျပတ္စဲဖို႔ဆိုတာမ်ိဳးထက္ သူနဲ႔အတူေပ်ာ္ခဲ့ဖူးတဲ့အခ်ိန္ေတြကို ျပန္စဥ္းစားၾကည့္ပါ။ခ်စ္သူျဖစ္ကာစအခ်ိန္ေလးတုန္းကၾကည္ႏူးမႈေလးေတြကို ျပန္အမွတ္ရၾကည့္ပါ။

ဒီလိုခက္ခဲပင္ပန္းတဲ့ အခ်ိန္အပိုင္းအျခားကိုအတူတူျဖတ္ေက်ာ္သြားႏိုင္ရင္ေတာ့ ေနာက္ပိုင္းမွာအခက္အခဲႀကီးႀကီးမားမားမရွိႏိုင္ေတာ့ပါဘူးေနာ္။

ဒီအခ်ိန္ေလးမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ကိုယ့္ရဲ႕ Relationship အေပၚ တာဝန္ယူမႈ၊တာဝန္ခံမႈေတြ အျပည့္အဝရွိေနၿပီပဲျဖစ္ပါတယ္။

တစ္ေယာက္ကိုတစ္ေယာက္ ခိုင္ၿမဲတဲ့ခ်စ္ျခင္းေမတၱာေတြ၊နားလည္မႈေတြ၊ယုံၾကည္မႈေတြ ရွိေနၿပီျဖစ္လို႔ အရမ္းကိုေပ်ာ္စရာေကာင္းတဲ့ Relationship ေလးတစ္ခုျဖစ္ေနပါၿပီ။

ႏွစ္ဦးစလုံးရဲ႕အားနည္းခ်က္၊အားသာခ်က္ေတြကို နားလည္လက္ခံႏိုင္ေနၾကၿပီျဖစ္လို႔လက္ရွိအေနအထားေလးကို ႏွစ္ဦးစလုံးအရမ္းသေဘာက်ေနရမွာေသခ်ာပါတယ္ေနာ္။

အားလုံးပဲသာယာေပ်ာ္႐ႊင္တဲ့ေန႔ရက္ေတြကိုရရွိပိုင္ဆိုင္ႏိုင္ၾကပါေစရွင္။

Jewellery Shops ေက်ာက္မ်က္ရတနာအေရာင္းဆုိင္ ၂၃၉  ဆုိင္ကုိရွာရန္ႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under