ဂျစ်ပစီ သတိုးသမီးလေးရဲ့ လော်လီကားနဲ့တင်ရတဲ့ မင်္ဂလာဝတ်စုံကြီး

ဂျစ်ပစီ သတိုးသမီးလေးရဲ့ လော်လီကားနဲ့တင်ရတဲ့ မင်္ဂလာဝတ်စုံကြီး

အမျိုးသမီးတွေအတွက် မင်္ဂလာဆောင်ဆိုတာ တစ်သက်မှာ တစ်ခါဆောင်ရတဲ့ အခိုက်အတန့်လေးပါ ဒီတစ်ခါမှာတော့ အမေရိကန်နိုင်ငံ စိန့်လူးဝစ်မှ သတိုးသမီးလေးက သူ့ရဲ့ မင်္ဂလာဝတ်စုံကြီးကို သူမ အိမ်မက်ထဲကအတိုင်း အဖြူရောင် ဖားဖား ဂါဝန်ကြီးကို ဝတ်စဉ်ခဲ့ပါတယ် ထိုဂျစ်စီဂါဝန်ကြီးက ကြီးလွန်းသဖြင့် ၅၃ ပေ လော်လီကားနဲ့ တောင်သယ်ဆောင်ခဲ့ရပါတယ်တဲ့။

 

အဆိုပါ ဂါဝန်ကြီး ယာယီ တဲတစ်လုံးစာ နီးနီး ရှိပြီး ၆ ပေကျော်နီးနီပတ်လည်ရှိကာ ၁၅ ပေ အရှည်အနောက်ကို ရှည်ထွက်လို့နေတယ်သိရပါတယ်။သတိုးသမီးလေးကတော့ ဒီဝတ်စုံကို ဝတ်ဆင်တာက သူမရဲ့ ချစ်သူ လေးပေါ်သူမချစ်ကြောင်း အချစ်တွေကို ပြသ သလို ခံယူထားတယ်ဆိုကာပြောပြသွားပါတယ်။

 

စင်ဒရဲလားထဲကလို ဖရုံသီးတွေပါ လော်လီကားပေါ်ထည့်ထားပြီး တကယ့်ကို နတ်သမီးလေး အလား မြင်နေရတယ်သိရပါတယ်။ထို့အပြင် သူမရဲ့ အဖေဖြစ်သူက သူမကို သူမယောက်ျားလက်ထဲထည့်ပေးစဉ်မှာ အတော်လေး စိတ်လှုပ်ရှားစရာဖြစ်ပြီး ငိုချင်သလိုတောင်ဖြစ်ပါတယ်တဲ့။

 

ကဲ ... ဂါဝန် လှလှကြီး နဲ့ ဂျစ်ပစီ သတို့သမီးလေးရဲ့ မင်္ဂလာဆောင်ကို ရှု့စားလိုက်ရအောင် ....

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------------

 


 


 


 


 

 

Read times Last modified on Thursday, 25 June 2020 11:19
Rate this item
(0 votes)
Tagged under