ယောက်ျားတစ်ယောက်က သင့်အပေါ်ချစ်လာပြီဆိုရင်

ယောက်ျားတစ်ယောက်က သင့်အပေါ်ချစ်လာပြီဆိုရင်

အချစ်ဆိုတဲ့ စကားလုံးလေးက ပြောရင်သာလွယ်တာ သူ့မှာ အရေးကြီးတဲ့ အရာတွေ အများကြီးရှိတယ် သင့်အနေနဲ့ သင့်နဲ့ သင့်တော်တဲ့ လူတစ်ယောက်နဲ့ တွေ့မှသာ လျှင် အချစ်ကို သင်ကောင်းမွန်စွာ မြင်တွေ့လာမှာပါ။

သင့်ကိုသူဂရုစိုက်လိမ့်မယ် - ပထမဦးစွာ သင့်ကို ယောက်ျားတစ်ယောက်က တကယ်ချစ်ပြီဆို သင့်ကိုပဲ သူ့ရဲ့ အာရုံစူးစိုက်မှု့တွေအားလုံးကို သူပေးထားတယ်။သင်နဲ့ ပတ်သက်သမျှ ကိစ္စ ရပ်သေးသေးလေးတွေက အစ သူသိနေမယ်။သူက သင့်ကိုပဲ အာရုံစိုက်တာကိုး သူ့ဖုန်းကို သင်ရှိနေရင်ပစ်ထားနိုင်မယ် သူကြည့်နေတဲ့ အက်ရှင်ကားကြမ်းကြမ်းတွေကို သူကြည့်နေရင်းတောင် သင်က လှမ်းခေါ်ရင်သူလုပ်နေတဲ့ အရာကို ပစ်ထားခဲ့လိမ့်မယ်။

 

သင့်ကိုသူအလိုလိုက်လိမ့်မယ် - သင်က ပစ္စည်းလေးတစ်ခုခု လိုချင်တယ်ပြောထားတယ်ဆိုပါစို့ သူဝယ်ပေးနိုင်ရင် ချက်ချင်းဝယ်ပေးလိမ့်မယ် မဝယ်ပေးနိုင်လည်း မှတ်ထားပြီး သူဝယ်ပေးနိုင်တဲ့ အချိန်မှာ သင်မသိအောင် သူဝယ်ပြီးလာပေးတာမျိုးတွေလုပ်တတ်တယ်။

 

သင့်အကြောင်းသူအမြဲစဉ်းစားနေသင့်တယ် - သူအမြဲ သင့်ကို ချစ်စရာ အပြုအမှုလေးတွေလုပ်တတ်တယ် သင့်ကိုစိတ်ချမ်းသာအောင်ထားတတ်တယ်။သင်နဲ့ ဝေးကွာနေရင်တောင် သူက သင့်နဲ့ ပျော်ခဲ့ဖူတဲ့ အချိန်လေးတွေကို ပြန်လည်တွေးတော နေတတ်တယ် ။သင့်ကို သတိရကြောင်း စာလေးတွေသူ့သင့်ကို ဖတ်လိမ့်မယ်။

 

အဆိုပါအချက်လေးတွေနဲ့ ပြည့်စုံနေရင်တော့သင်သေချာပါပြီ သင့်ကို သူက အတော်လေး ချစ်နေလို့ပါပဲ။သင့်အနေနဲ့ပျော်လိုက်ပါတော့ အနည်းဆုံးတော့ သင့်ကိုသူစိတ်ထဲရှိနေပါပြီ။

Read times Last modified on Thursday, 25 June 2020 18:02
Rate this item
(0 votes)
Tagged under