ဘဝလက်တွဲဖော်အစစ်အမှန်တွေမှာရှိတတ်တဲ့ အပြုအမူများ…
ဘဝလက်တွဲဖော်အစစ်အမှန်တွေမှာရှိတတ်တဲ့ အပြုအမူများ… google
အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ဘဝလက်တွဲဖော်အစစ်အမှန်တွေမှာရှိတတ်တဲ့ အပြုအမူလေးတွေကို ဖော်ပြပေးချင်ပါတယ်။
တကယ့်ဘဝလက်တွဲဖော်အစစ်တွေမှာရှိတတ်တဲ့အပြုအမူလေးတွေက ဘာတွေဖြစ်မလဲ။ဆောင်းပါးကိုဆက်ဖတ်ကြည့်ကြည့်ရအောင်ပါနော်။
၁။သင်ပြောသမျှကို သေချာနားထောင်ပေးတယ်။သင့်ရဲ့တစ်နေ့တာမှာ စိတ်မကောင်းဖြစ်စရာတွေပါနေရင်လည်းအကောင်းဆုံးနှစ်သိမ့်ပေးတတ်တယ်။
ဘဝလက်တွဲဖော်အစစ်တွေဟာဒီလိုနည်းနဲ့ ယုံကြည်မှုကိုတည်ဆောက်တတ်ကြပါတယ်။
၂။လက်တွဲဖော်အစစ်တွေဟာ နဖူးလေးကိုနမ်းတာမျိုး လို ချွဲနွဲ့တဲ့ အပြုအမူလေးတွေလည်းလုပ်တတ်ပါသေးတယ်။
ဒီလိုအပြုအမူလေးတွေပြုလုပ်တယ်ဆိုတာက သူ့ဘဝရဲ့အရေးကြီးတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်လေးလည်းဖြစ်ပါတယ်။
သင်နဲ့အတူရှိနေရတာ ပျော်ရွှင်တယ်ဆိုတာကို စကားနဲ့ထုတ်မပြောဘဲ အပြုအမူနဲ့ပြသတဲ့သဘောလည်းဖြစ်ပါတယ်နော်။
၃။ဘယ်လောက်ပဲချစ်သူဖြစ်ပါစေမတူတဲ့ရည်မှန်းချက်နဲ့အိမ်မက်တွေအတွက်ရှင်သန်ကြတာပါ။
သင့်ရဲ့လက်တွဲဖော်ဟာ သင့်ရဲ့ကိုယ်ပိုင်အချိန်ကို သူတစ်ယောက်တည်းအတွက် မသုံးစေဘဲ သင့်အိပ်မက်တွေအတွက်ရင်းနှီးမြုပ်နှံဖို့တွန်းအားပေးတတ်တယ်ဆို
သင်ဟာတကယ့်ကို ရင့်ကျက်တဲ့လက်တွဲဖော်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားတာပါ။
၄။ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သင်နဲ့အတူ မျှဝေခံစားပေးတတ်တဲ့ လက်တွဲဖော်ရှိထားပြီဆိုရင်လည်းလုံးဝလက်လွှတ်မခံပါနဲ့တော့နော်။
၅။သူ့မိသားစုအသိုင်းအဝိုင်းနဲ့ကိုယ့်ကိုမိတ်ဆက်ပေးဖို့ဝန်မလေးတတ်သူတစ်ယောက်ဖြစ်နေရင်တော့
သူ့ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တွေကို သင်နဲ့အတူဖြတ်သန်းသွားဖို့အဆင်သင့်ဖြစ်နေတဲ့ ချစ်သူကို သင်ပိုင်ဆိုင်နေရပါပြီ။
၆။သင့်ရဲ့ချစ်သူဟာ ဘယ်သူတွေနဲ့ပဲရှိနေရှိနေ သင့်လက်ကိုပဲ မြဲမြဲဆုပ်ကိုင်ပေးထားတတ်တဲ့လူတစ်ယောက်ဆိုရင်တော့
သင်ဟာ သင့်ရဲ့နံရိုးပိုင်ရှင် အစစ်အမှန်ကို ရှာတွေ့ပြီဆိုတဲ့ အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။
Reference:brightside
Flowers and Florist ပန်းအပြင်အဆင်ဆိုင်များကိုရှာရန်နှိပ်ပါ
Zawgyi ဖြင့်ဖတ်ရန်...
Reference:brightside
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under